TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212310 229
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကျင်းပ

ဘားအံ အောက်တိုဘာ ၁၆

ကရင်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပပြီး အရည်အချင်းရှိသည့် မျိုးဆက်သစ်လူငယ်အားကစားသမားများကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ အောက်တိုဘာ ၁၆ ရက်နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အားကစားသည် လူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္ထပိုင်းကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက စည်းလုံးညီညွတ်မှုကိုပါ ဖော်ဆောင်ပေးနိုင်သည့်စွမ်းအားရှိသည့်အတွက် မြို့နယ်အသီးသီးမှပြိုင်ပွဲအား ကစားသမားများအနေဖြင့် မိမိတို့မြို့နယ်အသင်း အောင်မြင်မှုရရှိရန်အတွက် အားကစားစိတ်ဓာတ်ပြည့်ဝစွာ၊ စည်းကမ်းကောင်းမွန်စွာ၊ အားကစားသမားကောင်းပီသစွာဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ အနိုင်ရရှိအောင်ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဖူဆယ်အသင်း(၇)သင်း အားကစားသမားပေါင်း(၇၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အားကစားသမားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံအားပေးစကားပြော ကြားပြီး အသင်းတစ်သင်းလျှင် ငွေကျပ်(၁၇)သိန်းစီချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲအဖွင့်ပွဲစဉ်အနေဖြင့် ဘားအံမြို့နယ်အသင်းနှင့် မြဝတီမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဖူဆယ်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် တစ်ဖက်(၃)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finn Civil Aid(FCA Myanmar) တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်နေအမျိုးသမီးများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်းဖြင့် ဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း ပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန Incubation Center ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအနေဖြင့် မိမိတို့ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းအရင်းအမြစ်များကိုအသုံးချပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များအဖြစ် တက်လှမ်းနိုင်ရေးအတွက် ယခုသင်တန်းမှသင်ကြားပေးခဲ့သော နည်းပညာများ၊ အသိပညာများကို ပြန်လည်အသုံချပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများ၊ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းထွက်ကုန်ချောပစ္စည်းများကို ပေအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါသင်တန်းတွင် ဘားအံမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်တို့မှ သင်တန်းသူ ၃၀ အား ဒေသထွက်သီးနှံများကိုအခြေခံ၍ ‌ယိုနှင့်ဖျော်ရည်အမျိုးမျိုးပြုလုပ်နည်း၊ ဝိုင်အမျိုးမျိုးပြုလုပ်နည်း၊ ထောပတ်ပေါက်ပေါက်မြေပဲယို၊ မြေပဲဆားလှော်၊ မျှစ်နှမ်းကပ်ကြော်၊ မှိုခြောက်ကြော်၊ သစ်သီးဂျယ်လီပြုလုပ်နည်းများအပြင် စားသောက်ကုန်များကိုအရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာနှင့်ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာသိကောင်းစရာများသိရှိနိုင်ရေး၊ ဒေသထွက်ကုန် ကြမ်းများကို နည်းပညာအကူအညီဖြင့် တန်ဖိုးမြှင့်အောင်ထုပ်ပိုးပြင်ဆင်နိုင်ရေး၊ ကုန်ထုတ်လုပ်မှုမှသည် ဈေးကွက်သို့ ထိရောက်စွာချိတ်ဆက်ရောင်းချနိုင်ရေးစသည့် နည်းပညာများကို စနစ်တကျသင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

https://t.me/iprdrnd/212310

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 3
More from @iprdrnd
  1. Oct 16, 2026ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွ…
  2. Oct 16, 2026ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွ…
  3. Oct 16, 2026ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကျင…
  4. Oct 16, 2026ကော့ကရိတ်မြို့တွင် Malteser Internation မှ မူလွန်ကျောင်းများနှင့် မီးဘေးသင့်အိမ်ထောင်စုမျာ…
  5. Oct 16, 2026ကော့ကရိတ်မြို့တွင် Malteser Internation မှ မူလွန်ကျောင်းများနှင့် မီးဘေးသင့်အိမ်ထောင်စုမျာ…
  6. Oct 16, 2026မလေးရှားနိုင်ငံတွင် အခက်အခဲများကြုံတွေ့ခဲ့ရပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →