TGViewer
Channel Public Channel
MOI

MOI

@iprdrnd

To inform, To educate and To entertain
Subscribers
20.4K
Photos
105K
Videos
58.2K
Links
32.2K

Showing posts older than #210911 · Back to latest

Older Posts 8 shown
Post #210910 248

Forwarded from MRTV

၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
  • 👍 1
Post #210909 191

Forwarded from MRTV

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပ
  • 👍 1
Post #210908 151

Forwarded from MRTV

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပ
  • 👍 2
Post #210907 399
တနင်္သာရီမြို့နယ်၌ မြစ်ရေပြန်လည်ကျဆင်းကာ ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တနင်္သာရီ အောက်တိုဘာ ၆

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်  တနင်္သာရီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြစ်ရေသည် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီအချိန် တိုင်းထွာချက်များအရ ၁၅ ပေ ၈ လက်မသို့ ပြန်လည်ကျဆင်းသွားခဲ့သည့်အတွက် ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့ရသည့်အခြေခံပညာကျောင်း စုစုပေါင်း (၂၃) ကျောင်း ရှိသည့်အနက် အ-ထ-က-မော်တုန်း၊ အ-ထ-က(ခွဲ)ချောင်းလမုနှင့် အ-မ-က-တပ်ဦး စသည့် စာသင်ကျောင်း (၃) ကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ကျောင်းပိတ်ထားခဲ့ရသည့်ရက်များအတွက် တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့များတွင် ပြန်လည်အစားထိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ရေပြန်လည်ကျဆင်းသွားသည့် ချောင်းကြီးရပ်ကွက်၊ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ (၁) လမ်း၊ တိုးချဲ့ (၂) လမ်းနှင့် ဘောလုံးကွင်းလမ်းတို့တွင် ကျန်ရစ်ခဲ့သည့် အမှိုက်များနှင့် နုန်းမြေများကို မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၏ ဦး‌ဆောင်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ‌ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပြ)   ပူးပေါင်းအင်အား (၁၂၂) ဦးခန့်က မီးသတ်ရေယာဉ် (၂) စီး၊ အမှိုက်သိမ်းယာဉ် (၂) စီးတို့ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြသည်။

မြစ်ရေမြင့်တက်လာမှုကြောင့် စက်တင်ဘာ ၂၉ ရက်မှစ၍ ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်း (၉) ခုတွင် အိမ်ထောင်စု (၅၄၆) စု၊ လူဦးရေ (၂၄၇၈) ဦးတို့မှာ ဆက်လက်နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာမှ မြစ်ရေမှတ်အခြေအနေများကိုစဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

https://t.me/iprdrnd/210907

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
Post #210899 295
တနင်္သာရီမြို့နယ်၌ မြစ်ရေပြန်လည်ကျဆင်းကာ ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Post #210898 281
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ချင်းပြည်နယ်၊ ဖလမ်းမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ဖလမ်း အောက်တိုဘာ ၆


ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ အောက်တိုဘာ(၆)ရက်နေ့တွင် ဖလမ်းမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ရုံး RC (၃)ထပ်ဆောင် ပြုပြင်ဆောင်ရွက်နေမှုအားလည်းကောင်း၊ လမ်းဦးစီးဌာန၊ ရိပ်သာသစ် (၂)ထပ်အဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ဖလမ်းမြို့နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးအဆောက်အအုံ ၁ခန်းတွဲ ၃ထပ်ဆောင် ပြုပြင်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ခံကုမ္ပဏီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ပစ္စည်းအရည်အသွေး၊ လုပ်ငန်းအရည်အသွေးများ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ထားရှိရန်၊ စာချုပ်ပါသတ်မှတ်ကာလအတွင်းပြီးစီးဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ဌာနဆိုင်ရာအဆောက်အအုံများ ပြုပြင်ခြင်းသည် ရုံးလုပ်ငန်းများအဆင်ပြေချောမွေ့ပြီး ပြည်သူများကိုဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် လုပ်ငန်းပြီးစီးသည်နှင့်တပြိုင်နက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့ဌာနအဆောက်အအုံများတွင် ရုံးလုပ်ငန်းများအမြန်ဆုံးလည်ပတ်ဆောင်ရွက်နိုင်ရေး ဦးစားပေးဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးရိပ်သာဟောင်း ပြုပြင်ဆောင်ရွက်နေမှုနှင့် ယာယီရုံးဖွင့်လှစ်ထားရှိမှုအားကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာ ၁ခန်းတွဲ ၃ထပ်ဆောင်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဖလမ်းမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ စိတ်ချမ်းသာစွာဖြင့်အခြေပြုနေထိုင်ကာ တာဝန်ထမ်းဆောင်နိုင်ရေးစေတနာထားဆောင်ရွက်ရန်၊ ပြုပြင်နေသည့် အဆောက်အအုံများ၏ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဆယ်တင်ပစ္စည်းများအလေလွင့်မဖြစ်စေရေး စီမံဆောင်ရွက်ရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းများ စနစ်တကျဖယ်ရှားရှင်းလင်းရန်၊ အဆောက်အအုံအနီးတစ်ဝိုက် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ စနစ်တကျထားရှိဆောင်ရွက်ရန် မှာကြားကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)

https://t.me/iprdrnd/210892

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
Post #210892 301
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ချင်းပြည်နယ်၊ ဖလမ်းမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
Post #210891 415
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပ

ထားဝယ် အောက်တိုဘာ ၆

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့  တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂၀)၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ စုစုပေါင်း (၂၈)ဦးနှင့် တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီး(၂)ဦးတို့တက်ရောက်ခဲ့ကြပြီးအခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ရုံးခေတ္တအကြီးအမှူးက ဆောင်ရွက်သည်။

အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦးရှိသည့်အနက် (၂၈)ဦး တက်ရောက်ခဲ့ပြီး တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
 
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) တက်ရောက်မှုကို အတည်ပြုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားသည်။

ထို့နောက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို နံနက်(၁၁ နာရီ ၁၃ နာရီတွင် ရပ်နားခဲ့သည်။  တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (တတိယနေ့)ကို အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

https://t.me/iprdrnd/210891

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
Older posts →
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →