အမရပူရမြို့နယ်၊ လက်မှုရွာ(လက်ရက်ကန်း) ဆောင်ရွက်မည့်စီမံကိန်းဖြင့် သဘာဝဆိုးဆေး နည်းပညာသင်တန်းနှင့်ဓာတုဆိုးဆေးနည်းပညာသင်တန်းဖွင့်
အမရပူရ အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း၊ အမရပူရမြို့နယ်၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် လက်မှုရွာ(လက်ရက်ကန်း) ထူထောင်ဆောင်ရွက်မည့် သဘာဝဆိုးဆေး Eco-Printing & Botanical Printing နည်းပညာသင်တန်းနှင့်ဓာတုဆိုးဆေးနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက်နံနက်၁၀နာရီက ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံရှိ ရွှေလွန်းပျံခန်းမ၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဦးက စီမံကိန်းလုပ်ငန်းတာဝန်ကို စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးဥက္ကဌ ဦးမျိုးသန့်ထံပေးအပ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထွန်းသန့်ဇင်မျိုးက သင်တန်းသုံးပစ္စည်းများအားလွှဲပြောင်းပေးအပ်ရာ သင်တန်းသူတစ်ဦးကလက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးသိပ္ပံမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းကို အောက်တိုဘာ ၅ ရက်မှ ၁၄ ရက်အထိ ၁၀ရက်ကြာသင်တန်းပို့ချမည်ဖြစ်ပြီး သင်တန်းသူ ၁၆ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လဲ့လဲ့ခိုင်
https://t.me/iprdrnd/210874
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #210874
513
- 👍 4