နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
နေပြည်တော် အောက်တိုဘာ ၁၆
နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းသည် အဓိကအားဖြင့် ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်ခြင်း တို့ကြောင့်သာဖြစ်ပါကြောင်း၊ လတ်တလော ပြည်သူလူထု ရင်ဆိုင်တွေ့ကြုံနေရသည့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကိုလည်း မိမိတို့ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက် သည်များကို အမှန်တကယ် လုပ်ကိုင်ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဒေသအလိုက် ဝမ်းစာဖူလုံမှုရှိစေရေး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ဒေသလိုအပ်ချက်အပေါ်မူတည်၍ စနစ်တကျတွက်ချက်ကာ တိုးချဲ့ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆီဖူလုံမှုနှင့်ပက်သက်၍ ဆီထွက်သီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ ဖူလုံနိုင်မည်ဖြစ်သော်လည်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်း၊ ဆီထွက်သီးနှံများအား ကြိတ်ခွဲခြင်း မပြုလုပ်ဘဲ မိရိုးဖလာစားသုံးမှု၌ အသုံးပြုခြင်း၊ မြေပဲ၊ နှမ်းတို့ကို ကုန်ကြမ်းအဆင့်ဖြင့် ပြည်ပသို့ တင်ပို့ခြင်းများ ဆောင်ရွက်နေကြသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ပြည်တွင်းဆီ ဖူလုံမှုရှိစေရေး မိမိတို့အနေဖြင့် ဆီထွက်သီးနှံများ အမှန်တကယ် စိုက်ပျိုးကြရန်နှင့် တစ်ဧကအထွက်နှုန်းအတိုင်း ထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ပါက ပြည်ပမှ စားသုံးဆီများ နှစ်စဉ်တင်သွင်းနေရမှုကို များစွာလျော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်စပ်လျဉ်းပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများအနေဖြင့် နေပြည်တော်ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဆန်၊ စားသုံးဆီ၊ အသားငါး၊ ကြက်ဥ၊ ဘဲဥ အပါအဝင်အခြားအခြေခံစားသောက်ကုန်ဈေးနှုန်းများ၏ ပြောင်းလဲမှုအခြေအနေ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လက်တွေ့ဆောင်ရွက်နေမှုများ၊ နေပြည်တော်ကောင်စီ အနေဖြင့် ဆောင်ရွက်ပေးရမည့် အချက်များ၊ လိုအပ်သည်များကို ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထွန်းလင်း(ဇေယျာမြေ)
https://t.me/iprdrnd/212268
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212268
260
- ❤ 4