TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211248 295
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် အဆောက်အဦဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် တည်ဆောက် ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မော်လမြိုင် အောက်တိုဘာ ၈

မွန်ပြည်နယ်တွင် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေဖြင့် အဆောက်အဦ ဦးစီးဌာနမှ  တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့မွန်လွဲပိုင်းက အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃) တာဝန်ယူတည်ဆောက်သည့် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ မောင်ငံရပ်ကွက်၊  မြို့ပြနှင့် အိမ်ယာဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊  (၁ဝ၂ပေ × ၅၄ပေ) အရာထမ်းငယ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းအား  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကြည့်စစ်ရှုဆေးစဉ် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃)မှ တာဝန်ရှိသူမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်အလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍  ပြည််နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ သမဝါယမ ဦးစီးဌာန၊ RC (၂ထပ်) (၆ဝx၁၆) ပေ အဆောက်အဦ တည်ဆောက်နေမှုအား လည်းကောင်း၊ သာယာအေးရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာန (၅၇'-၆"x၅၄'-၀") RC(၄) ခန်းတွဲ (၃) ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ အရည်အသွေး ထိန်းသိမ်းရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကာ အဆောက်အဦများ ရေရှည်ခိုင်ခန့်ရေးနှင့် စနစ်တကျ ထိန်းသိမ်းမှု ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)

https://t.me/iprdrnd/211248

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
More from @iprdrnd
  1. Oct 8, 2026ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြ…
  2. Oct 8, 2026ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့သည် အတူတကွ မော်တော်ယာဉ်စီးနင်းလိုက…
  3. Oct 8, 2026မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများနှင့် မိသားစုဝင်များအနေဖြင့် မိ…
  4. Oct 8, 2026မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့အနေဖြင့် စို…
  5. Oct 8, 2026မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကစပြီး BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ဆောင…
  6. Oct 8, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →