တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပ
ထားဝယ် အောက်တိုဘာ ၆
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂၀)၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ စုစုပေါင်း (၂၈)ဦးနှင့် တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီး(၂)ဦးတို့တက်ရောက်ခဲ့ကြပြီးအခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ရုံးခေတ္တအကြီးအမှူးက ဆောင်ရွက်သည်။
အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦးရှိသည့်အနက် (၂၈)ဦး တက်ရောက်ခဲ့ပြီး တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) တက်ရောက်မှုကို အတည်ပြုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားသည်။
ထို့နောက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို နံနက်(၁၁ နာရီ ၁၃ နာရီတွင် ရပ်နားခဲ့သည်။ တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (တတိယနေ့)ကို အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
https://t.me/iprdrnd/210891
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #210891
415
- 👍 1