ကော့ကရိတ်မြို့တွင် Malteser Internation မှ မူလွန်ကျောင်းများနှင့် မီးဘေးသင့်အိမ်ထောင်စုများအတွက် နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်နှင့် ကွန်ကရစ်ဘုတ်ချပ်များ ထောက်ပံ့လှူဒါန်း
ကော့ကရိတ် အောက်တိုဘာ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ဒေသတွင်းပညာရေးကဏ္ဍမြှင့်တင်ရန်နှင့် မီးဘေးသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် Malteser International အဖွဲ့မှ နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက်နှင့် ကွန်ကရစ်ဘုတ်ချပ်များ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကော့ကရိတ်မြို့ရှိ ဒေါနခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကော့ကရိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက မြို့ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူရှင်များ၏ ထောက်ပံ့မှုများသည် ပြည်သူများအတွက် အကျိုးပြုပါကြောင်း စသည်ဖြင့်အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ထောက်ပံ့ပစ္စည်းများပေးအပ်ရာ Malteser International အဖွဲ့မှ မူလတန်းလွန်ကျောင်း (၃) ကျောင်းအတွက် Solar Pump (နေရောင်ခြည်စွမ်းအင်သုံးရေစုပ်စက်) (၃) စုံနှင့် နေအိမ်မီးလောင်ကျွမ်းခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၁၁၄)စုအတွက် ပြန်လည် ထူထောင်ရေးသုံးကွန်ကရစ်ဘုတ် (Concrete Board) အချပ်ရေ (၈၈၀) တို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော မိဘပြည်သူများနှင့် မီးဘေးသင့်အိမ်ထောင်စုများကိုယ်စား ဒေသခံပြည်သူတစ်ဦးက လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသော ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
https://t.me/iprdrnd/212304
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212304
212
- 👍 3