TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #210834 328
ပညာရေးကဏ္ဍနှင့်အတူ ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးကိုလည်း ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ “လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့်ခံယူချက်ဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေး အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ထိရောက်သည့်မူဝါဒများချမှတ် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်မှ တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဘက်စုံ ပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အသုံးစရိတ်များ၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ပေါ်ပေါက်လာရေးအတွက် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး ဆိုင်ရာအသုံးစရိတ်များ၊ လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များအပါအဝင် အခြားကဏ္ဍများတွင်လည်း အသုံးစရိတ်များကို လိုအပ်ချက်နှင့်အညီ နှစ်စဉ်ခွင့်ပြုပေးလျက်ရှိကြောင်း။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပေးထားသည့်ရန်ပုံငွေများနှင့် ယခု ထပ်မံခွင့်ပြုမည့် ဖြည့်စွက်ခွင့်ပြုငွေများကို အကျိုးရှိထိရောက်စွာဖြင့် အလေအလွင့်မရှိအောင် စိစစ်သုံးစွဲကြရန်လိုကြောင်း။
ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ရှင်းလင်းတင်ပြမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ထိုသို့ တောင်းခံမှုအပါအဝင် ရငွေ၊ သုံးငွေပြောင်းလဲမှုအရ ပြန်လည် ရေးဆွဲထားသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များကို ထပ်မံထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန် ပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးညိုစောက ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြမှုအခြေအနေ၊ ဖြည့်စွက်ခွင့်ပြုငွေများကို စိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ငွေလုံးငွေရင်း အသုံးစရိတ်အပိုင်းတွင် နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်အရ ယခုဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများအတွက် အသုံးစရိတ်များ၊ လွှတ်တော်ကတိကဝတ်ပြုခဲ့သည့် ကိစ္စရပ်များ အတွက်အသုံးစရိတ်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေမလုံ လောက်သည့် လုပ်ငန်းများ၊ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ထပ်မံရရှိရန်သေချာပြီး ဘဏ္ဍာရေးနှစ်အတွင်း အမှန်တကယ်အကောင် အထည်ဖော်နိုင်မည့် ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အသုံးစရိတ်များကို ဦးစားပေးစိစစ်၍ ခွင့်ပြုပေးခဲ့မှုအခြေအနေ၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများမှ ပိုလျှံငွေအပ်နှံမှု များစွာမရှိစေရန်၊ ဘတ်ဂျက်ခန့်မှန်းမှု အားကောင်းလာစေရန်အတွက် အချို့သော ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများအား မူလခွင့်ပြုငွေအတွင်းပိုလျှံသော ခေါင်းစဉ်များမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ အထွေထွေ ပိုလျှံငွေ(GRF)သို့ အပ်နှံပြီး ပြန်လည်သုံးစွဲခြင်းတို့ကို ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေအပါအဝင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးကော် မရှင်က အတည်ပြုထောက်ခံပေးနိုင်ရန် ဆွေးနွေးတင်ပြသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းနီနီအေး က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံ မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စိစစ်ပြီး ပြည်ထောင်စုမှ ထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေများနှင့်စပ်လျဉ်း၍ သာမာန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ကြွေးမြီ အသုံးစရိတ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများနှင့် စိစစ်ခွင့်ပြုပေးခဲ့မှုအခြေ အနေများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအရ ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ပေးရမည့် ဘဏ္ဍာငွေများအား ဘဏ္ဍာရေးကော်မရှင်က ဆွေးနွေးအတည်ပြု ပေးနိုင်ရန်ဆွေးနွေး တင်ပြသည်။
  • ❤ 2
More from @iprdrnd
  1. Oct 13, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံ…
  2. Oct 13, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံ…
  3. Oct 13, 2026photo post
  4. Oct 13, 2026ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလ…
  5. Oct 13, 2026ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလ…
  6. Oct 13, 2026ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သဘာဝမှပေးထားသည့် သာယာလှပသည့်ကမ်းခြေများ၊…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →