ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား
နေပြည်တော် အောက်တိုဘာ ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ထားဝယ်မြို့ရှိ ပုလဲဧကရီခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြ
ဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ဒေသဆိုင်ရာ အချက်အလက်များ၊ တိုင်းဒေသကြီးအတွင်း မြေအသုံးချမှုနှင့် မိုးရွာသွန်းမှုအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ဒေသဝမ်းစာဖူလုံမှုအခြေအနေများ၊ ပဲမျိုးစုံစိုက်ပျိုးထွက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ ခရီစဉ်လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်လျက်ရှိမှု၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာစေရေး သုတေသနစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဆီကြမ်းထွက်ရှိမှုနှင့် ဒေသဆီဖူလုံမှုရှိစေရေးအတွက် ဆီချောစက်ရုံတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဆီအုန်းစိုက်ပျိုးမှုမှ ဒေသဝင်ငွေရရှိမှု၊ ရာဘာ၊ ကော်ဖီ၊ ကိုကိုးပင်များစိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ မွေးမြူရေးရေထွက်ပစ္စည်းများ ထုတ်လုပ်နိုင်မှုနှင့် တင်ပို့နိုင်မှု၊ ပုစွန်သားဖောက်စခန်းတည်ဆောက်နေမှု၊ ပုလဲ၊ မုတ်ခွံ မွေးမြူထုတ်လုပ်နိုင်မှု၊ နှစ်အလိုက်အိမ်မွေးငှက်သိုက်ထုတ်လုပ်မှုနှင့် အခွန်ကောက်ခံရရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍများ မြင့်မားတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ရာဘာမှ လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
Post #211941
379
- 👍 1