TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211328 56
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုကဏ္ဍများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မလေးရှားနိုင်ငံသည် သုတေသနလုပ်ငန်းများစွာ အတွေ့အကြုံရှိသည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုတေသနနယ်ပယ်များကို ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း။
 
ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးလို ပြီး မိမိတို့နိုင်ငံ၏ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့သည် မလေးရှား Multimedia University နှင့် MoU အသီးသီးချုပ်ဆိုပြီး ပညာရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း။
 
သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အထူးသဖြင့် နည်းပညာ၊ ကွန်ပျူတာနှင့် Polytechnic တက္ကသိုလ်များအကြား ကျောင်းသားဖလှယ်ရေး အစီအစဉ်များ၊ ဘွဲ့ယူစာတမ်းနှင့် သုတေသန ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားလိုပါကြောင်း။ ထို့အပြင် ပူးတွဲအလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းအားဖြင့် နှစ်နိုင်ငံလုံး၏ သုတေသနနှင့် ပညာရေးအဆင့်အတန်းကို အတူတကွ မြှင့်တင်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
 
ကျန်းမာရေးကဏ္ဍတွင်လည်း မြန်မာ-မလေးရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများစွာရှိပါကြောင်း။ မလေးရှားနိုင်ငံတွင် လာရောက်လုပ်ကိုင်နေကြသည့် မြန်မာဆရာဝန် များစွာရှိခဲ့သကဲ့သို့ မလေးရှားနိုင်ငံ၏ ဆေးပညာအဆင့်အတန်းမြင့်မားမှုနှင့် ဈေးနှုန်းသင့်တင့်မှုတို့ကြောင့် မြန်မာနိုင်ငံသားများစွာသည်လည်း မလေးရှားနိုင်ငံတွင် ဆေးကုသမှုခံယူရန် ရွေးချယ်လာကြပါကြောင်း၊ ထို့ကြောင့် မြန်မာ–မလေးရှား နှစ်နိုင်ငံအနေဖြင့် ဆေးရုံနှင့်ဆေးခန်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ကျန်းမာရေးနည်းပညာနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး စသည့် အပိုင်းများတွင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်ကို တွေ့ရပါကြောင်း။
 
မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပြီး စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ပထဝီဝင်အရ နီးကပ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်မည့် အလားအလာများလည်း များစွာရှိပါကြောင်း။
 
အခါအခွင့်ကြုံခိုက်တွင် မြန်မာနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် Zero Tolerance မူ ချမှတ်ပြီး ဆောင်ရွက်နေမှုများကို အသိပေးမျှဝေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်တွင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည့်အတွက် အွန်လိုင်းလိမ်လည်မှုများကို ထိထိရောက်ရောက် ပြစ်ဒဏ်စီရင်ပြီး တားဆီးနှိမ်နင်းနိုင်တော့မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ရှင်းလင်းခြင်း၊ သိမ်းဆည်းရမိပစ္စည်းများကို စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အဦများကို စနစ်တကျဖြိုချဖျက်ဆီးခြင်းတို့ကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
 
အလားတူ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကဏ္ဍနှင့် ပတ်သက်ပါကလည်း မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (Central Committee for Drug Abuse Control – CCDAC) က မလေးရှားနိုင်ငံ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ (National Anti-Drugs Agency – NADA)၊ မလေးရှား တော်ဝင် ရဲအဖွဲ့ (Royal Malaysia Police – RMP) တို့နှင့် အပြန်အလှန်သတင်းဖလှယ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုများသည် မြန်မာအစိုးရ၏ အုပ်ချုပ်မှုနှင့်အလှမ်းကွာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြီးစိုးနေသည့် နယ်စပ်ဒေသများတွင် အဓိကဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌သာမက ဒေသတွင်းနိုင်ငံများအပေါ်၌ပါ ဆိုးကျိုးများ သက်ရောက်မှုရှိသည့် နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်သည့်အတွက် တစ်နိုင်ငံတည်းက ကိုင်တွယ်ဖြေရှင်း၍မရဘဲ ဒေသ တွင်း နိုင်ငံများအကြား သတင်းအချက်အလက်များ မျှဝေခြင်းနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်မှသာ ပြဿနာများ ပြေလည်မည်ဖြစ်ပါကြောင်း။
More from @iprdrnd
  1. Oct 9, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက်…
  2. Oct 8, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက်…
  3. Oct 8, 2026တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိူင်ကစား၊ ဂျူဒိုပြိုင်ပွဲတွင် ရွ…
  4. Oct 8, 2026ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသည့် မြို့ရွာရပ်ကွက်များ၌ နုန်းများ အမှိုက်များ ဖ…
  5. Oct 8, 2026တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့်နေ…
  6. Oct 8, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယအပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →