မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တောင်တွင်းကြီးမြို့နယ် လက်ပံရှည်ကျးရွာ တောင်သူ ဦးမောင်ရွှေကြီး၏ ၃ ဧက ချည်မျှင်ရှည်ဝါစိုက်ခင်း ဝါဖြစ်ထွန်းမှု ကြည့်ရှုစစ်ဆေး
မကွေး အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် လက်ပံရှည်ကျးရွာအနီးရှိ တောင်သူ ဦးမောင်ရွှေကြီး၏ ၃ ဧက ချည်မျှင်ရှည်ဝါစိုက်ခင်းဝါဖြစ်ထွန်းမှု ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ လက်ပံရှည်ကျေးရွာအနီးရှိ တောင်သူ ဦးမောင်ရွှေကြီး၏ (၃) ဧက ချည်မျှင်ရှည်ဝါစိုက်ခင်းသို့ရောက်ရှိစဉ် ချည်မျှင် ရှည်ဝါစိုက်ခင်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် မြိုနယ်ဦးစီးမှူးတို့က ချည်မျှင်ရှည်ဝါ ရွှေတောင် ၁၀ စိုက်ပျိုး ဆောင်ရွက်ထာရှိပြီး၊ ဖြည့်စွက်ရေပေးခြင်း၊ မြေသြဇာသုံစွဲခြင်း၊ ပေါင်းနှိမ်နင်းခြင်း၊ ပိုးမွားရောဂါကာကွယ်နိုင်ခြင်း လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်ကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် စပ်မျိုးများစိုက်ပျိုးခြင်းဖြင့် မျိုးစေ့များကုန်ကျစရိတ်များပြီး မျိုးအဖြစ်ပြန်အသုံးပြု၍ မရသည့်အတွက် အထွက်ကောင်းသည့် ရွှေတောင် ၁၀ မျိုးကို ပိုမိုစိုက်ပျိုးသင့်ကြောင်း၊ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများကို အချိန်ကိုက် အချိုးကျ သုံစွဲနိုင်ရေး၊ ရေလိုအပ်ချက် မရှိစေရေး၊ အပင်ဖြစ်ထွန်းချိန်တွင် အစိုဓာတ်လိုအပ်ပါက ဝါအရည် အသွေးကျဆင်းပြီး ဝါဂွမ်းမွေး အရည်အသွေးကျဆင်းနိုင်သည့်အတွက် အလေးထားဆောင်ရွက်သွားကြရန် မှာကြားကာ စိုက်ခင်းများကို လှည်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လက်ပံရှည်ကျေးရွာရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်း၊ ကျေးရွာနေတောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေဖို့အတွက် နည်းစနစ်မှန်ကန်စွာစိုက်ပျိုးတတ်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ် သုံးသီးစိုက်ရရှိအောင်ဆောင်ရွက်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲ သီးနှံများထက် စီးပွားရေးအရ တွက်ခြေကိုက်သည့် သက်ယဉ် အထွက်ကောင်း သီးနှံများကို ရွေးချယ်၍ မျိုးကောင်းမျိုးသန့်များ စနစ်တကျအသုံးပြုပြီး စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးနိုင်မှသာ သီးနှံပေါ်ချိန် သီးနှံအထွက်နှုန်း တိုးတက် ကောင်းမွန်ပြီး ထွက်ရှိသော သီးနှံများမှာ ပြန်လည်ရောင်းချချိန် ဈေးကောင်းရရှိနိုင်မည် ဖြစ်ပါကြောင်း နှင့် တောင်သူများအား ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး၊ သီးနှံအထွက်နှုန်း တိုးတက်ရေးတို့အတွက် စိုက်ပျိုးရေးအသိပညာပေးဆိုင်ရာများကို နည်းပေးလမ်းပြ ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံတောင်သူများက ဝါစိုက်ပျိုးမှုဆိုင်ရာ ဒေသလိုအပ်ချက်များအားတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ဒေသခံများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)
https://t.me/iprdrnd/212283
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212283
261
- ❤ 3