TGViewer
Channel Public Channel
MOI

MOI

@iprdrnd

To inform, To educate and To entertain
Subscribers
20.3K
Photos
106K
Videos
58.3K
Links
32.2K

Showing posts older than #210871 · Back to latest

Older Posts 14 shown
Post #210868 313
တနင်္သာရီမြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ရေဝင်ရောက်ခဲ့သည့် နေရာများနှင့် စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
  • 👍 2
Post #210857 189

Forwarded from MRTV

အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျမပျက်မကွက် တပ်ဆင်ပါ
  • 👍 1
Post #210856 204

Forwarded from MRTV

ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ခြင်း
Post #210855 156

Forwarded from MRTV

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်
  • 👍 1
Post #210854 128

Forwarded from MRTV

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး စနစ်တကျလက်ဆေးပေး
  • 👍 1
Post #210853 150

Forwarded from MRTV

ပါးစပ်နှင့် နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ခြင်း လိုက်နာရန်အချက်များ
  • 👍 1
Post #210852 188

Forwarded from MRTV

အမုန်းစကား
Post #210851 145

Forwarded from MRTV

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိးဆော်ခြင်း
Post #210850 182

Forwarded from MRTV

PDF Game‌ ဆော့ကစားခြင်းသည် ဥပဒေအရ အရေးယူခံရနိုင်သည်
  • 👍 1
Post #210849 352

Forwarded from Head of State

အကြီးအကဲပုံရိပ် Head of State၊ နိုင်ငံ့ပုံရိပ် Head of State
နိုင်ငံတော်သမ္မတကြီး​၏ ( 23.9.2026 ) မှ ( 5.10.2026) အထိ နိုင်ငံ့အကျိုးဆောင်ရွက်မှုများ

Website

YouTube

TikTok

X(Twitter)

Facebook

Telegram
  • ❤ 7
Post #210848 616
အမရပူရမြို့နယ် ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရား လှေဦးတိုက်ပွဲတော်လှေပြိုင်ပွဲ ဆုချီးမြှင့်

အမရပူရ အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာတွင် မြန်မာတို့၏ရိုးရာယဉ်ကျေးမှု ရိုးရာငှက်လှေလှော်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ အောင်မြေရွှေကြက်ကျဆုတောင်းပြည့်ဘုရားခြေတော်ရင်းရှိ ဧရာဝတီမြစ်ရေပြင်၌ အောက်တိုဘာ  ၅ ရက်နံနက်ပိုင်းက ဗိုလ်လုပွဲစဉ်များနှင့်ဆုချီးမြှင့်ပွဲကိုကျင်းပသည်။

ဦးစွာ တာဝန်ရှိသူများကလှေလှော်ပြိုင်ပွဲတွင် ရွှေကြက်ယက်ကျေးရွာအုပ်စုအတွင်းရှိ လှေလှော်အသင်းအသီးသီးမှ ဗိုလ်လုပွဲများယှဉ်ပြိုင်နေကြသည်များကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပထမဆုရရှိသည့် မိုးကောင်းရွာငှက်လှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၅၀)ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ခြောက်သွေးသောက်ရွာ ငှက်လှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၃၀)ကို MBCCD မြို့ပြစီမံကိန်းမှ ဒါရိုက်တာဦးဇော်ရဲဝင်းက လည်းကောင်း၊ တတိယဆုရရှိသော ရွှေလေးကွက်သစ်(၁) ငှက်လှေလှော်အသင်းအား ဂုဏ်ပြုချီမြှင့်ငွေကျပ်သိန်း(၂၀)ကို MBCCD မြို့ပြစီမံကိန်းမှ ဒါရိုက်တာ ဦးအောင်နိုင်ကလည်းကောင်း၊ စတုတ္ထဆုရရှိသော ရွာသစ်ကျေးရွာငှက်လှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းကို ရွှေကြက်ယက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်သူကလည်းကောင်း၊ နှစ်သိမ့်ဆုရအသင်း၁၂သင်းအား ဂုဏ်ပြုချီးမြှင့်ငွေတစ်သိန်းကျပ်စီကို ရွှေကြက်ယက်၊ ရွှေကြက်ကျဂေါပကအဖွဲ့ကလည်းကောင်း ချီးမြှင့်ခဲ့ကြသည်။

အဆိုပါလှေလှော်ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၅ ရွာမှအသင်း ၁၅ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

လဲ့လဲ့ခိုင်

https://t.me/iprdrnd/210848

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
  • ❤ 1
Post #210845 574
အမရပူရမြို့နယ် ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရား လှေဦးတိုက်ပွဲတော်လှေပြိုင်ပွဲ ဆုချီးမြှင့်
  • ❤ 2
Post #210844 706
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ နားလုံကျေးအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၅

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်းပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အရှိန်အဟုန်ဖြင့်တက်ကြွစွာဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဟိုပုံးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များက သတင်းကွင်းဆက်ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၇ နာရီခန့်တွင် ဟိုပုံးမြို့နယ် မိုင်းပွန်မြို့၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာ နားလုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၇၅ ဦး နှင့် မြန်မာနိုင်ငံ သား ၁၂ ဦး၊ စုစုပေါင်း ၈၇ ဦးတို့အား အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ လူနေဆောင်နှင့် အလုပ်ရုံတွဲလျက် ယာယီမိုးကာတဲ ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ စားချက်ဆောင် ယာယီမိုးကာတဲ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ ဆောက်လုပ်ဆဲ ယာယီမိုးကာတဲ ၁ လုံး၊ STAR LINK ၄ စုံ၊ ALL IN ONE COMPUTER ၁၇ လုံး၊ LAPTOP ၂ လုံး၊ ဖုန်းမျိုးစုံ ၅၂၄ လုံးတို့နှင့် အတူဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများကိုလည်းလုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့်လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/210844

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 4
  • 👏 1
Post #210837 495
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ နားလုံကျေးအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Older posts →
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →