တနင်္သာရီမြို့နယ်၌ မြစ်ရေပြန်လည်ကျဆင်းကာ ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
တနင်္သာရီ အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြစ်ရေသည် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီအချိန် တိုင်းထွာချက်များအရ ၁၅ ပေ ၈ လက်မသို့ ပြန်လည်ကျဆင်းသွားခဲ့သည့်အတွက် ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့ရသည့်အခြေခံပညာကျောင်း စုစုပေါင်း (၂၃) ကျောင်း ရှိသည့်အနက် အ-ထ-က-မော်တုန်း၊ အ-ထ-က(ခွဲ)ချောင်းလမုနှင့် အ-မ-က-တပ်ဦး စသည့် စာသင်ကျောင်း (၃) ကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ကျောင်းပိတ်ထားခဲ့ရသည့်ရက်များအတွက် တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့များတွင် ပြန်လည်အစားထိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်ရေပြန်လည်ကျဆင်းသွားသည့် ချောင်းကြီးရပ်ကွက်၊ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ (၁) လမ်း၊ တိုးချဲ့ (၂) လမ်းနှင့် ဘောလုံးကွင်းလမ်းတို့တွင် ကျန်ရစ်ခဲ့သည့် အမှိုက်များနှင့် နုန်းမြေများကို မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပြ) ပူးပေါင်းအင်အား (၁၂၂) ဦးခန့်က မီးသတ်ရေယာဉ် (၂) စီး၊ အမှိုက်သိမ်းယာဉ် (၂) စီးတို့ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြသည်။
မြစ်ရေမြင့်တက်လာမှုကြောင့် စက်တင်ဘာ ၂၉ ရက်မှစ၍ ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်း (၉) ခုတွင် အိမ်ထောင်စု (၅၄၆) စု၊ လူဦးရေ (၂၄၇၈) ဦးတို့မှာ ဆက်လက်နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာမှ မြစ်ရေမှတ်အခြေအနေများကိုစဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
https://t.me/iprdrnd/210907
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #210907
399