TGViewer
Channel Public Channel
MOI

MOI

@iprdrnd

To inform, To educate and To entertain
Subscribers
20.3K
Photos
106K
Videos
58.3K
Links
32.2K

Showing posts older than #210837 · Back to latest

Older Posts 13 shown
Post #210836 423
နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည်လည်း အလွန်အရေးကြီးသည့် မောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ “လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှ စီးပွားရေး ဖွံ့ဖြိုးမည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူများသွားလာမှု ပိုမိုမြန်ဆန်စွာချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် ကုန်းလမ်း၊ ရထားလမ်းနှင့် ရေကြောင်းလမ်း၊ လေကြောင်းလမ်း ပို့ဆောင်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီ အဆင့်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရေး သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရသည့်လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများကိုလည်း အမြန်ဆုံး ပြန်လည်ထူထောင်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်အနေဖြင့် အဓိကကျသည့် ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနှင့် အားကစားကဏ္ဍတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော်ဘဏ္ဍာငွေများကို နှစ်စဉ်တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေ တင်ပြချိန်တွင် ရငွေတိုးမြှင့်ရရှိသည့် ဌာနများရှိသကဲ့သို့ ရငွေလျော့နည်းသွားသည့် ဌာနများရှိကြောင်း၊ ရငွေများကို လျာထားသည့်အတိုင်း အပြည့်အဝကောက်ခံရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

ယခုခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများ အပါအဝင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်ဝစွာ အချိန်မီပြီးစီးစေရေး အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အလေအလွင့်မရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် သုံးစွဲမှုများကိုလည်း စနစ်တကျ စာရင်းစစ်ဆေးမှုခံယူနိုင်ကြရန်လည်း သတိပေးမှာကြားလိုကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျအကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲကြရန်၊ လုပ်ငန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ပိုလျှံငွေအများအပြား ပြန်လည်အပ်နှံရမှု မဖြစ်စေရေးကို အထူးဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/210833

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 2
  • 👍 2
Post #210835 308
ဆက်လက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းစိစစ်ပြီးစီးမှုအခြေအနေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ စိစစ်ပြီးစီးမှုအခြေအနေ၊ ပြည်ထောင်စု၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မူလခန့်မှန်းခြေငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း၊ နိုင်ငံပိုင်နိုင်ငံ ခြားငွေအခြေအနေနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦးက ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့် ပြုငွေတောင်းခံမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေး ဥပဒေကြမ်းကို ထောက်ခံမှုအခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း များနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်အရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီး ချုပ်များက တင်ပြကြသည်။

တင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ရငွေအပိုင်းတွင် နိုင်ငံတော်မှ အခွန်အခများ ပိုမိုရရှိစေရေးအတွက်အခွန်ငွေကို တိုးမြှင့်ကောက်ခံခြင်းထက် အမှန်တကယ် ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝမှန်မှန်ကန်ကန် ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ စီစစ်ဆောင်ရွက် ကောက်ခံသွားကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဘဏ္ဍာငွေများကို အပြည့်အဝရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ရငွေများပိုမိုတိုးတက်ရရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ မိမိတို့ ဒေသအလိုက် ဒေသ၏အားသာချက်များကို အသုံးချ၍ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ ဖြိုးအောင်လည်း အစွမ်းကုန်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဘဏ္ဍာငွေများ သုံးစွဲရာတွင်လည်း နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိသည့် သုံးစွဲမှုများဖြစ်စေရေးနှင့် မကုန်သင့်သည်နေရာများတွင် အပိုသုံးစွဲမှု မဖြစ်စေရေး စနစ်တကျ စိစစ်သုံးစွဲသွားကြရန် လိုကြောင်းဖြည့်စွက်ပြောကြားသည်။

ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု စာရင်း၊ ပြည်ထောင်စုမှတိုင်းဒေသကြီးနှင့် ပြည်နယ်များကို ထောက်ပံ့ပေးရ မည့်ငွေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပြီးဖြစ်ကြောင်း၊ ဆွေးနွေး အတည်ပြုထားသည့်အတိုင်း ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် နိုင်ငံသားများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်း၊ Agro-based Industries များနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း။

မြန်မာနိုင်ငံအတွက် လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံအကျဆုံးကဏ္ဍဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်နှင့် ပြည်သူ့ဝင်ငွေတိုးတက်လာကာ GDP မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍ မြှင့်တင်ရေးသည် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း။
  • ❤ 2
Post #210834 328
ပညာရေးကဏ္ဍနှင့်အတူ ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးကိုလည်း ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ “လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့်ခံယူချက်ဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေး အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ထိရောက်သည့်မူဝါဒများချမှတ် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်မှ တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဘက်စုံ ပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အသုံးစရိတ်များ၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ပေါ်ပေါက်လာရေးအတွက် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး ဆိုင်ရာအသုံးစရိတ်များ၊ လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များအပါအဝင် အခြားကဏ္ဍများတွင်လည်း အသုံးစရိတ်များကို လိုအပ်ချက်နှင့်အညီ နှစ်စဉ်ခွင့်ပြုပေးလျက်ရှိကြောင်း။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပေးထားသည့်ရန်ပုံငွေများနှင့် ယခု ထပ်မံခွင့်ပြုမည့် ဖြည့်စွက်ခွင့်ပြုငွေများကို အကျိုးရှိထိရောက်စွာဖြင့် အလေအလွင့်မရှိအောင် စိစစ်သုံးစွဲကြရန်လိုကြောင်း။
ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ရှင်းလင်းတင်ပြမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ထိုသို့ တောင်းခံမှုအပါအဝင် ရငွေ၊ သုံးငွေပြောင်းလဲမှုအရ ပြန်လည် ရေးဆွဲထားသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များကို ထပ်မံထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန် ပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးညိုစောက ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြမှုအခြေအနေ၊ ဖြည့်စွက်ခွင့်ပြုငွေများကို စိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ငွေလုံးငွေရင်း အသုံးစရိတ်အပိုင်းတွင် နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်အရ ယခုဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများအတွက် အသုံးစရိတ်များ၊ လွှတ်တော်ကတိကဝတ်ပြုခဲ့သည့် ကိစ္စရပ်များ အတွက်အသုံးစရိတ်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေမလုံ လောက်သည့် လုပ်ငန်းများ၊ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ထပ်မံရရှိရန်သေချာပြီး ဘဏ္ဍာရေးနှစ်အတွင်း အမှန်တကယ်အကောင် အထည်ဖော်နိုင်မည့် ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အသုံးစရိတ်များကို ဦးစားပေးစိစစ်၍ ခွင့်ပြုပေးခဲ့မှုအခြေအနေ၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများမှ ပိုလျှံငွေအပ်နှံမှု များစွာမရှိစေရန်၊ ဘတ်ဂျက်ခန့်မှန်းမှု အားကောင်းလာစေရန်အတွက် အချို့သော ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများအား မူလခွင့်ပြုငွေအတွင်းပိုလျှံသော ခေါင်းစဉ်များမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ အထွေထွေ ပိုလျှံငွေ(GRF)သို့ အပ်နှံပြီး ပြန်လည်သုံးစွဲခြင်းတို့ကို ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေအပါအဝင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးကော် မရှင်က အတည်ပြုထောက်ခံပေးနိုင်ရန် ဆွေးနွေးတင်ပြသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းနီနီအေး က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံ မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စိစစ်ပြီး ပြည်ထောင်စုမှ ထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေများနှင့်စပ်လျဉ်း၍ သာမာန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ကြွေးမြီ အသုံးစရိတ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများနှင့် စိစစ်ခွင့်ပြုပေးခဲ့မှုအခြေ အနေများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအရ ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ပေးရမည့် ဘဏ္ဍာငွေများအား ဘဏ္ဍာရေးကော်မရှင်က ဆွေးနွေးအတည်ပြု ပေးနိုင်ရန်ဆွေးနွေး တင်ပြသည်။
  • ❤ 2
Post #210833 339
ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၅

ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးညိုစော နှင့် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ သီးခြားဖိတ်ကြား ထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသည် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပေးရန်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ပေးပို့နိုင်ရေး ဆွေးနွေးဆုံးဖြတ်ကြရန် ဖြစ်ကြောင်း။

ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီမံကိန်းများအတွက် အသုံးစရိတ်များကို ကျခံသုံးစွဲနိုင်ရန် မူလခွင့်ပြုငွေဖြင့် မလုံလောက်ခြင်း၊ မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေ လွှဲပြောင်း သုံးစွဲရန်မဖြစ်နိုင်ခြင်း၊ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) မှ လွှဲပြောင်းကျခံ သုံးစွဲရန် မဖြစ်နိုင်ခြင်း စသည့်အခြေအနေများကြောင့် အသားတင်ထပ်မံလိုအပ်လာသည့်ငွေ ကိုသာ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စိစစ်ခွင့်ပြုခြင်းဖြစ်ကြောင်း။

ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံလိုအပ်လာသည့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အသုံးစရိတ်များ၊ ပြည်ပအကူအညီ၊ ချေးယူရငွေများနှင့် ဆက်နွှယ်သည့် အသုံးစရိတ်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေမလုံလောက်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်မူဝါဒ၊ လမ်းညွှန်ချက်အရ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းသစ်များနှင့် လုပ်ငန်း သစ်များအတွက် အသုံးစရိတ်များကို အဓိကထားပြီး ဖြည့်စွက် ခွင့်ပြုငွေတောင်းခံ ထားသည်ကို တွေ့ရကြောင်း။

ဖြည့်စွက်ခွင့်ပြုငွေကို ပြည်ထောင်စုလွှတ်တော်က နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံး စွဲရေးဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်ပြီး ဖြည့်စွက် ခွင့်ပြုငွေ သုံးစွဲနိုင်မည့်ကာလမှာလည်း (၄)လ ခန့်သာရှိသည့်အတွက် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း။

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အတွက် လယ်ယာထွက်ကုန်မှ တန်ဖိုးမြှင့်ထုတ်ကုန်၊ MSME လုပ်ငန်းများမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်စျေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန် တိုးတက်လာစေရေးအတွက် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုး တက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့်လက ကျင်းပခဲ့ကြောင်း၊ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် အကြံပြုချက်၊ မဟာဗျူဟာလုပ်ငန်း စဉ်များနှင့် လုပ်ငန်းစီမံချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် မူဝါဒနှင့် Action Plan များအဖြစ်ပြောင်းလဲပြီး Agro-based Industries ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်လည်း ဖြစ်ကြောင်း။
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့်အတိုင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ စျေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် လူသားအရင်းအမြစ်သည် အဓိကအကျဆုံးဖြစ်သည့်အတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကဏ္ဍမှာလည်း KG+9 အဆင့်ထိ အားလုံး သင်ယူနိုင်ကြရန် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။
  • ❤ 2
  • 👍 1
Post #210823 268
ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
  • 👍 1
Post #210822 323
၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် သင်တန်းကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များ၊ သင်တန်းသားများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် နယ်မြေခံသင်တန်းကျောင်းရှိ သင်တန်းသားစားရိပ်သာတွင် သင်တန်းသားများနှင့်အတူ နေ့လယ်စာအတူတကွသုံးဆောင်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တိုက်ကြီးတပ်နယ်နှင့် အင်းတိုင်တပ်နယ်တို့ရှိ နယ်မြေခံ သင်တန်းကျောင်းများမှ သင်တန်းသားအိပ်ဆောင်များ၊ စားရိပ်သာများနှင့် စားချက်ဆောင်များ စနစ်တကျရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ သင်ခန်းစာလေ့ကျင့်သင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်အဖွဲ့ဝင်များသည် အင်းတိုင်တပ်နယ်ရှိ တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံသို့ရောက်ရှိကြပြီး သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာ၊ အားကစားခန်းမများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားရုံအတွင်း သင်တန်းများအလိုက် လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(ရဲမွန်)သို့ သွားရောက်၍ Grade-10၊ Grade-11၊ Grade-12 တို့တွင် ကျောင်းသားများ တက်ရောက်ပညာသင်ကြားနေမှုများကို လိုက်လံကြည်ရှုအားပေးပြီး ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။ ယင်းနောက် သင်တန်းကျောင်း စားရိပ်သာနှင့်စားချက်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/210821

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
Post #210821 338
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တိုက်ကြီးတပ်နယ်၊ အင်းတိုင်တပ်နယ်၊ ရဲမွန်တပ်နယ်တို့ရှိ သင်တန်းကျောင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ  ၅

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းသို့ သွားရောက်၍ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုအောက်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်ကတာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတာဝန်များ ကျေပွန်အောင်ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သည် အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည် ထက်မြက်နေရမည်ဖြစ်ကြောင်း။

နိုင်ငံတော်နှင့် တပ်မတော်မှဖြည့်ဆည်းပေးထားသော တိုက်စွမ်းအားနှင့်ခေတ်မီ လက်နက်နည်းပညာများကို အပြည့်အဝအသုံးချနိုင်ရေး စွမ်းရည်ရှိသည့်တပ်မတော်သားများဖြစ်ရန် ယခုကဲ့သို့ စုဖွဲ့လေ့ကျင့်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်သင်ကြားပေးနေသည့် စစ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာအသုံးချနိုင်သည့် ကျန်းမာကြံ့ခိုင်သောတပ်မတော်သားများဖြစ်ရန် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့်ဆောင်ပုဒ်နှင့်အညီ အမြဲတမ်းလေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် စစ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ပြင် မိမိတို့အသုံးပြုရသည့် စစ်အသုံးအဆောင်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးချနိုင်ရေး အစဉ်တစိုက်လေ့ကျင့်နေကြရန်လိုကြောင်း၊ ခေတ်သစ်စစ်နည်းဗျူဟာများ၊ စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာမှတ်သားပြီး မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် စစ်နည်းဗျူဟာများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့ တပ်မတော်သည် တိုင်းရင်းသားအားလုံးပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုမျိုးချစ်တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်အတွင်းရှိ တပ်ဖွဲ့အားလုံးသည် ခြေလျင်၊ လက်ရုံးမခွဲခြားဘဲ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်နေစေရေး လေ့ကျင့်ဆောင်ရွက်နေကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့လုပ်ဆောင်ရမည့်တာဝန်များကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင်ခြင်းအားဖြင့် တပ်မတော်၏ အရည်အသွေး၊ တပ်မတော်၏အဆင့်အတန်းကို ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း။ 

တပ်မတော်သားများဖြစ်သည့်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်လိုကြောင်း၊ မူးယစ်ဆေးဝါးကိစ္စ၊ အပျော်အပါးနှင့် လောင်းကစားဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို စနစ်တကျဖြင့်အဆင့်အတန်းမီစွာ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းနိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် တပ်ရင်း/တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြရာ ပေးအပ်သည့်တာဝန်များကို နောင်တော်တပ်မတော်သားများနှင့်လက်တွဲကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထူးချွန်ပြောင်မြောက်စွာထမ်းဆောင်လျက်ရှိကြောင်း၊ အမြဲတမ်းစစ်မှုထမ်းများအနေဖြင့် တပ်မတော်မှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တစ်ဦးချင်းစီက စံနမူနာပြ နေထိုင်ကျင့်ကြံလိုက်နာ၍ လေးစားယုံကြည်ရသူများဖြစ်ရန်လိုအပ်ပြီး ပြည်သူ့စစ်မှုထမ်းများကို ညီအစ်ကိုစိတ်ဓာတ်ဖြင့် လက်တွဲခေါ်ဆောင်ကြဖို့လိုကြောင်း၊ “ရဲဘော်စိတ်”ဆိုသည်မှာ ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားများဖြစ်၍ သေအတူရှင်မကွာဆိုသည့်စိတ် သာအတူနာအတူဆိုသည့် စိတ်ထားခံယူချက်များ ထားရှိသွားရန်လိုကြောင်း၊ တပ်မတော်သားများသည် သစ္စာ ၄ ချက်ကို ရွတ်ဆိုထားသူများဖြစ်သည့်အတွက် သစ္စာစောင့်သိ၊ သစ္စာရှိရန်လိုကြောင်း။

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီအလိုက် ကြံ့ခိုင်သန်စွမ်းမှုရှိစေရေးလေ့ကျင့်နေရမည်ဖြစ်ပြီး မိမိတို့တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမည့် သမားစဉ်လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်လုပ်ဆောင်၍ လေ့ကျင့်နေကြရန်လိုကြောင်းဖြင့်ပြောကြားသည်။
  • 👍 1
Post #210820 336
ထို့နောက် နိုင်ငံတော်သမ္မတက ဖြည့်စွက်မှာကြားရာတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး မည်ကဲ့သို့ဆောင်ရွက်သွား နိုင်မည်ကို မိမိတို့ဘဝတစ်လျှောက် ဖတ်မှတ်လေ့လာခဲ့ရသည့် အသိပညာဗဟုသုတ များ၊ ဖြတ်သန်းကြုံတွေ့သိရှိခဲ့ရသည့် အသိပညာ၊ အတတ်ပညာများကို အသုံးချ၍ စီမံ တွက်ချက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စေတနာထား၍ အလေးထား ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့ စီးပွားရေးသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသအလိုက် အားသာချက်များရှိသည်များကို အသုံးချပြီး
ကိုယ်စီရည်မှန်းချက်ပန်းတိုင်များထားရှိ၍ အောင်မြင်အောင် ကြိုးစားဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/210817

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
Post #210819 300
အလားတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ် တို့အပါအဝင် မီးဖိုချောင် သုံး အခြေခံစားကုန်သီးနှံများသည်လည်း ဒေသတွင်းဈေးကွက်လိုအပ်ချက် မြင့်မားစွာ ရှိနေသည့်အတွက် အထွက်နှုန်းများ တိုးတက်ရရှိရေး၊ ဈေးကွက်တိုးမြှင့်ရရှိရေး အလေး ထားဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ အသားထုတ်လုပ်မှုနှင့် ပတ်သက်၍ လည်း ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် ရေထွက်ကုန်များကိုလည်း အထွက်နှုန်းများ တိုးတက်ရရှိအောင် တိုးမြှင့်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပဈေးကွက်လိုအပ်ချက် မြင့်မားစွာ ရှိနေသည့်အတွက် နိုင်ငံ့စီးပွားရေးအားကောင်းလာနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်နေသည်မှာ မှန်မှန်ကန်ကန်နှင့် ကြိုးကြိုးစားစား အလုပ်လုပ်ကြရန်သာဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားရေး တိုးတက်စေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် မည်ကဲ့သို့ ဆောင်ရွက်သွားနိုင်မည်ကို စဉ်ဆက်မပြတ် တွေးခေါ်စီမံဆောင်ရွက်နေရန်လိုကြောင်း။

ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို ဦးစားပေးဆောင်ရွက်သွားကြရန်လိုသကဲ့သို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုများနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေးနှင့် စားသုံးမှုဖူလုံမှု ရှိစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ် စေခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ရေးအတွက်အားလုံးက အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း။

ကုန်သွယ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် အရည်အသွေးကောင်းသည့် ဆန်များကို ပြည်ပသို့တင်ပို့လျက်ရှိပြီး ပို့ကုန်ပမာဏ တိုးမြှင့်ရရှိနိုင်ရေးအတွက် အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများစိုက်ပျိုးရန်၊ ဆန်စက်များ အရည်အသွေး မြှင့်တင်ရန်နှင့် ဈေးကွက်ရရှိရန်လိုကြောင်း၊ ဆန်ထုတ်လုပ်မှုနှင့်အတူ ဆန်ကွဲများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းများ ဆောင်ရွက်ခြင်းအစား အရည်အသွေးမြင့် ထုတ် ကုန်အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဆိုပါက ဝင်ငွေတိုးတက်ရရှိလာနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံများအလိုက် ခန့်အပ်ထားသည့် စီးပွားရေးဆိုင်ရာသံမှူးများ အနေဖြင့်လည်း မိမိတို့နိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်များ ပြည်ပနိုင်ငံများသို့တင်ပို့နိုင် ရေး ဈေးကွက်ရှာဖွေဆောင်ရွက်နေကြရန်လိုကြောင်း။

အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်
အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံသည် လည်း ပြင်းထန်ဆိုးရွားသည့် အပူဒဏ်လွန်ကဲမှုကို ရင်ဆိုင်ကြုံတွေ့လာရနိုင်သည်ဟု သုံးသပ်မှုများရှိနေကြောင်း၊ မကြာမီ မိမိတို့နိုင်ငံ၌ ဆောင်းရာသီသို့ ရောက်ရှိတော့ မည်ဖြစ်သော်လည်း အယ်လ်နီညိုကြောင့် ပူပြင်းခြောက်သွေ့မှုများ၊ မြေအောက်ရေ ခမ်းခြောက်မှုများ ကြုံတွေ့ရနိုင်ကြောင်း၊ လက်ရှိအချိန်၌ပင် အချို့သောမြို့နယ်များ၌ ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားနေမှုများကို တွေ့မြင်ရကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ကြုံတွေ့လာရနိုင်သည့် ရာသီဥတုဆိုးရွားမှုနှင့်ပတ်သက်၍ လိုအပ် သည့် ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်သွားကြရန်လိုပြီး လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညိုရာသီ ဥတုပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ ထိန်းသိမ်းသုံးစွဲခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ရေများ သိုလှောင်စုဆောင်း ခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခြင်း၊ ကြာရှည်စွာအထားခံ စားသောက်၍ရနိုင်သည့် အသီးအနှံနှင့် စားရေရိက္ခာများကို စုဆောင်းထားရှိခြင်းနှင့် မိုးနှောင်းရာသီသီးနှံများကို ပန်းတိုင်ရည်မှန်းချက်ရသည်အထိ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်ခြင်း တို့ဖြင့် ပြင်ဆင်ဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားသည်။
Post #210818 265
နိုင်ငံအတွင်းကုန်ထုတ်လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင် ရေးအတွက် လုပ်သားအရင်းအမြစ်များ ရှိရန်လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်အလုပ်လုပ်ကိုင် နေကြမှုများလည်းရှိပြီး ပြည်တွင်း၌ လုပ်သားအင်အား ဆုံးရှုံးမှုများလည်းရှိကြောင်း၊ ထို့ပြင်မိမိတို့နိုင်ငံ၌ ပညာတတ်လူသားအရင်းအမြစ်များအားနည်းပြီး အများစုမှာ ကိုယ်ကာယပိုင်းကို အားပြု၍ လုပ်ကိုင်ရသည့် လုပ်ငန်းများတွင်သာ လုပ်ကိုင်ကြရကြောင်း။

ထို့ပြင် နယ်မြေမတည်ငြိမ်မှု ဖြစ်ပေါ်လျက်ရှိသည့် ဒေသများတွင်မြေပေါ် မြေအောက် သယံဇာတပစ္စည်းများကို ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ခိုးယူ သုံးစွဲခြင်းများပြုလုပ်၍ ပြည်ပနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ တင်ပို့နေ ကြသဖြင့် နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့တစ်ဦး ချင်း၏ ကိုယ်ကျိုးအတွက် တရားမဝင်သည့် နည်းလမ်းများဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေများရှာဖွေ ရရှိနေကြခြင်းကြောင့် တရားဝင်ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်မှုများအားနည်းပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါ ဒေသများတွင် ဆက်လက်တည်မြဲနေခြင်းဖြစ်ကာ ဒေသတည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်လျက်ရှိနေခြင်းဖြစ်ကြောင်း။

မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက် ပညာရည်မြှင့်တင်မှုလုပ်ငန်းများကို အစဉ်တစိုက်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကလည်း မိမိတို့ နိုင်ငံအနေဖြင့် ပညာရေးအရအားနည်းချက်များစွာ ရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်စီးပွားရေးကို ကွဲပြားစွာသိမြင်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို ကွဲပြားစွာသိမြင်နိုင်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းမှု ပျက် ပြားအောင် ဆောင်ရွက်နေမှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီး နေခြင်းပင်ဖြစ်ကြောင်း။

ဆီထွက်သီးနှံနှင့်ပတ်သက်၍ မိမိအနေဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံများ အောင်မြင်စွာဖြစ်ထွန်းပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန် အမြဲမပြတ်လမ်းညွှန်မှာကြားလျက်ရှိကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးမှုအတွက်လိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်း စားသုံးဆီ ဖူလုံမှုရရှိရေး ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံအောင်ထုတ်လုပ်ပြီး ပိုလျှံမည်ဆိုပါက ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်မည့် ဈေးကွက်လိုအပ်ချက်များ ရှိပြီးဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ အောင်မြင်စွာထွက်ရှိစေရေးအတွက်လည်း လိုအပ်သည့် သွင်းအားစု များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီ နှင့် အခြားအခြေခံလိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားကြရန်လိုကြောင်း၊ ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရေး အတွက် ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာအောင် ဒေသအလိုက် တာဝန်ရှိသူများ အနေဖြင့် တိုက်တွန်းဆောင်ရွက်ကြစေလိုကြောင်း။

မိမိတို့နိုင်ငံသည် ရာဘာထုတ်လုပ်သည့်နိုင်ငံတစ်ခုဖြစ်သဖြင့် ရာဘာကိုအခြေခံ သည့် မော်တော်ဆိုင်ကယ်နှင့် စက်ဘီးတာယာများ၊ ကျွတ်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လိုအပ်သကဲ့သို့ အခြားလူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်သွား နိုင်ရန်လိုကြောင်း၊ အလားတူ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် အမြဲမပြတ် အလေးထား မှာကြားလျက်ရှိကြောင်း၊ ဝါမှ ဝါဂွမ်း၊ ချည်မျှင်၊ ချည်ထည်၊ ပိတ်၊ အထည်အလိပ် စသည်ဖြင့် စဉ်ဆက်မပြတ်သည့် ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း များကို ဖြစ်ပေါ်စေပြီးဝင်ငွေများ တိုးတက်ရရှိစေနိုင်မည် ဖြစ်သည့်အတွက် အောင်မြင် အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။
  • ❤ 1
Post #210817 345
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား လိုအပ်သည်များလမ်းညွှန်မှာကြား

နေပြည်တော် အောက်တိုဘာ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက် ရောက်ကြသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုးဆဲမိမိတို့ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအရ အားကောင်းလာစေရေး ဆောင်ရွက်သွားရန်မှာ အဓိကအရေးကြီးကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော် ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်မလွဲမသွေ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ မကြာမီရက်ပိုင်း အတွင်း ၆ လပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွား ပြန်လည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာလျင် ပြည်သူလူထုမှ အစိုးရအပေါ် ယုံကြည်အားကိုးပြီး အဘက်ဘက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့်ပတ်သက်၍ နိုင်ငံ၏ဂျီဒီပီမှာ ၃ ရာခိုင်နှုန်း ခန့်တိုးတက်လာသည်ဟု အချက်အလက်များအရသိရှိရပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးလျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုူမရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုအားနည်းပြီး နိုင်ငံ၏စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး နေရခြင်း ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ထို့ပြင်ကုန်ထုတ်လုပ်ငန်းများတွင် စွမ်းအား ပြည့် အလုပ်မလုပ်ကြခြင်းများကြောင့်လည်း စီးပွားရေးအရ အားနည်းခြင်းများကို တွေ့ရကြောင်း၊ ထိုသို့ နိုင်ငံရေးအရမတည်ငြိမ်မှုများ ဖြစ်ပေါ်ပြီး စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် ဘဏ္ဍာရေးအရအကူအညီများ မရရှိခြင်း၊ ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်အပြည့်အဝမရရှိခြင်း၊ ကုန်သွယ်မှုများကျဆင်းခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် စွမ်းအားပြည့် လုပ်ဆောင်နိုင်ရန် အခက်အခဲ များဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံရေးအရ မတည်ငြိမ်မှုများနှင့် အဖျက်အမှောင့် လုပ်ရပ်များကြောင့် လုံခြုံရေးထိခိုက်လာကာ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းလာစေခြင်းဖြစ်ကြောင်း။

အကြမ်းဖက်လက်နက်ကိုင်များ၏ လုပ်ရပ်များကြောင့် လမ်းတံတားများနှင့် အခြားအခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် နိုင်ငံတော်မှ ဘဏ္ဍာငွေများ၊ လူ့စွမ်းအားနှင့်အချိန်များကို ထပ်မံ အသုံးပြုရခြင်းကြောင့် မူလရည်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ အခြေအနေသည် “သမင်မွေးရင်း ကျားစားရင်း” ဖြစ်နေသကဲ့သို့ တည်ဆောက်ခြင်း၊ ဖျက်ဆီးခံရခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စသည်ဖြင့် လည်ပတ်နေရသဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပေါ် များစွာထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်စေလျက် ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အကန့်အသတ်များဖြစ်ပေါ်လျက်ရှိ ကြောင်း။
နိုင်ငံမတည်ငြိမ်မှုများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေခဲ့သည်ကို တွေ့ရကြောင်း၊ ထိုသို့သောအခြေအနေတွင် မိမိတို့ အနေဖြင့် မိမိတို့ကြိုးစားလုပ်ကိုင်နိုင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုမူ ဆောင်ရွက်၍ရနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်ရရှိရေးနှင့် အထွက်နှုန်းများ တိုးမြှင့်ရရှိအောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း။
  • 👍 3
Post #210811 418
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား လိုအပ်သည်များလမ်းညွှန်မှာကြား
Post #210810 392

Forwarded from MRTV

အမိမြေကို ကာကွယ်ဖို့ တိုင်းရင်းသားပြည်သူအားလုံး စစ်မှုထမ်းကြစို့
  • 👍 1
Older posts →
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →