မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
မကွေး အောက်တိုဘာ ၁၄
၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့နယ်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းသစ်တောပြုန်းတီးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတို့ကြောင့် ရာသီဥတုဖောက်ပြန်ကာရေဘေးနှင့် မြေပြိုဘေးများပိုမိုကြုံတွေ့နေရပြီး ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်အုပ်စုများပိုမိုထိခိုက်ခံစားရလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံဆန်ဒိုင်းမြို့တွင် အတည်ပြုခဲ့သည့် ဆန်းဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) အကောင်အထည်ဖော်မှုများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂက သတ်မှတ်ထားသည့် အောက်တိုဘာ(၁၃)ရက်နေ့အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၀ ပြည့်နှစ်မှစ၍နှစ်စဉ် ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ်အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ် မှာ "Resilience Starts at Home" "ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ နေအိမ်များမှ စတင်စို့" ဖြစ်ပြီး မိသားစုတစ်စုချင်းစီမှအစပြု၍ သဘာဝဘေးဆိုင်ရာ အသိပညာများရရှိကာ မိမိနေအိမ်နှင့်ရပ်ရွာအတွင်းထိခိုက်ဆုံးရှုံးမှုများလျှော့ချနိုင်ရေးကိုရည်ရွယ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကို ကြိုတင်တားဆီး၍ မရနိုင်သော်လည်း စီမံခန့်ခွဲမှုနှင့်ကြိုတင်ပြင်ဆင်မှုကောင်းမွန်ပါက ဆုံးရှုံးမှုများလျှော့ချနိုင်မည်ဖြစ်သဖြင့် ဗဟိုမှစ၍ မြို့နယ်အဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားပြီး မိမိတို့ကျရာကဏ္ဍမှ မိမိတို့နေအိမ်မှစတင်ကာ ဘေးဒဏ်ခံနိုင်ရည်ရှိသော လူ့အသိုင်းအဝိုင်းဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းကြရန်ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများကို ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်၏သဝဏ်လွှာ သတင်းစကားရုပ်သံ (VideoMessage) ပြသခြင်း၊ အပြည်ပြည်ဆိုင် ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်မှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ခန်းမအတွင်းခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ပြခန်းငယ်များအားလိုက်လံကြည့်ရှုခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသူများအား အယ်လ်နီညို အန္တရာယ်ကာကွယ်ရေးအသိပညာ ပေးလက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့ကြောင်းသိရှိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)
မကွေးတိုင်းဒေသကြီး
https://t.me/iprdrnd/211984
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211984
355
- 👍 6
- ❤ 2