TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #210871 417
တနင်္သာရီမြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ရေဝင်ရောက်ခဲ့သည့် နေရာများနှင့် စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီ အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၌ တနင်္သာရီမြစ်ရေ မြင့်တက်စဉ် ရေဝင်ရောက်ခဲ့သည့် ချောင်းကြီးရပ်ကွက်၊ ရှင်မအောင်သာလမ်း၊ ကျန်းမာရေးလမ်းနှင့် အထက-တနင်္သာရီစာသင်ကျောင်းတို့၌ မြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် တင်ကျန်ရစ်သော နုန်းမြေများနှင့် အမှိုက်များ ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အောက်တိုဘာ ၅ရက်  နံနက်ပိုင်းက ဆောင်ရွက်သည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ နယ်မြေခံတပ်မတော်သားများ၊ ‌ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပြ)  စုစုပေါင်းအင်အား ၁၂၅ ဦးတို့က မီးသတ်ရေယာဉ် ၂ စီးနှင့် အမှိုက်သိမ်းယာဉ် ၂ စီးတို့ အသုံးပြု၍  ဆောင်ရွက်ခဲ့ကြသည်။

ရေဝင်ရောက်ခဲ့မှုကြောင့် တနင်္သာရီမြို့နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခု၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၅၇၉ စု၊ လူဦးရေ ၂၆၁၅ ဦးအနက် ယာယီကယ်ဆယ်ရေးစခန်း ၂ ခုတွင် နေထိုင်သည့် အိမ်ထောင်စု ၃၃ စု လူဦးရေ ၁၃၇ ဦးတို့သည် မိမိတို့၏ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်သွားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ လမ်းရေကျော်မှုဖြစ်ပွား‌သည့် မြိတ်-တနင်္သာရီ-ထုံခါလမ်းပိုင်းတွင် ရေပြန်ကျသွားပြီဖြစ်သည့်အတွက် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

https://t.me/iprdrnd/210871

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
More from @iprdrnd
  1. Oct 12, 2026လွှတ်တော်ရေးရာ အဖြာဖြာ (၁၂-၁၀-၂၀၂၆)
  2. Oct 12, 2026စေတနာရှေ့ထား အဖြူရောင်သစ်လွင်များ
  3. Oct 12, 2026မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဘင်္ဂလားပင်လယ်အော်အခြေအနေ ထုတ်ပြန်
  4. Oct 12, 2026နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိသည့် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျ…
  5. Oct 12, 2026ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အ…
  6. Oct 12, 2026ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →