TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211329 20
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများနှင့် မိသားစုဝင်များအနေဖြင့် မိမိတို့မှတ်တမ်းများအရ ၁၆၀၀၀၀ ကျော် လာရောက်နေထိုင်လုပ်ကိုင်လျက်ရှိသောကြောင့် ၎င်းတို့၏ လုပ်ငန်းခွင်လုံခြုံဘေးကင်းရေး၊ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် အကာအကွယ်များရရှိရေး၊ လူမှုဖူလုံရေးနှင့် စောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် မလေးရှားအစိုးရနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ထို့အပြင် အလုပ်သမားများ တရားဝင်လမ်းကြောင်းကတစ်ဆင့် စနစ်တကျလာရောက်လုပ်ကိုင်နိုင်ရေး၊ ခေါင်းပုံဖြတ်ခံရမှုများမှ ကာကွယ်နိုင်ရေး၊ ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ်ဆိုင်ရာကိစ္စရပ်များ ချောမွေ့စေရေးနှင့် နှစ်နိုင်ငံ အလုပ်သမား သဘောတူညီချက် (MoU) များအတိုင်း ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးတို့ကိုလည်း ဆွေးနွေးလိုကြောင်း၊ မလေးရှားနိုင်ငံတွင် ရောက်ရှိလုပ် ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ လုပ်အားနှင့် ကြိုးပမ်းမှုများသည် နှစ်နိုင်ငံလုံး၏ စီးပွားရေးနှင့် ချစ်ကြည်ရေးအတွက် များစွာအဓိကကျပြီး မလေးရှားအစိုးရ၏ ကူညီစောင့်ရှောက်မှုများအတွက်လည်း ကျေးဇူးတင် ရှိကြောင်းကို ပြောကြားလိုကြောင်း။
 
မိမိတို့ နှစ်နိုင်ငံသည် ဒေသတွင်းမိတ်ဖက်နိုင်ငံများ ဖြစ်ကြပါကြောင်း။ အာဆီယံနှင့် ကုလသမဂ္ဂတို့အပါအဝင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် အဖွဲ့ဝင်များအဖြစ်လည်း ပါဝင်ကြပါကြောင်း၊ အာဆီယံကြေညာချက် (၅)ရပ်နှင့်ပတ် သက်၍ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းအခြေအနေများအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မိမိတို့၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပကတိအခြေအနေများကိုအခြေခံပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့် ဆက်ဆံရေးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားလိုပါကြောင်း ပြောကြားသည်။
 
မလေးရှားနိုင်ငံဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် အဆွေတော်သမ္မတကြီးအနေဖြင့် ယခုကဲ့သို့ နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများမြှင့် တင်နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့မှုများအပေါ် မိမိ အနေဖြင့် ဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် လက်တွေ့ကျသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ယခုတွေ့ဆုံဆွေးနွေးပွဲသို့ တာဝန်ရှိသည့် အစိုးရအဖွဲ့အဆင့်မြင့်ကိုယ်စားလှယ်အရာရှိကြီး များကို တက်ရောက်စေခဲ့ပါကြောင်း၊ မလေးရှားနိုင်ငံအတွက် လိုအပ်လျက်ရှိသည့် သွင်းကုန်များကို မြန်မာနိုင်ငံမှ တင်သွင်းနိုင်ရန် ဆန္ဒရှိပါကြောင်း။
 
မိမိတို့အနေဖြင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားကြရမည် ဖြစ်ကြောင်း၊ အဆွေတော်သမ္မတကြီး၏ ယခုခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ယခုကဲ့သို့ အချိန်ပေး၍ မိမိတို့နိုင်ငံသို့လာရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
 
ထို့နောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ထိတွေ့ဆက်ဆံမှုနှင့် ကဏ္ဍစုံမှပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
 
နှစ်နိုင်ငံ ခေါင်းဆောင်များ သတင်းစာရှင်းလင်းပွဲပြုလုပ်
 
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့သည် နှစ်နိုင်ငံသတင်းမီဒီယာများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးစဉ်ဆိုင်ရာများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
 
ထို့နောက် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးတို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
More from @iprdrnd
  1. Oct 8, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက်…
  2. Oct 8, 2026တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိူင်ကစား၊ ဂျူဒိုပြိုင်ပွဲတွင် ရွ…
  3. Oct 8, 2026ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသည့် မြို့ရွာရပ်ကွက်များ၌ နုန်းများ အမှိုက်များ ဖ…
  4. Oct 8, 2026တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့်နေ…
  5. Oct 8, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယအပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အ…
  6. Oct 8, 2026ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် DPLA/TNLA နှင့် PDF အမည်ခံအဖွဲ့ဝင် (၂၂)ဦးတို့အား…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →