ဒဂုံရွှေပြည်ဈေး၌ ကုန်ဈေးနှုန်းများကျဆင်းစေရေး အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချ ပေးမည့် ကွန်တိန်နာဘောက်စ် အရောင်းဆိုင်ခန်းဖွင့်ပွဲအခမ်းအနားကျင်းပ
ဒဂုံမြောက် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဒဂုံရွှေပြည်ဈေးအတွင်း ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများမှ တိုက်ရိုက်လာရောက်ရောင်းချသည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးမည့် ကွန်တိန်နာဘောက်စ် အရောင်းဆိုင်ခန်းဖွင့်ပွဲ အခမ်းအနားကို ဒဂုံရွှေပြည်ဈေး၌ ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ Summit Daily ကုမ္ပဏီမှ ဒေါ်ရွှန်းလဲ့ဝတီအောင်၊ ဒေါ်နန်းမေသက်ခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အရောင်းဆိုင်ခန်းအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်မှ ကွန်တိန်နာဘောက်စ်အရောင်းဆိုင်ခန်း၌ ပြည်သူများ ဈေးလာရောက်ဝယ်ယူမှုကို ကြည့်ရှုအားပေးကာ ဈေးသည်၊ ဈေးဝယ်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန တာဝန်ရှိသူများ၊ ဒဂုံမြို့သစ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် ကွန်တိန်နာဘောက်စ်ဈေးဆိုင်ခန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁ မြို့နယ် ဈေးပေါင်း၂၀ တွင် ဒဂုံရွှေပြည်ဈေးသည် တစ်ခုအပါအဝင်ဖြစ်ပြီး ဈေးပေါင်း ၁၈၅ ခုတွင် ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကိုယ်တိုင်စိုက်ပျိုး မွေးမြူ ထုတ်လုပ်သူများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချခြင်းဖြစ်ပြီး ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ ( ပြန်/ဆက် )
https://t.me/iprdrnd/212288
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212288
269
- 👍 3
- ❤ 1