TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212257 178
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဟားခါး အောက်တိုဘာ ၁၆

ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ဘာသာရပ်များအလိုက် သင်ကြားရေး ဆရာ၊ ဆရာမလိုအပ်ချက်များကို အော့ဖ်လိုင်းမိုဘိုင်းအက်ပ် ( Offline Mobile App ) အသုံးပြု၍ ဖြေရှင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၂ နာရီတွင်   ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဟားခါးတက္ကသိုလ်ပါမောက္ခချုပ်၊ ချင်းပြည်နယ် ပညာရေးမှူး၊ ဟားခါးခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် Zoom Application ဖြင့် ဖလမ်း၊ တီးတိန်၊ မတူပီနှင့် ပလက်ဝခရိုင်/ မြို့နယ်ပညာရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်း အခြေခံပညာ ကျောင်းများ၏ ဘာသာရပ်များအလိုက် သင်ကြားရေး ဆရာ၊ ဆရာမ လိုအပ်ချက်များကြောင့် သင်ကြား ၊ သင်ယူမှုမပျက်အောင် အင်တာနက်၊ WiFi မလိုအပ်ဘဲ ဖုန်းတစ်လုံးရှိရုံနှင့် သင်ခန်းစာများ သင်ကြား၊ သင်ယူ၍ရသည့် နည်းပညာနှင့်ပတ်သက်၍ ဟားခါးတက္ကသိုလ်ပါမောက္ခချုပ်က ရှင်းလင်း သွားမည်ဖြစ်ကြောင်း၊ Offline Mobile App အောင်မြင်ပါက မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်မည်ဖြစ် သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နားမလည်နိုင်သည့် သင်ခန်းစာတစ်ခုကို အဖန် တစ်လဲလဲနားထောင်၍ လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးတက်ရောက်လာ ကြသူများက တက်တက်ကြွကြွ ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်တို့က အခြေခံပညာကျောင်းများ၏ ဘာသာရပ် များအလိုက် သင်ကြားရေး ဆရာ ၊ ဆရာမလိုအပ်ချက်များကို အော့ဖ်လိုင်းမိုဘိုင်းအက်ပ် ( Offline Mobile App ) အသုံးပြု၍ ဖြေရှင်းနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဟားခါးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဖေက Offline Mobile App သင်ခန်းစာ စီမံချက်ရည်ရွယ်ချက်၊ Application အတွက် input များ၊ Hardware Device များ၊ ဘဏ္ဍငွေအရင်းအမြစ်များနှင့် မျှော်မှန်းရလဒ်များဖြစ်သည့် Offline Mobile App သင်ခန်းစာစီမံချက် ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးရွှေလိုင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဟားခါးမြို့ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းအုပ်ကြီးနှင့် Zoom Application ဖြင့် တက်ရောက်သည့် ခရိုင်  မြို့နယ်ပညာရေးမှူးများက ဆွေးနွေးတင်ပြကြသည်။

ဟားခါးတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ ပြည်နယ်ဥပဒေချုပ် ဦးကပ် တလွန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဇောလင်းနှင့် ဖလမ်းမြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ် အမှတ် ( ၂ ) ဦးဝမ်းလျန်းထန်တို့က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

https://t.me/iprdrnd/212257

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 1
More from @iprdrnd
  1. Oct 16, 2026ဒဂုံရွှေပြည်ဈေး၌ ကုန်ဈေးနှုန်းများကျဆင်းစေရေး အခြေခံစားသောက်ကုန်ပစ္စည်းများ‌ ရောင်းချ ပေးမ…
  2. Oct 16, 2026ဒဂုံရွှေပြည်ဈေး၌ ကုန်ဈေးနှုန်းများကျဆင်းစေရေး အခြေခံစားသောက်ကုန်ပစ္စည်းများ‌ ရောင်းချ ပေးမ…
  3. Oct 16, 2026မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တောင်တွင်းကြီးမြို့နယ် လက်ပံရှည်ကျးရွာ တောင်သူ…
  4. Oct 16, 2026မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တောင်တွင်းကြီးမြို့နယ် လက်ပံရှည်ကျးရွာ တောင်သူ…
  5. Oct 16, 2026တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပပြီးစီး မကွေး အောက်တို…
  6. Oct 16, 2026တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပပြီးစီး
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →