ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ချင်းပြည်နယ်၊ ဖလမ်းမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
ဖလမ်း အောက်တိုဘာ ၆
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ အောက်တိုဘာ(၆)ရက်နေ့တွင် ဖလမ်းမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ရုံး RC (၃)ထပ်ဆောင် ပြုပြင်ဆောင်ရွက်နေမှုအားလည်းကောင်း၊ လမ်းဦးစီးဌာန၊ ရိပ်သာသစ် (၂)ထပ်အဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ဖလမ်းမြို့နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးအဆောက်အအုံ ၁ခန်းတွဲ ၃ထပ်ဆောင် ပြုပြင်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ခံကုမ္ပဏီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ပစ္စည်းအရည်အသွေး၊ လုပ်ငန်းအရည်အသွေးများ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ထားရှိရန်၊ စာချုပ်ပါသတ်မှတ်ကာလအတွင်းပြီးစီးဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ဌာနဆိုင်ရာအဆောက်အအုံများ ပြုပြင်ခြင်းသည် ရုံးလုပ်ငန်းများအဆင်ပြေချောမွေ့ပြီး ပြည်သူများကိုဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် လုပ်ငန်းပြီးစီးသည်နှင့်တပြိုင်နက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့ဌာနအဆောက်အအုံများတွင် ရုံးလုပ်ငန်းများအမြန်ဆုံးလည်ပတ်ဆောင်ရွက်နိုင်ရေး ဦးစားပေးဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးရိပ်သာဟောင်း ပြုပြင်ဆောင်ရွက်နေမှုနှင့် ယာယီရုံးဖွင့်လှစ်ထားရှိမှုအားကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာ ၁ခန်းတွဲ ၃ထပ်ဆောင်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဖလမ်းမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ စိတ်ချမ်းသာစွာဖြင့်အခြေပြုနေထိုင်ကာ တာဝန်ထမ်းဆောင်နိုင်ရေးစေတနာထားဆောင်ရွက်ရန်၊ ပြုပြင်နေသည့် အဆောက်အအုံများ၏ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဆယ်တင်ပစ္စည်းများအလေလွင့်မဖြစ်စေရေး စီမံဆောင်ရွက်ရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးစွန့်ပစ်ပစ္စည်းများ စနစ်တကျဖယ်ရှားရှင်းလင်းရန်၊ အဆောက်အအုံအနီးတစ်ဝိုက် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ စနစ်တကျထားရှိဆောင်ရွက်ရန် မှာကြားကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)
https://t.me/iprdrnd/210892
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #210898
281