TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211327 72
မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကစပြီး BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်နေသည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းကို ပြောကြားလိုပါကြောင်း၊ မိမိတို့၏ ယနေ့တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးကို ပိုမိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ၁၉၅၈ ခုနှစ်တွင် သံတမန်အဆက်အသွယ် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည့်အတွက် ၆၈ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပြီး လာမည့် ၂၀၂၈ ခုနှစ်တွင် နှစ်(၇၀)ပြည့်မြောက်တော့မည် ဖြစ်ပါကြောင်း၊ ထို့အတွက်လည်း ထူးခြားလေးနက်သည့် အထိမ်းအမှတ်အခမ်းအနားများပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ရန် အဆိုပြုလိုပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတစ်လျှောက်တွင် မိမိတို့နှစ်နိုင်ငံအကြား ရင်းနှီးသည့်ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြပါကြောင်း၊ အိမ်နီးချင်းမဟုတ်သော်လည်း ကိုလိုနီလက်အောက်တွင် အတူနေခဲ့ဖူးကြပြီး အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံများ အဖြစ်နီးကပ်သည့်ဆက်ဆံရေးရှိခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအဖြစ် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည့် မိတ်ဖက် နိုင်ငံများလည်း ဖြစ်ကြပါကြောင်း။
 
မိမိတို့အစိုးရအနေဖြင့် မလေးရှားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားလိုကြောင်းကို အသိပေးလိုပြီး ကွာလာလမ်ပူမြို့တွင် သံရုံးဖွင့်လှစ်ထားကာ မလေးရှားရောက် မြန်မာနိုင်ငံသားများ၏အကျိုးကို ကူညီဆောင်ရွက်ပေးနေသကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်စေရန်အတွက်လည်း အထူးအလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း။
 
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသားများအတွက် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် အထွေထွေရွေးကောက် ပွဲအောင်မြင်စွာ ပြုလုပ်ခဲ့ပါကြောင်း၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်အစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိရာ ယခုအခါ တတိယအကြိမ် မြောက်အစည်းအဝေး ကျင်းပလျက်ရှိပြီး ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်သူ့အကျိုး ဖော်ဆောင်မည့်ဆွေးနွေးမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အရှိန်အဟုန်နှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်နေပါကြောင်း။
 
မိမိတို့နှစ်နိုင်ငံအကြား လေကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး၊ အခွန်နှစ်ထပ်စည်းကြပ်မှု ရှောင်ရှားရေးနှင့် ရာဇဝတ်မှုဆိုင်ရာ အပြန်အလှန်ဥပဒေအကူအညီပေးရေး စသည့်နယ်ပယ်များတွင် သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာများ ချုပ်ဆိုထားပြီး ဖြစ်ပါကြောင်း၊ ယခုသဘောတူညီချက်များကို အခြေခံပြီး နှစ်နိုင်ငံအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် နယ်ပယ်များကို ဆက်လက်ရှာဖွေသွားလိုပါကြောင်း။
 
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိခဲ့ပြီး မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ အဆင့် ၄ နှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ၊ ဒေသပေါင်း ၄၈ ခုအနက် မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် ၉ ရှိနေသည်ကို သိရှိရပါကြောင်း၊ နှစ်နိုင်ငံအကြားပူးပေါင်းပြီး စီးပွားရေးဖိုရမ်များ၊ B2B မိတ်ဆက်ပွဲများ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးအသိပညာ ဖလှယ်ပွဲများ၊ သုတေသနလုပ်ငန်းများပူးပေါင်း ဆောင်ရွက်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အတွက် နိုင်ငံတကာဈေးကွက် ဝင်ရောက်မှုများအတွက် အတွေ့အကြုံမျှဝေခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်သွားလိုပြီး မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် ကုန်စည်ပြပွဲများတွင်လည်း ပါဝင်ပြသသွား လိုပါကြောင်း၊ ထို့အပြင် နှစ်နိုင်ငံအကြား ဒီဂျစ်တယ်ကုန်သွယ်ရေးနှင့် အွန်လိုင်းပလက်ဖောင်းမြှင့်တင်ရေး ဆောင်ရွက်မှု (E-commerce and Digital Promotion Platform)များအပေါ် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ်လျက်ရှိရာ မလေးရှားနိုင်ငံမှ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း။
 
ယမန်နေ့က ပြုလုပ်ခဲ့သည့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ လယ်ယာနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပြီး SEZ ၊ MSME နှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးခဲ့ပါကြောင်း။
More from @iprdrnd
  1. Oct 9, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက်…
  2. Oct 8, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက်…
  3. Oct 8, 2026တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိူင်ကစား၊ ဂျူဒိုပြိုင်ပွဲတွင် ရွ…
  4. Oct 8, 2026ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသည့် မြို့ရွာရပ်ကွက်များ၌ နုန်းများ အမှိုက်များ ဖ…
  5. Oct 8, 2026တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့်နေ…
  6. Oct 8, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယအပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →