TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #211946 509
ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သဘာဝမှပေးထားသည့် သာယာလှပသည့်ကမ်းခြေများ၊ ကျွန်းစုများ၊ ခရီးသွားအရင်းအမြစ်များ၊ လည်ပတ်ရန်ခရီးစဉ်နေရာများအပြင် ဒေသသာယာလှပရေး၊ စည်းကမ်းစနစ်တကျနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက်လည်း ဒေသနေပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီအလိုက်၊ မိသားစုတစ်စုချင်းစီအလိုက်၊ ရပ်ကွက်၊ ကျေးရွာများ၊ မြို့များအလိုက် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာကြမည်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာကြမည်၊ ထုတ်ပြန်ထားသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာကြမည်ဆိုပါက မိမိတို့ဒေသနှင့် မြို့သာယာလှပမှုသည်လည်း ကောင်းမွန်နေမည်ဖြစ်ကြောင်း။

ထို့အပြင် ရှေးယခင်ကတည်းကတည်ရှိခဲ့သည့် ထားဝယ်အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာတူရိယာပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းရန်လိုသကဲ့သို့ ပြန်လည်ထုတ်ဖော်ပြသသွားရန်လည်းလိုကြောင်း၊ မိမိတို့နိုင်ငံ၏ယဉ်ကျေးမှု၊ မိမိတို့ဒေသ၏ယဉ်ကျေးမှုကို နိုင်ငံတွင်းနေထိုင်ကြသူများ၊ ဒေသတွင်းနေထိုင်ကြသူများ ကိုယ်တိုင်မြတ်မြတ်နိုးနိုးတန်ဖိုးထား ထိန်းသိမ်းဆောင်ရွက်သွားနိုင်ရေး မြို့မိမြို့ဖများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဦးဆောင်ဦးရွက်ပြု၍ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့၏အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများကို အစဉ်အဆက် ထိန်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်များ ပိုမိုနိုးကြားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “အားလုံးက မြန်မာ” ဟူသည့် စိတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်သည့် အလားအလာကောင်းများ၊ အခွင့်အလမ်းကောင်းများ၊ အရင်းအမြစ်များ ပေါကြွယ်ဝစွာရှိပြီးဖြစ်သဖြင့် ဒေသတည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးခြင်း၊ အမှန်တကယ်အလုပ်လုပ်ကိုင်ကြခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်ဖြစ်ပေါ်နေသည့် နည်းပညာများကိုအသုံးချ၍ ဒေသတွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက နိုင်ငံ့စီးပွားရေးသည်လည်း တိုးတက်လာနိုင်မည်ဖြစ်သဖြင့် အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ခင်းကျင်းပြသထားသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ပြီး ပြခန်းအလိုက်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင်လည်း ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်းလိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဆေးရုံအတွက်လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/211941

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
More from @iprdrnd
  1. Oct 14, 2026ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ တွန်းဇံမြို့ ရ…
  2. Oct 14, 2026လဟယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ လူထုအခြေပြု ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ အခမ…
  3. Oct 14, 2026ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး တောင်ကြီးပညာရေးတက္ကသိုလ် သံကူကွန်ကရစ် သင်တန်းသူ(…
  4. Oct 14, 2026(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့…
  5. Oct 14, 2026မွန်ပြည်နယ် မုဒုံမြို့နယ် အပူရှောင်စခန်း ဖွင့်လှစ်ထားရှိမှု နှင့် မှိန်ကနိမ်းကျေးရွာရှိ အိ…
  6. Oct 14, 2026၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက်(အမျိုး…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →