TGViewer
Channel Public Channel
Myanmar Newspapers

Myanmar Newspapers

@myanmarnewspaper

Subscribers
14K
Photos
176K
Videos
55
Links
41.7K
Recent Posts 20 shown
Post #243676 160

Forwarded from MRTV

အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် သမိုင်းဝင် အာရှရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သော မြန်မာ့လက်ရွေးစင် MLBB Esports အသင်းအား ကြိုဆို
  • ❤ 2
Post #243675 293
လျှပ်စစ်စွမ်းအင် အရင်းအမြစ်များ ခိုင်မာစွာ တည်ရှိနေခြင်းသည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကကျသော အခြေခံအုတ်မြစ် ဖြစ်သည့်အလျောက် စက်မှုဇုန်အသစ်များ တည်ထောင်ခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် နည်းပညာအခြေခံလုပ်ငန်းများ တိုးချဲ့လာခြင်းတို့ကို ဖြစ်ပေါ်စေကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လာစေရန် အထောက်အကူပြုမည် ဖြစ်ပါသည်။

ထိုကဲ့သို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့် စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ တိုးပွားလာခြင်းကြောင့် နိုင်ငံတော်အတွက် ဘက်စုံမှ အကျိုးကျေးဇူးများ ဖြစ်ထွန်းလာစေပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေနှင့် ဝင်ငွေတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုစေမည် ဖြစ်ပါသည်။ စီမံကိန်းများမှ ရရှိလာမည့် အခွန်အကောက်များ၊ ဝင်ငွေခွဲဝေမှုများနှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လာမှုတို့ကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်ဝင်ငွေများ သိသာထင်ရှားစွာ တိုးတက်လာမည်ဖြစ်ကာ တိုင်းပြည်တည်ဆောက်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ငွေကြေးအရင်းအနှီးများကို ပိုမိုတိုးမြှင့် သုံးစွဲနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရ၏ ဦးစားပေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လက်တွေ့ဘဝတွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းလာစေရန်အတွက် စီးပွားရေးနှင့် စွမ်းအင်ဆိုင်ရာ အောင်မြင်တိုးတက်မှုများမှာ အဓိက မောင်းနှင်အားပင် ဖြစ်ပါသည်။ တည်ငြိမ်လုံလောက်သော စွမ်းအင်စနစ်၊ စဉ်ဆက်မပြတ် ဝင်ရောက်လာမည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတော်ဝင်ငွေတိုးတက်မှုတို့ ဟန်ချက်ညီညီ ပေါင်းစပ်သွားခြင်းအားဖြင့် နိုင်ငံတော်၏ မျှော်မှန်းချက်ပန်းတိုင်များကို အပြည့်အဝအကောင် အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများကို အဆင့်အတန်းမြင့်မားစွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်ဆီသို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် ဆိုရသော် နိုင်ငံတော်အနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလွဲမသွေ လိုအပ်လျက်ရှိသော စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးနှင့် နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို အထူးစာနာထောက်ထားကာ နောင်လာမည့် မျိုးဆက်သစ်တို့အတွက် အမွေအနှစ်တစ်ရပ်အဖြစ် အလေးထားကာကွယ် စောင့်ရှောက်ရေး ဟူသော ရည်မှန်းချက်နှစ်ရပ်ကို တစ်သားတည်းဖြစ်စေကာ ဟန်ချက်ညီညီ ထင်ဟပ်မိလျက် အစဉ်တစိုက် မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အထူးသဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကဲ့သို့သော မဟာစီမံကိန်းကြီးများကို ရှုမြင်သုံးသပ်ရာတွင် နိုင်ငံတော်၏ အနာဂတ်အကျိုးစီးပွား၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကျိုးဆက်များကို ဘက်ပေါင်းစုံမှ စေ့စေ့စပ်စပ် ခြုံငုံသုံးသပ်လျက် စဉ်းစားတွေးခေါ်ကာ အမြော်အမြင်ကြီးမားစွာဖြင့် ဦးဆောင်အကောင်အထည်ဖော်လျက် ရှိပေသည်။

သို့ဖြစ်ပါ၍ အားလုံးပါဝင်သည့် ပွင့်လင်းမြင်သာသော ဆွေးနွေးတိုင်ပင်မှုများ၊ ခေတ်မီနည်းပညာသုံး ပတ်ဝန်းကျင်ကာကွယ်မှုများနှင့် တရားမျှတသော အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစွာ အခြေခံလျက် နိုင်ငံနှင့်ပြည်သူ နှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းခရီးနှင့် ရေရှည်တည်တံ့သော စွမ်းအင်မဟာဗျူဟာကို ဖော်ဆောင်နိုင်ရန်အတွက် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်မဟာစီမံကိန်းကြီးကို ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို အမှန်တကယ်ရှေးရှုလျက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါစို့ဟု လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ ။

https://t.me/myanmarnewspaper/243673

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 2
Post #243674 242
ထို့ပြင် ကျေးလက်ဒေသများအထိပါ လျှပ်စစ်မီးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝ အရည်အသွေးများ မြင့်မားလာကာ ပညာရေး၊ ကျန်းမာရေးနှင့် ခေတ်မီနည်းပညာသုံး စီးပွားရေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။
စီမံကိန်းကို ဒေသတွင်းနိုင်ငံများနှင့် ရေရှည် အကျိုးတူ ပူးပေါင်းတည်ဆောက်ခြင်းသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများကို တိုးမြှင့်ရှာဖွေပေးနိုင်ရုံသာမက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုပါ ဖိတ်ခေါ်နိုင်သည့် အလားအလာကောင်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဖက်နိုင်ငံများနှင့် နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်များကို အနီးကပ်ချိတ်ဆက် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ စီးပွားရေး အခြေခံအဆောက်အအုံများကို ခေတ်မီဆန်းသစ်လာစေရန် အကောင်းဆုံး အထောက်အကူပြုမည် ဖြစ်ပါသည်။

ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံပြည်သူများ၏ အကျိုးစီးပွားနှင့် လူမှုဖူလုံရေးကို ဦးစားပေးလုပ်ဆောင်ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးသော အုတ်မြစ်တစ်ခု ဖြစ်ပါသည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ဒေသခံပြည်သူများ အထူးသဖြင့် ကချင်ပြည်နယ်အတွက် ခေတ်မီ အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသောသောက်သုံးရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပါဝင်ကောင်းမွန်သည့် ပြန်လည်နေရာချထားရေး အစီအမံများကို အပြည့်အဝ ခံစားရရှိစေမည် ဖြစ်ပါသည်။

ထို့ပြင် ဒေသခံတို့၏ ရိုးရာအသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လေးစားတန်ဖိုးထားသည့်အပြင် ခေတ်မီစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများကိုပါ ပံ့ပိုးဖန်တီးပေးခြင်းဖြင့် ဒေသခံတို့၏ လူမှုဘဝလုံခြုံရေးနှင့် အနာဂတ်အတွက် ခိုင်မာသော အာမခံချက်များကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။ စီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်များနှင့် လျှပ်စစ်စွမ်းအင်များကို ဒေသခံပြည်သူများက ဦးစားပေး ခံစားခွင့်ရရှိစေမည့် “အကျိုးတူပူးပေါင်းဆောင်ရွက်မှု” စနစ်များကို ရှင်းလင်းခိုင်မာစွာ ဖော်ထုတ်ကျင့်သုံးသွားမည်ဖြစ်ပြီး ဝင်ငွေအချို့ကို ဒေသတွင်း ရေရှည်ဖွံ့ဖြိုးရေး ရန်ပုံငွေများအဖြစ် သတ်မှတ်ကာ ဒေသခံများ၏ လူမှုဖူလုံရေးနှင့် မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးရန်ပုံငွေများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံပေးနိုင်မည်ဖြစ်ပါသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း အောင်မြင်စေရန်အတွက် လွတ်လပ်သော ပညာရှင်များ၏ သိပ္ပံနည်းကျ သုံးသပ်ချက်များနှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးမှုများကို စနစ်တကျ အကောင်အထည်ဖော်ရန် နိုင်ငံတော်က အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းဧရိယာ၏ တည်နေရာအနေအထား၊ ဘူမိဗေဒဆိုင်ရာ အချက်အလက်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ဘက်လိုက်မှုကင်းစင်သော ပြည်တွင်း ပြည်ပ ဘူမိဗေဒပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူများနှင့် လွတ်လပ်သော သုတေသီများ ပါဝင်သည့် အဖွဲ့စုံတို့က သိပ္ပံနည်းကျ တိကျသေချာစွာဖြင့် စိစစ်လေ့လာဆန်းစစ်နိုင်ရေး အခိုင်အမာ လုပ်ဆောင်ထားပြီး ဖြစ်ပါသည်။

ထို့ပြင် ဒေသတွင်းတည်ရှိသည့် မြစ်ကြီးနားတက္ကသိုလ်မှ ဘူမိဗေဒပညာရှင်များ၊ သုတေသီများနှင့် ပညာရှင်အဖွဲ့အစည်းများအနေဖြင့်လည်း ဒေသန္တရ ဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ ရေမြေအနေအထားနှင့် သဘာဝပတ်ဝန်းကျင်သက်ရောက်မှု လေ့လာဆန်းစစ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိရာ ဒေသအခြေပြု သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများနှင့် စိစစ်သုံးသပ်ချက်များအတွက် အဓိကကျသော အသိပညာအထောက်အကူပြု အခန်းကဏ္ဍမှ အခိုင်အမာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ဆွေးနွေးတိုင်ပင်မှုဖြင့် စီမံကိန်းအတွက် သဘောတူညီချက်များ ရရှိစေနိုင်မည်

ထို့အတူ စီမံကိန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို သက်ဆိုင်သူအားလုံးထံသို့ ပွင့်လင်းမြင်သာစွာ ချပြခြင်းနှင့် ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သော လူထုတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ပြည်သူလူထု၏ သံသယများကို ထိရောက်စွာ ဖြေလျှော့ပေးလျက်ရှိပါသည်။ ဤကဲ့သို့ အားလုံးပါဝင်သည့် ပွင့်လင်းမြင်သာသော ဆွေးနွေးတိုင်ပင်မှုစနစ်ကို ကျင့်သုံးခြင်းအားဖြင့် စီမံကိန်းအတွက် အကောင်းဆုံးသော သင့်မြတ်သည့် သဘောတူညီချက်များကို ရရှိစေနိုင်မည်ဖြစ်ပါသည်။

ကြီးမားသော စွမ်းအင်မဟာစီမံကိန်းကြီးများကို အကောင်အထည်ဖော်ခြင်းသည် မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လမ်းခရီးနှင့် ရေရှည်တည်တံ့သော စွမ်းအင်မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကိုပါ ဆွဲဆောင်လာနိုင်မည် ဖြစ်ပါသည်။
  • ❤ 1
Post #243673 138
မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းခရီးနှင့် ရေရှည်တည်တံ့သော စွမ်းအင်မဟာဗျူဟာ

ကောင်းပြည့်

မိမိတို့နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလမ်းခရီးတွင် လျှပ်စစ်ကဏ္ဍသည် အသက်သွေးကြောကဲ့သို့ အလွန်အမင်း အရေးပါလျက်ရှိကာ ရေရှည်တည်တံ့သော စွမ်းအင်လိုအပ်ချက်များကို ဖြေရှင်းရာတွင် ရေအားလျှပ်စစ်ကဏ္ဍသည် အသင့်တော်ဆုံးနှင့် အကောင်းဆုံးသော မဟာဗျူဟာမြောက် အဖြေတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူချိန်မှ စတင်၍ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရရှိရေး”နှင့် “ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဆိုသည့် ဦးစားပေး ရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက်ရှိရာတွင် ဤစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အဓိက မောင်းနှင်အားတစ်ခုအဖြစ် အခိုင်အမာ တည်ရှိနေပါသည်။

နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်ကြီးများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းငယ်များအပြင် ပြည်သူတစ်ရပ်လုံး၏ နေ့စဉ်ဘဝလှုပ်ရှားမှုများအတွက် တည်ငြိမ်ပြီး လုံလောက်သော လျှပ်စစ်စွမ်းအင်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရေးသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်ဆိုင်ကျော်ဖြတ်ရမည့် အဓိကကျပြီး အရေးအကြီးဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပေရာ ဤမဟာဗျူဟာမြောက် လိုအပ်ချက်များကို ဉာဏ်ပညာရှိရှိဖြင့် ဟန်ချက်ညီညီ ဖော်ဆောင်သွားရန် အထူးပင် လိုအပ်ပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးက အလွန်အရေးကြီးပါသည်။

နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အား အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်

ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသည် ရေရှည်စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်ရန် အရေးကြီးသဖြင့် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကာ ဧရာဝတီမြစ်ကြီးပေါ်တွင်လည်း ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေး လေ့လာမှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည် ဖြစ်ပါသည်။ ထို့ပြင် မြစ်ဆုံစီမံကိန်းအပါအဝင် လျှပ်စစ်စီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ပါက နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင့်အတန်း မြင့်မားစေမည် ဖြစ်ပါသည်။

နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ် ဓာတ်အားများကို ရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ရှာဖွေရာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနှင့် နျူကလီးယားစွမ်းအင်သုံး လုပ်ငန်းများကိုပါ ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း သိရပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ပြည့်မီစေရန်အတွက် ၆၆၀ မဂ္ဂါဝပ်အထိ ထွက်ရှိမည့်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အနည်းဆုံးဖြစ်စေမည့် အဆင့်မြင့်ပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ငါးနှစ်အတွင်း အဆင့်လိုက် တည်ဆောက်သွားမည့်အပြင် နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်၏ စက်မှုလက်မှုကဏ္ဍ သိသာထင်ရှားစွာ မြင့်မားလာစေရန်နှင့် မြို့ပြဒေသများသာမက ဝေးလံခေါင်သီသော ကျေးလက်ဒေသများပါ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သန့်ရှင်းပြီး စွမ်းအားပြည့်ဝသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပါ။ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီပြီး ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ်ကဲ့သို့သော စွမ်းအင်အရင်း အမြစ်များကို စနစ်တကျဖော်ထုတ်အသုံးချသွားခြင်း အားဖြင့် နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် ရေရှည် တိုးတက်မှုကို အဓိကကျောရိုးသဖွယ် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မည် ဖြစ်ပါသည်။

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်မီအင်ဂျင်နီယာ နည်းပညာများ၊ အဆင့်မြင့်စံချိန်စံညွှန်းများနှင့် နိုင်ငံတကာအတွေ့အကြုံများကို အပြည့်အဝ အသုံးချနိုင်ရန်အတွက် မိတ်ဖက်နိုင်ငံများနှင့် ကျွမ်းကျင်ပညာရှင်များ အဖွဲ့အစည်းများက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရေရှည် တည်တံ့ခိုင်မြဲမည့် အောင်မြင်သော စီမံကိန်းတစ်ခု ဖြစ်လာစေရန် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို အကောင်းဆုံး ဦးတည်လျက်ရှိပါသည်။

ဤကဲ့သို့သော ကြီးမားသည့် စွမ်းအင်စီမံကိန်းကြီးများမှ အောင်မြင်စွာထွက်ရှိလာမည့် ဓာတ်အားများသည် နိုင်ငံတော်၏ ပြည်တွင်းစွမ်းအင်လုံခြုံရေးကို ရေရှည်ခိုင်မာစေမည့် အဓိက အုတ်မြစ်တစ်ခုအဖြစ်သို့ ရောက်ရှိစေမည် ဖြစ်ပါသည်။ စက်မှုဇုန်ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိဘဲ စဉ်ဆက်မပြတ် ချောမွေ့စွာ လည်ပတ်လာနိုင်ခြင်းအားဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ နိုင်ငံတကာဈေးကွက်များနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်းများကိုပါ အပြည့်အဝ ပိုင်ဆိုင်လာစေမည် ဖြစ်ပါသည်။

ခေတ်မီနည်းပညာသုံး စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်
  • ❤ 1
Post #243672 184
အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များ၊ ကလေးသူငယ်များ၏ ကျန်းမာရေးကို အထူးဂရုပြုသင့်ပါသည်။ အပူဒဏ်ကြောင့် ဝေဒနာခံစားရပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူသင့်ပါသည်။ အပူချိန်မြင့်တက်မှုကြောင့် ရေရှားပါးမှု ဖြစ်ပေါ်နိုင်၍ သောက်သုံးရေ၊ စိုက်ပျိုးရေများ ဖူလုံအောင် ကြိုတင်စုဆောင်းထားသင့်ပါသည်။ ထို့ပြင် မီးလောင်ကျွမ်းခြင်းများ မဖြစ်စေရန် သတိပြုကြရပါမည်။

စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် ဆောင်းရာသီတွင် အအေးပိုခြင်းစသည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များလည်း ဖြစ်ပွားနိုင်ပါသည်။ မြန်မာနိုင်ငံတွင် နာဂစ်၊ မိုခါ၊ ရာဂီမုန်တိုင်းကဲ့သို့ ပြင်းထန်သည့် မုန်တိုင်းဒဏ်များကို ခံစားခဲ့ကြရဖူးပါသည်။ မုန်တိုင်းအန္တရာယ်ကြောင့် စည်းစိမ်ဥစ္စာများ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများနှင့် ပြည်သူတို့၏ အသက်ဆုံးရှုံးမှုများလည်း ခံစားခဲ့ကြရပါသည်။

မုန်တိုင်းသတင်း သိရှိရပါက မဖြစ်ပွားမီကပင် နေအိမ်ကြံ့ခိုင်မှုနှင့် နေအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများကို စစ်ဆေးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ဘေးအန္တရာယ်ကြုံတွေ့ရပါက မိသားစုအရေးပေါ်ရွှေ့ပြောင်းရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်၍ မိသားစုဝင်များကို အသိပေးထားခြင်း၊ အရေးပေါ်သုံးပစ္စည်း၊ ဆေးဝါးများနှင့် အရေးပေါ် အသက်ကယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားခြင်းများ ဆောင်ရွက်ထားရပါမည်။ မုန်တိုင်းဗဟိုဖြတ်သန်းချိန်တွင် ခေတ္တလေငြိမ်တတ်သော်လည်း မကြာမီအချိန်အတွင်း ဆန့်ကျင်ဘက်အရပ်မှ ပိုမိုပြင်းထန်သည့်လေများ တိုက်ခတ်နိုင်သည်ကိုလည်း သတိပြုကြရပါမည်။ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်သည်အထိ ဘေးကင်းလုံခြုံသော နေရာတွင်သာ နေထိုင်ကြရပါမည်။

မိုးလေဝသဌာနမှ မုန်တိုင်း၏ အန္တရာယ်ကို ပြည်သူများ နားလည်သဘောပေါက်လွယ်စေရန် အရောင်နှင့် သတိပေးစနစ်များဖြင့် ထုတ်ပြန်ပေး ထားပါသည်။ ၎င်းတို့မှာ -

(က)    အဝါရောင် = ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်တွင် မုန်တိုင်းများဖြစ်ပေါ်နေသည်။ မုန်တိုင်း၏ အခြေအနေကို သတိထားနားစွင့်ပါ။

(ခ)     လိမ္မော်ရောင် = မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေသည်။ မုန်တိုင်းသည် မိမိနေထိုင်ရာဒေသဆီသို့ ဦးတည်ရွေ့လျားသည်ဟု သတင်းရရှိပါက မုန်တိုင်း၏ ပြောင်းလဲမှုဖြစ်စဉ်ကို အထူးသတိထား စောင့်ကြည့်ပါ။

(ဂ)     အနီရောင် = မုန်တိုင်းသည် ကမ်းရိုးတန်းသို့ (၁၂)နာရီအကြာတွင် ရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်သည်။ လုံခြုံစိတ်ချရသောနေရာသို့ ပြောင်းရွှေ့နေရာယူပါ။

(ဃ)    အညိုရောင် = မုန်တိုင်းအန္တရာယ် ကျရောက်နေသည်။ လုံခြုံစိတ်ချရသည့်နေရာများတွင် ခိုလှုံနေပါ။

(င)     အစိမ်းရောင် = မုန်တိုင်း အားပျော့ပျက်ပြယ်သွားပြီး မိမိနေအိမ်သို့ ပြန်နိုင်ပြီတို့ ဖြစ်ပါသည်။

မိဘပြည်သူများသည် စူပါအယ်လ်နီညိုဖြစ်စဉ်များကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များ၊ သတိပေးချက်များ၊ အကြံပြုချက်များကို လေ့လာ၍ မဖြစ်မနေ လိုက်နာလုပ်ဆောင်ကြရပါမည်။ လူသားတို့၏ ပယောဂကြောင့် ကမ္ဘာကြီးပူနွေးလာရာမှ အစွန်းရောက် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်မှု ပိုမိုများပြားလာသကဲ့သို့ ပိုမိုပြင်းထန်သည့် သက်ရောက်မှုများကိုလည်း ခံစားနေကြရပါသည်။ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းဖြင့်သာ ထိခိုက်ဆုံးရှုံးမှု နည်းပါးအောင် ဆောင်ရွက်နိုင်ပါသည်။ စူပါအယ်လ်နီညိုဖြစ်စဉ်များကိုလည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်သွားနိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

ကိုးကား
          -         နေ့စဉ်ထုတ်သတင်းစာများ
          -         လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပညာပေးစာစောင်များ
          -         http:// my.wikipedia . org

https://t.me/myanmarnewspaper/243670

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 2
Post #243671 156
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မှတ်တမ်းများကို လေ့လာကြည့်ပါက ၁၉၉၇ - ၁၉၉၈ ခုနှစ်က ဖြစ်ပွားခဲ့သော အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြို့ကြီး ၁၈ မြို့တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်များတင်ခဲ့ပြီး မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန် အနည်းဆုံးစံချိန်သစ်များ တင်ခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း စံချိန်တင် မီးလောင်ကျွမ်းမှုများ၊ ပူပြင်းခြောက်သွေ့မှုနှင့် တိုက်ရိုက်ဆက်စပ်သည့် ရောဂါဖြစ်ပွားမှုများနှင့် သောက်သုံးရေ ရှားပါးမှုများ ကြုံတွေ့ခဲ့ရသည်။ ၂၀၂၄ ခုနှစ် နွေရာသီက မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင်လည်း ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ ယခုနှစ် တွင် ၄၄ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့သည်။ အခြား မြေလတ်ဒေသမှ မြို့ကြီး ၁၂ မြို့တွင်လည်း ၄၁ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက်ရှိခဲ့ကြောင်း မိုးလေဝသ မှတ်တမ်းများအရ သိရပါသည်။

ယခု ၂၀၂၆ ခုနှစ်တွင်လည်း အနောက်တောင် မုတ်သုံလေ မဆုတ်ခွာမီနှင့် ဆုတ်ခွာချိန် ကာလများတွင် အားကောင်းသော မုန်တိုင်းငယ်များဖြစ်ပေါ်၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက်ရေကြီး၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်၍ လှိုင်းကြီးခြင်းများ ဖြစ်ပေါခဲ့သည်။

ယခုအယ်လ်နီညိုဖြစ်စဉ်သည် ယခင်ဖြစ်စဉ်များထက် အားအလွန်ကောင်းသည့်ဖြစ်စဉ် ဖြစ်ခြင်းကြောင့် “စူပါအယ်လ်နီညို” ဟူ၍ပင် ဆိုထားပါသည်။ အားအလွန်ကောင်းသည့် စူပါအယ်လ်နီညိုသည် အစွန်းရောက် မိုးလေဝသဖြစ်စဉ်တစ်ခုဖြစ်ပြီး သဘာဝဘေးအန္တရာယ်တစ်ခုလည်း ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝအတိုင်း တည်ငြိမ်အေးချမ်းရာမှ ရုတ်ချည်းပြောင်းလဲ ဖောက်ပြန်သော ဖြစ်စဉ်ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်များသည် ဖယ်ရှားပစ်၍ မရ၊ ရပ်တန့်ထား၍ မရ၊ တားဆီးထား၍လည်း မရနိုင်ပါ။ နည်းပညာခေတ်တွင် အနီးစပ်ဆုံး ကြိုတင်ခန့်မှန်းတွက်ချက်မှုများ ရရှိနိုင်သော်လည်း မည်သည့်အချိန်၊ မည်သည့်နေ့ရက်၊ မည်သည့်ဒေသတွင် အင်အားမည်မျှဖြင့် ဖြစ်ပေါ်နိုင်မည်ကို တိကျခိုင်မာသော အသေးစိတ် အခြေအနေများကို မသိရှိနိုင်သေးပါ။

ကြိုတင်ပြင်ဆင်ခြင်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အယ်လ်နီညိုဖြစ်စဉ် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။ ဌာနဆိုင်ရာများမှလည်း မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများအတွက် ပြည်သူများလိုက်နာရန် စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ အကြံပြုချက်များ၊ ပညာပေးအစီအစဉ်များ ထုတ်ပြန်ပေးခြင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ သရုပ်ပြလေ့ကျင့်ခြင်း၊ သရုပ်ပြခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်ပေးသင့်ပါသည်။ နိုင်ငံပိုင်မီဒီယာများသာမက ပုဂ္ဂလိကပိုင်မီဒီယာများမှလည်း သတင်းထုတ်ပြန်ပေးခြင်း၊ အသိပညာပေးခြင်း၊ လိုက်နာရမည့်အစီအစဉ်များ ထုတ်လွှင့်ဖော်ပြပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။

ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်က တရားဝင်ထုတ်ပြန်ပေးသည့် မိုးလေဝသသတင်းများကို အမြဲမပြတ် ကြည့်ရှုနားထောင်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်သို့ ပြန်လည်မျှဝေပေးခြင်းများ ဆောင်ရွက်ကြရပါမည်။ ပြည်သူအများ စိတ်မချမ်းမြေ့ဖွယ်၊ စိုးရိမ်ပူပန်ဖွယ်ရာ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများကို ချင့်ချိန်လက်ခံ ယုံကြည်ကြရန်လည်း လိုအပ်ပါသည်။

အယ်လ်နီညိုဖြစ်စဉ်များတွင် “နေ့အပူချိန် မြင့်တက်ခြင်း”သည် ဆိုးကျိုးများစွာ ခံစားရနိုင်ပြီး လူ့အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပေါ်နိုင်ပါသည်။ နေရောင်ခြည်၏ တိုက်ရိုက်ကျရောက်မှုနှင့် ပူပြင်းခြောက်သွေ့သော လေထုကြောင့် လူ့ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်များကို အနှောင့်အယှက်ဖြစ်စေပါသည်။ ချွေးထွက်လွန်ခြင်းကြောင့် ရေနှင့်သတ္တုဓာတ်များဆုံးရှုံးပြီး သွေးကြောများကျယ်လာကာ သွေးပေါင်ကျခြင်း၊ မူးဝေခြင်း၊ အပူလျှပ်ခြင်းဝေဒနာများ ခံစားရနိုင်ပါသည်။ ခန္ဓာကိုယ်အပူချိန်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများ ဖြစ်ပွားနိုင်သည့်အပြင် ကျောက်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများလည်း ဖြစ်ပွားနိုင်သည်ကို သတိပြုကြရပါမည်။

နေ့အပူချိန်မြင့်တက်ချိန် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်းသည် ခရမ်းလွန်ရောင်ခြည် အပြင်းထန်ဆုံးနှင့် အပူရှိန်အမြင့်ဆုံးအချိန် ဖြစ်ပါသည်။ ထိုအချိန်တွင် ရေချိုးခြင်း၊ အပြင်ထွက်ခြင်းများ မပြုသင့်ပါ။ မဖြစ်မနေ အပြင်ထွက်ရပါက ထီး၊ ဦးထုပ်နှင့် လေဝင်လေထွက်ကောင်းသည့် အဝတ်အစားဝတ်ဆင်ပြီးမှ အပြင်သို့ ထွက်ခြင်း၊ ရေများများသောက်ပေးခြင်း၊ ဓာတ်ဆားရည်သောက်ခြင်း၊ အေးမြပြီး အရိပ်ရသောနေရာတွင် နားခိုနေထိုင်ခြင်း၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် နားနေခြင်း၊ အချို၊ အဆီအဆိမ့်၊ အငန်၊ အစပ် စားသုံးမှု လျှော့ချခြင်း၊ အရက်၊ ဘီယာ သောက်သုံးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုများ ရှောင်ကြဉ်ခြင်း၊ ရေဓာတ်ရရှိစေမည့် အရည်ရွှမ်းသည့်သီးနှံများနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းတို့ ပြုသင့်ပါသည်။
  • ❤ 2
Post #243670 158
ကြိုတင်ကာကွယ် စူပါအယ်လ်နီညိုဖြစ်စဉ် အန္တရာယ် . . .

အယ်လ်နီညို(El Niño)ဖြစ်စဉ်ကြောင့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါသည် ။ ဖြစ်စဉ်ကာလမှာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်း မှ ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဖြစ်ပွားနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသော သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ရေမျက်နှာပြင်တွင် ပင်လယ်ရေအပူချိန် မြင့်တက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များ အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ ယခုနှစ် နှစ်ကုန်ပိုင်းတွင် အယ်လ်နီညို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်း ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်လာမှု မူမမှန်ခြင်း၊ လာမည့်နွေရာသီကာလများတွင် နေ့အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။ အယ်လ်နီညိုဖြစ်စဉ်သည် လက်ရှိကာလ အင်အားအသင့်အတင့်ရှိနေချိန်၌ မိုးရွာသွန်းမှု မူမမှန်ခြင်းဖြစ်စဉ်များကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပွားခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

ယေဘုယျအားဖြင့် အယ်လ်နီညိုဖြစ်စဉ်များသည် ပစိဖိတ်သမုဒ္ဒရာတွင် နှစ်နှစ်မှ ငါးနှစ် (သို့မဟုတ်) ငါးနှစ်မှ ခုနစ်နှစ်အတွင်း တစ်ကြိမ် ဖြစ်ပေါ်တတ်ပါသည်။ ယခုနောက်ပိုင်းတွင် နှစ်နှစ်၊ သုံးနှစ်အတွင်း၌လည်း ဖြစ်ပေါ်နေပါသည်။ အဆိုပါ ရေပူစီးကြောင်းသည် ရက်သတ္တပတ်အနည်းငယ်မှ တစ်လ သို့မဟုတ် တစ်လထက် ပို၍ ကြာမြင့်တတ်သော်လည်း သုံးနှစ်မှ ခုနစ်နှစ် တစ်ကြိမ်တွင်မူ အယ်လ်နီညိုဖြစ်စဉ်သည် လပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။ အယ်လ်နီညိုဖြစ်စဉ် အားကောင်းပါက တောင်အမေရိကနိုင်ငံများမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ဖြစ်ပွားတတ်ပြီး ရာသီဥတုဖောက်ပြန်မှုများ ပြင်းထန်လာတတ်သည်။ အများအားဖြင့် အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်းခြင်း၊ သောက်သုံးရေရှားပါးခြင်း စသည်တို့ ဖြစ်တတ်သည်။ သြစတြေးလျနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် မိုးခေါင်ရေရှားမှုများ ကြုံတွေ့နိုင်သော်လည်း ပီရူးနိုင်ငံ၏ သဲကန္တာရများတွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်သည်။ အရှေ့အာဖရိကတွင်မူ ဤဖြစ်စဉ်နှစ်ရပ်စလုံးကို ကြုံတွေ့နိုင်ကြောင်း သိရပါသည်။

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ အပူချိန်များ မြင့်တက်လာခဲ့သည်။ မေ ၂၇ ရက်နေ့က ပါကစ္စတန်နိုင်ငံ ဂျာကိုဘာဘတ်မြို့တွင် အပူချိန် ၄၉ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်အထိရှိခဲ့သဖြင့် ကမ္ဘာ့အမြင့်ဆုံးအပူချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အလားတူ ဇန်နဝါရီလက သြစတြေးလျနိုင်ငံအနောက်ပိုင်း အွန်စလိုမြို့တွင် ၄၉ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ပြီး ပြင်းထန်သော အပူလှိုင်းသက်ရောက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မေလက ဘာရိန်းနိုင်ငံ၌လည်း အပူချိန် ၄၇ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်ဖြင့် ထိုနိုင်ငံ၏ အမြင့်ဆုံးအပူချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဥရောပအနောက်ပိုင်းဒေသများ၊ ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံတို့တွင်လည်း မေလတွင် အမြင့်ဆုံးအပူချိန်များ ဖြစ်ပေါ်ခဲ့သည်။ ပြင်သစ်နိုင်ငံတွင်လည်း မေလတွင် အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့သည်။ ဥရောပနိုင်ငံများတွင် အပူချိန်မြင့်မားမှုကြောင့် အပူဒဏ်အန္တရာယ်ကို ခံစားခဲ့ကြရပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၃၀၀ ကျော်ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံများတွင်လည်း လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ခံစားခဲ့ကြရသည်။
  • ❤ 2
Post #243669 229
`M League 2026 U20 အမှတ်ပေးဘောလုံးပြိုင်ပွဲ အပတ်စဉ် (၁၈) ပွဲစဉ်များ ယနေ့ယှဉ်ပြိုင်မည်

ရန်ကုန် အောက်တိုဘာ ၅

M League 2026 U20 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ အပတ်စဉ်(၁၈) ပွဲစဉ်များကို အောက်တိုဘာ ၆ ရက် (ယနေ့) တွင် ကျင်းပသွားမည်ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ပိုင်းအသင်းများ၏ ထိပ်တိုက်တွေ့ဆုံမှုများကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ကြမည့် ပွဲကောင်းများစွာ ပါဝင်နေသည်။
ယခုတစ်ပတ်ပွဲစဉ်များအဖြစ် အောက်တိုဘာ ၆ ရက်တွင် ဗဟန်းကွင်း၌ ချင်းလန်းအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အောက်တို ဘာ ၇ ရက်တွင် သီဟဒီပကွင်း၌ သစ္စာအားမာန် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဗဟန်းကွင်း၌ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် Falconအသင်း၊ YUSC ကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် ISPE အသင်း တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ၈ ရက်တွင် ဗဟန်းကွင်း၌ မြဝတီအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ကစားကြမည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၁၀ ရက်တွင် ဗဟန်းကွင်း၌ ရန်ကုန် စီးတီးအသင်းနှင့် Galaxy အသင်းတို့ ဆက်လက် ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

ယခုတစ်ပတ်ပွဲစဉ်များတွင် အမှတ်ပေးဇယား ထိပ်ပိုင်းအသင်းများ တွေ့ဆုံနေခြင်းကြောင့် အပတ် စဉ်(၁၈) ပြိုင်ပွဲများအပြီးတွင် အမှတ်ပေးဇယား ရပ်တည်မှုများ အပြောင်းအလဲရှိလာနိုင်သည်။

နေမျိုး

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 2
Post #243668 201
လေယာဉ်လက်မှတ်ခနှုန်းထားများအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရခြင်း၊ Fake Accounts များမှတစ်ဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက တိုင်ကြားနိုင်

နေပြည်တော် အောက်တိုဘာ ၅

လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့် နှုန်းထားဖြင့် ဝယ်ယူခဲ့ရခြင်း၊ Fake Accounts များမှတစ်ဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက ခရီးသည် အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့ရသည့် ဈေးနှုန်းနှင့် ငွေပေးချေသည့် အထောက်အထား စသည့် တိကျသည့် သတင်းအချက်အလက်များနှင့်အတူ သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်ပါကြောင်းနှင့် လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ Fake Accounts များမှတစ်ဆင့် ရောင်းချခြင်းများတွေ့ရှိရပါက မည်သူမဆို ပြစ်မှုဆိုင်ရာ ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။

သတင်းစဉ်

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 2
Post #243667 170
AFC U-17 အမျိုးသမီးခြေစစ်ပွဲ မြန်မာအသင်း ဂူအမ်ကို ဂိုးပြတ်အနိုင်ယူ

ရန်ကုန် အောက်တိုဘာ ၅

AFC U-17 Women’s Asian Cup 2027 ခြေစစ်ပွဲ အုပ်စု(G) ပွဲစဉ်အဖြစ် ယနေ့ ညနေ ၄ နာရီက မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းနှင့် ဂူအမ် ယူ-၁၇ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ကိုးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။          
            
မြန်မာယူ-၁၇ အသင်းသည် ယနေ့ပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဂူအမ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းပွဲချိန်အတွင်း သုံးဂိုး သွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းတွင်လည်း ခြောက်ဂိုးအထိ ထပ်မံသွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်း၏ အနိုင်ဂိုးများကို တိုက်စစ်မှူး ဝင်းရူပါက ပွဲချိန် ၃၀၊ ၅၁၊ ၅၃ နှင့် ၇၁ မိနစ်တို့တွင် လေးဂိုး သွင်းယူပေးခဲ့ပြီး ပွဲချိန် ၄၁ မိနစ် နန်းခမ်းဟွမ်၊ ၄၃ မိနစ်တွင် ဟန်နီဖူးဝေ၊ ၅၈ မိနစ်တွင် ဆောင်းသဇင်ဦး၊ မိနစ် ၆၀ တွင် ရှင်းသန့်ဖြူစင်ပြုံးနှင့် ၆၂ မိနစ်တွင် နေမျိုးသူသူအောင်တို့က အနိုင်ဂိုးများ အသီးသီးသွင်းယူပေးခဲ့သည်။

ဂူအမ် ယူ-၁၇ အမျိုးသမီးအသင်းသည် ပွဲချိန်တစ်လျှောက် ခံစစ်ကို အဓိကထား ကစားခဲ့ရပြီး ချေပဂိုးရရှိရေးအတွက် တန်ပြန်ထိုးဖောက်မှု အချို့ပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်ပိုင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိဘဲ ပွဲပြီးဆုံးချိန်တွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

အုပ်စု(G) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာယူ-၁၇ အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၁၁ ရက်တွင် သုဝဏ္ဏကွင်း၌ ဟောင်ကောင်ယူ-၁၇ အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဂူအမ်အသင်းက အောက်တိုဘာ ၈ ရက်တွင် ဟောင်ကောင်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-MFF

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 1
Post #243666 156
AFC U-17 အမျိုးသမီးခြေစစ်ပွဲ မြန်မာအသင်း ဂူအမ်ကို ဂိုးပြတ်အနိုင်ယူ
Post #243665 188
ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲများတွင် ငွေတံဆိပ်ငါးခုနှင့် ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်လှေလှော်အသင်း ပြန်လည်ရောက်ရှိ

ရန်ကုန် အောက်တိုဘာ ၅

၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပပြီးစီးခဲ့ သည့် (World Cup) ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် လှေလှော်အားကစားအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် အမျိုးသားအလွတ်တန်း (၈) တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ စပိန်အသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး အလွတ်တန်း (၁၀) တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ ဟန်ဂေရီအသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသားအလွတ်တန်း (၁၀)တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် ယူကရိန်းအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုး သား/အမျိုးသမီး အလွတ်တန်း (၁၀) တက်လှော်မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ဟန်ဂေရီအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် စပိန်အသင်းက တတိယဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်နိုင်ငံ ယွမ်လင်မြို့၌ အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် အာရှအဆင့် အင်အားကြီးနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအပါအဝင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၄ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာ့လက်ရွေးစင်လှေလှော်အသင်းသည် ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ် နှစ်ခုတို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး ယခု တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့သည့်(World Cup) ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲတွင်လည်း ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ် နှစ်ခုတို့ကို ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် မြန်မာ့လက်ရွေးစင် လှေလှော်အသင်းသည် စုစုပေါင်း ငွေတံဆိပ်ငါးခု၊ ကြေးတံဆိပ်လေးခုဖြင့် မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များစွာကို ရယူပေးခဲ့သည်။ အဆိုပါ အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ အုပ်ချုပ်/ နည်းပြနှင့် အားကစားသမား စုစုပေါင်း ၂၁ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးမိတ်သင်္ဂဟများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။    

သတင်းစဉ်

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 1
Post #243664 121
ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲများတွင် ငွေတံဆိပ်ငါးခုနှင့် ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်လှေလှော်အသင်း ပြန်လည်ရောက်ရှိ
  • ❤ 1
Post #243663 153
အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာအသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၅

၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဂျပန်နိုင်ငံ Nagoya City Mizuho Park Athletics Stadium (Paloma Mizuho Stadium) ၌ ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲကို ယမန်နေ့ ညနေ ၆ နာရီတွင် ကျင်းပရာ အာရှနိုင်ငံများမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများ/ နည်းပြများနှင့် အားကစားသမားများအပါအဝင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။     

အစီအစဉ်အရ အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အာရှနိုင်ငံများမှ အသင်းအုပ်ချုပ်သူများ/ နည်းပြများနှင့် အားကစားသမားများ စုပေါင်းချီတက်ခြင်း၊ ဂျပန်နိုင်ငံရိုးရာအမွေအနှစ်၊ ယဉ်ကျေးမှု အကအလှများဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခြင်းနှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ အာရှအားကစားပြိုင်ပွဲဝင် အသင်းများအား အမှတ်တရနှုတ်ဆက်ခြင်း၊ အာရှအားကစားပြိုင်ပွဲအလံနှင့် မီးရှူးတိုင်ကို ၂၀၃၀ ပြည့်နှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကာတာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်ပြီး အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

မြန်မာအသင်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ်တစ်ခု၊ ဝူရှူးအားကစားနည်းမှ ကြေးတံဆိပ်တစ်ခုနှင့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ လှေလှော်အားကစားနည်းမှ ကြေး တံဆိပ်နှစ်ခုတို့ကိုသာ ဆွတ်ခူးရရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ မြို့များ၌ ကျင်းပခဲ့သည့် အကြိမ် (၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအဖြစ် အားကစားနည်း ၄၃ နည်း ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တက်ဂ်ဘော၊ Esports၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘားနှင့် ဘောလုံး(အမျိုးသမီး)စသည့် အားကစားနည်း ငါးနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တက်ဂ်ဘော အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ Esports အားကစားနည်းမှ ရွှေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ်တစ်ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံအနက် နိုင်ငံအလိုက် အဆင့် ၂၄ တွင် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်းနှင့် မြန်မာအားကစားအဖွဲ့သည် ယခင် အာရှအားကစားပြိုင်ပွဲများတွင် ရရှိခဲ့သည့် ဆုတံဆိပ်များထက် သာလွန်၍ အောင်မြင်မှုများ ပိုမိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 1
Post #243662 135
အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာအသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်
  • ❤ 1
Post #243661 160
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် အောက်တိုဘာ ၅

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Victoria Kyaw Naing” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်နေ အောင်ခင်ဆင့်(ခ)ကျော်နိုင်အား မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တာမွေမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 1
Post #243660 143
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ

နေပြည်တော် အောက်တိုဘာ ၅

၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဖတ်ကြားသည်။

ထို့အတူ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့လေးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမေစန်းရီက ဖတ်ကြားသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာများအားလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ စံပြဆုရရှိခဲ့သည့် ဆရာ ဆရာမ၊ ဝန်ထမ်းများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို နှစ်စဉ် အောက်တိုဘာ ၅ ရက်တွင် ကမ္ဘာ့နိုင်ငံများ၌ ကျင်းပကြပြီး ယနေ့ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ဂုဏ်ထူးဆောင် ဆရာကြီး ဆရာမကြီး ၁၀ ဦး၊ ထူးချွန်ဆုရရှိသူ ဆရာ ဆရာမ ငါးဦး အပါအဝင် ဂုဏ်ပြုဆုရရှိသူ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၆ ဦးတို့အား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ရန်ကုန်တက္ကသိုလ် CRI တွင် ကျင်းပသော Area Studies Centre ဖွင့်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ တရုတ်နှင့် ကိုရီးယားသံရုံးများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အတူ Area Studies Centre အတွင်း ကြည့်ရှုအားပေးကာ အဆိုပါ အဆောက်အအုံခန်းမတွင် ကျင်းပသည့် China Studies Conference 2026 ကို တက်ရောက် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရန်ကုန်ရုံးခွဲသို့ သွားရောက်၍ ယခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် Online Booking စနစ်ဖြင့် အမှတ်စာရင်းများ၊ အောင်လက်မှတ်များ စနစ်တကျ ထုတ်ပေးနေမှုနှင့် စာမေးပွဲဆိုင်ရာ မှတ်တမ်းများ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 2
Post #243659 135
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ
  • ❤ 2
Post #243658 157
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၅

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေး ဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အက၊ အခုန်များ ဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 2
Post #243657 99
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ
  • ❤ 2
Older posts →

About this channel

How can I read @myanmarnewspaper without a Telegram account?
TGViewer shows the public web preview Telegram publishes for Myanmar Newspapers: recent posts, photos, videos and the subscriber count, with no app, login or account.
How many subscribers does Myanmar Newspapers have?
Myanmar Newspapers (@myanmarnewspaper) has 14K subscribers on Telegram, refreshed roughly every 30 minutes.
Does Myanmar Newspapers know I viewed it here?
No. Public channel previews carry no viewer identity, and TGViewer has no accounts or tracking of what you look up.
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →