TGViewer
Channel Public Channel
MOI

MOI

@iprdrnd

To inform, To educate and To entertain
Subscribers
20.4K
Photos
106K
Videos
58.2K
Links
32.2K

Showing posts older than #210891 · Back to latest

Older Posts 9 shown
Post #210889 344
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပ
  • 👍 2
Post #210888 406
ဆက်လက်၍ ကျောင်းခန်းမ၌ တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအို ဒေသဝမ်းစာဖူလုံမှုအနေဖြင့် ယခုနှစ်တွင် (၁၀၄ ဒဿမ ၆၁) ရာခိုင်နှုန်းထိ ဖူလုံလာမည် ဖြစ်ပြီး စားသုံးဆီဖူလုံမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် စာရင်းများအရ ၄၉ ရာနှုန်းကျော်သာရှိသည့် အတွက် အားလုံးက ကြိုးစားစိုက်ပျိုးပေးကြစေလိုကြောင်း၊ ယနေ့ လန်းတောင်ရွာအတွက် ဆီမုန်ညှင်းစိုက်ဧက ယခင်နှစ်တွင် ဧက ၃၆၀ ကျော်ရှိရာမှ ယခုနှစ် တိုးချက်စိုက်ပျိုးမည့် ဧရိယာ ၁၅၀ ကျော်အတွက် မျိုးစေ့များကို အခမဲ့ပေးအပ်သွားမည်ဖြစ်သည့်အပြင် ခြံဝင်းကာရံပေးနိုင် ရေးအတွက်ကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ သီးထပ်စိုက်ပျိုးမှုသည် တောင်သူ အကျိုးဖြစ်ထွန်းစေပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် မိမိတို့အားလုံးက ပေါင်းစပ်ကြိုး စားကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တိုးချဲ့စိုက်ပျိုးမည့် တောင်သူများ အတွက် ဆီမုန်ညှင်းမျိုးစေ့ (၁၉)တင်းနှင့် ခြံဝင်းကာရံနိုင်ရေးအတွက် ငွေကျပ်သိန်း ၅၀ ကို လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းစိုးက ဆီမုန်ညှင်းစိုက်ပျိုးမည့် တေင်သူများ အတွက် ရွက်ဖျန်းမြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျေးရွာတာဝန်ခံက ကျေးဇူးတင် ကြောင်းနှင့် စိုက်ပျိုးရေးအတွက် လိုအပ်ချက်များ၊ ကျေးရွာချင်းဆက်လမ်း ရရှိရေး နှင့် ကျောင်းဆောင်ရရှိရေးတို့အတွက် တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ရှင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် အလယ်တန်းကျောင်းခွဲအတွင်း နှစ်ထပ် စာသင်ဆောင်သစ်မရရှိသေးသည့် အပေါ် ကျေးရွာကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ပေးထားသော စာသင်ဆောင်များအတွင်း ကျောင်းသားများအား သင်ကြားပေးနေမှု အခြေအနေများကို ကျောင်းအုပ်၊ ကျေးရွာတာဝန်ရှိသူ များနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်သစ်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာန သို့ တင်ပြပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 5
Post #210887 365
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးနှင့် လန်းတောင်ကျေးရွာ မိုးစပါးစိုက်ဧက ၅၀၀ ကျော်အတွက် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ထောက်ပံ့

မြစ်ကြီးနား အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်သည်။
အဆိုပါ အခမ်းအနားကို အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများက မြတ်ဆရာ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံ မှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြား သည်။
ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များထံမှ ပေးပို့လာသော စုပေါင်းသဝဏ်လွှာအား ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ထူးချွန်ဆုရ ဆရာမ တစ်ဦးနှင့် ခေါင်လန်ဖူးမြို့မှ ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ်သို့ ပြောင်းသွားသည့် ဆရာတစ်ဦးအား ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ပညာရေးမှူးတို့ က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ/ ကျောင်းသားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ အခမ်းအနားကို ကျောင်းသား/ ကျောင်းသူလေးများက အနန္တငါးဖြာ တေး သီချင်းဂုဏ်ပြုသီဆို၍ ရပ်နားလိုက်သည်။

ထို့နောက် အဆိုပါ ခန်းမ၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင် ရာများ၊ မြို့မိမြို့ဖများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်များနှင့် Grade-12 ကျောင်းသား/ ကျောင်း သူများနှင့် ဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ပညာရေးမှူးက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့မှုအပေါ် ပူတာအိုခရိုင်၏ အောင်ချက်အခြေအနေများ၊ လာမည့် ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း တက်ရောက်နေမှုနှင့် ခရိုင်အောင်ချက်မြင့်မားရေးအ တွက် ကြိုးစားဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခြေခံပညာကျောင်းအုပ်များနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်း ကျောင်းအုပ်တို့က အောင်ချက်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ပညာရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အနေဖြင့် ၂၀၂၆ ခုနှစ်က အောင်ချက် ရာခိုင်နှုန်းကို ကြည့်လျှင် ပူတာအိုမြို့နယ်သည် ၄၃ ရာခိုင်နှုန်း၊ မချမ်းဘော မြို့နယ်သည် ၄၁ ရာခိုင်နှုန်းနှင့် နောင်မွန်မြို့နယ်သည် ၂၆ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင် Grade-12 ဖြေဆို ကြမည့် ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း ၁၁၃၆ ဦးရှိနေပြီး ခရိုင်၏ အောင်ချက်မြင့်မား ရေး မြို့နယ်အလိုက် စခန်းသွင်းလေ့ကျင့်သင်ကြားခြင်းများအတွက် ငွေကျပ်သိန်း ၁၀၀ ကို မတည်ပံ့ပိုးပေးထားပါကြောင်း၊ သို့ဖြစ်ပါ၍ ခရိုင်များ၏ အောင်ချက်ရာခိုင်နှုန်း တိုးတက်မှသာ ပြည်နယ်၏ အောင်ချက်ရာနှုန်းလဲ တိုးတက်လာမည်ဖြစ်သည့်အတွက် မိမိတို့အားလုံးက ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားပြီး အကသင်ဆရာမအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကာ ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် လန်းတောင်ကျေးရွာအုပ်စု၊ လန်းတောင်ကျေးရွာသို့ သွားရောက်ပြီး လန်းတောင် ကျေးအတွင်း ဒေသခံတောင်သူများ၏ မိုးစပါးစိုက်လယ်များတွင် လယ်သီးထပ် ဆောင်းသီးနှံ အဖြစ် ဆီမုန်းညှင်းစိုက်ပျိုးနိုင်ရေး လျာထားသည့် ဧက ၄၀ အား ခြံဝင်းကာရံပေး နိုင်ရေး ဌာနဆိုင်ရာများ၊ ကျေးရွာတောင်သူများနှင့် ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် လန်းတောင်-၂ ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြုလုပ် ကျင်းပသည့် ဒေသခံတောင်သူများအား ဆောင်းသီးနှံ ဆီမုန်ညှင်းမျိုးစေ့ ပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်ကြရာ ဒေသခံလီဆူတိုင်းရင်းသားများနှင့် တိုင်းခမ်းတီရှမ်းမျိုးနွယ်စုများက ရိုးရာ အကအလှများဖြင့် ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြကာ အကအဖွဲ့များအတွက် ချီးမြှင့် ငွေများကို ပေးအပ်ချီးမြှင့်သည်။
  • 👍 3
Post #210884 324
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးနှင့် လန်းတောင်ကျေးရွာ မိုးစပါးစိုက်ဧက ၅၀၀ ကျော်အတွက် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ထောက်ပံ့
  • 👍 3
Post #210883 342
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့်
 
ဟားခါး အောက်တိုဘာ ၆
 
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသက်(၇၀)နှစ်နှင်အထက် ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။
 
အခမ်းအနားတွင် ဟားခါးမြို့ အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း ရေးကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖြေဖျော်ကြပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၊ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရ သုဓမ္မ ဦးမင်အောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ၊ စည်သူ ဒေါက်တာဝုန်ဆွန်းထန်က ဖတ်ကြားသည်။
 
ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာအား ချင်းပြည်နယ်ပညာရေးမှူး ဦးရွှေလိန်းက ဖတ်ကြားပြီး ဟားခါးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်ကျောင်း ကျောင်းသား၊ ကျောင်းသူများက “ပညာသည်သာ ရတနာ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
 
ယင်းနောက် ကမ္ဘာ့ဆရာများအနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လည်းကောင်း ၊ အထက်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများ ကို တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံကလည်းကောင်း ၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီ ခင်မောင်ထွေးကလည်းကောင်း ၊ အလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများကို လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
 
ထို့နောက် အသက် (၇၀) နှစ်နှင့်အထက် ဆရာကြီး ၊ ဆရာမကြီးများအား ချင်းပြည်နယ် ပညာ ရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများက ကန်တော့လက်ဆောင်များ ပေးအပ်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အသက် (၇၀) နှစ်နှင့်အထက် ဆရာကြီး ၊ ဆရာမကြီးများအား နှုတ်ဆက်အားပေးစကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
 
(ခရိုင် ပြန်/ဆက်)

https://t.me/iprdrnd/210883

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
Post #210875 439
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့်
  • 👍 3
Post #210874 513
အမရပူရမြို့နယ်၊ လက်မှုရွာ(လက်ရက်ကန်း) ဆောင်ရွက်မည့်စီမံကိန်းဖြင့်  သဘာဝဆိုးဆေး နည်းပညာသင်တန်းနှင့်ဓာတုဆိုးဆေးနည်းပညာသင်တန်းဖွင့်

အမရပူရ အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း၊ အမရပူရမြို့နယ်၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် လက်မှုရွာ(လက်ရက်ကန်း) ထူထောင်ဆောင်ရွက်မည့် သဘာဝဆိုးဆေး Eco-Printing & Botanical Printing နည်းပညာသင်တန်းနှင့်ဓာတုဆိုးဆေးနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက်နံနက်၁၀နာရီက ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံရှိ ရွှေလွန်းပျံခန်းမ၌ ကျင်းပသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဦးက စီမံကိန်းလုပ်ငန်းတာဝန်ကို စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးဥက္ကဌ ဦးမျိုးသန့်ထံပေးအပ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထွန်းသန့်ဇင်မျိုးက သင်တန်းသုံးပစ္စည်းများအားလွှဲပြောင်းပေးအပ်ရာ သင်တန်းသူတစ်ဦးကလက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးသိပ္ပံမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းကို အောက်တိုဘာ ၅ ရက်မှ ၁၄ ရက်အထိ   ၁၀ရက်ကြာသင်တန်းပို့ချမည်ဖြစ်ပြီး သင်တန်းသူ ၁၆ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လဲ့လဲ့ခိုင်

https://t.me/iprdrnd/210874

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 4
Post #210872 355
အမရပူရမြို့နယ်၊ လက်မှုရွာ(လက်ရက်ကန်း) ဆောင်ရွက်မည့်စီမံကိန်းဖြင့်  သဘာဝဆိုးဆေး နည်းပညာသင်တန်းနှင့်ဓာတုဆိုးဆေးနည်းပညာသင်တန်းဖွင့်
  • 👍 1
Post #210871 416
တနင်္သာရီမြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ရေဝင်ရောက်ခဲ့သည့် နေရာများနှင့် စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီ အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၌ တနင်္သာရီမြစ်ရေ မြင့်တက်စဉ် ရေဝင်ရောက်ခဲ့သည့် ချောင်းကြီးရပ်ကွက်၊ ရှင်မအောင်သာလမ်း၊ ကျန်းမာရေးလမ်းနှင့် အထက-တနင်္သာရီစာသင်ကျောင်းတို့၌ မြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် တင်ကျန်ရစ်သော နုန်းမြေများနှင့် အမှိုက်များ ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အောက်တိုဘာ ၅ရက်  နံနက်ပိုင်းက ဆောင်ရွက်သည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ နယ်မြေခံတပ်မတော်သားများ၊ ‌ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပြ)  စုစုပေါင်းအင်အား ၁၂၅ ဦးတို့က မီးသတ်ရေယာဉ် ၂ စီးနှင့် အမှိုက်သိမ်းယာဉ် ၂ စီးတို့ အသုံးပြု၍  ဆောင်ရွက်ခဲ့ကြသည်။

ရေဝင်ရောက်ခဲ့မှုကြောင့် တနင်္သာရီမြို့နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခု၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၅၇၉ စု၊ လူဦးရေ ၂၆၁၅ ဦးအနက် ယာယီကယ်ဆယ်ရေးစခန်း ၂ ခုတွင် နေထိုင်သည့် အိမ်ထောင်စု ၃၃ စု လူဦးရေ ၁၃၇ ဦးတို့သည် မိမိတို့၏ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်သွားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ လမ်းရေကျော်မှုဖြစ်ပွား‌သည့် မြိတ်-တနင်္သာရီ-ထုံခါလမ်းပိုင်းတွင် ရေပြန်ကျသွားပြီဖြစ်သည့်အတွက် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

https://t.me/iprdrnd/210871

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
Older posts →
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →