ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲ တက်ရောက်
မြောက်ဥက္ကလာ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကုန်ဈေးနူန်းဆင်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီပိုင် အမှတ်(၂) ဈေးတွင် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန် ဖွင့်လှစ်ရာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊ မြို့တော်၀န် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများ ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး၀န်ကြီး မြို့တော်၀န် ဦးမျိုးမြင့်အောင် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများက မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူက အရောင်းဆိုင် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့သည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊ မြို့တော်၀န် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများ ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများလိုက်ပါ၍ ဈေးဆိုင်အား ကြည့်ရှုအားပေး ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကုန်ဈေးနူန်းဆင်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ဈေးများဖြစ် သော မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ အမှတ်(၂) ဈေး ၊ (ဃ) ဈေး ၊ ရတနာသိင်္ဂီဈေးများတွင် ပြည်သူများအား အခြေခံစား သောက်ကုန် ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိ ကြောင်းသိရသည်။
သက်လွင်စိုး(ပြန်/ဆက်)
https://t.me/iprdrnd/212315
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212315
235