အမရပူရမြို့နယ် ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရား လှေဦးတိုက်ပွဲတော်လှေပြိုင်ပွဲ ဆုချီးမြှင့်
အမရပူရ အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာတွင် မြန်မာတို့၏ရိုးရာယဉ်ကျေးမှု ရိုးရာငှက်လှေလှော်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ အောင်မြေရွှေကြက်ကျဆုတောင်းပြည့်ဘုရားခြေတော်ရင်းရှိ ဧရာဝတီမြစ်ရေပြင်၌ အောက်တိုဘာ ၅ ရက်နံနက်ပိုင်းက ဗိုလ်လုပွဲစဉ်များနှင့်ဆုချီးမြှင့်ပွဲကိုကျင်းပသည်။
ဦးစွာ တာဝန်ရှိသူများကလှေလှော်ပြိုင်ပွဲတွင် ရွှေကြက်ယက်ကျေးရွာအုပ်စုအတွင်းရှိ လှေလှော်အသင်းအသီးသီးမှ ဗိုလ်လုပွဲများယှဉ်ပြိုင်နေကြသည်များကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပထမဆုရရှိသည့် မိုးကောင်းရွာငှက်လှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၅၀)ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ခြောက်သွေးသောက်ရွာ ငှက်လှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၃၀)ကို MBCCD မြို့ပြစီမံကိန်းမှ ဒါရိုက်တာဦးဇော်ရဲဝင်းက လည်းကောင်း၊ တတိယဆုရရှိသော ရွှေလေးကွက်သစ်(၁) ငှက်လှေလှော်အသင်းအား ဂုဏ်ပြုချီမြှင့်ငွေကျပ်သိန်း(၂၀)ကို MBCCD မြို့ပြစီမံကိန်းမှ ဒါရိုက်တာ ဦးအောင်နိုင်ကလည်းကောင်း၊ စတုတ္ထဆုရရှိသော ရွာသစ်ကျေးရွာငှက်လှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းကို ရွှေကြက်ယက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်သူကလည်းကောင်း၊ နှစ်သိမ့်ဆုရအသင်း၁၂သင်းအား ဂုဏ်ပြုချီးမြှင့်ငွေတစ်သိန်းကျပ်စီကို ရွှေကြက်ယက်၊ ရွှေကြက်ကျဂေါပကအဖွဲ့ကလည်းကောင်း ချီးမြှင့်ခဲ့ကြသည်။
အဆိုပါလှေလှော်ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၅ ရွာမှအသင်း ၁၅ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
လဲ့လဲ့ခိုင်
https://t.me/iprdrnd/210848
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #210848
616
- 👍 2
- ❤ 1