TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212214 269
ရခိုင်ပြည်နယ်၌ သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့၊ ဆွမ်းတော်ကြီး လောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားများ အစဉ်အလာမပျက် ကျင်းပမည်

စစ်တွေ     အောက်တိုဘာ  ၁၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးနိုင်ဦးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယခင်လောကာနန္ဒာစေတီတော်မြတ်ကြီးတွင် လောင်းလှူသကဲ့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ ဝန်ကြီးဌာနများလက်အောက်ရှိဌာနများ၊ စေတနာရှင်၊ ကုသိုလ်ရှင်များက စည်ကားသိုက်မြိုက်စွာလောင်းလှူပွဲများဆောင်ရွက်ခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ ယခုဆွမ်းတော်ကြီးလောင်းလှူပွဲကို ယခင်လောင်းလှူသကဲ့သို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း  ပြောကြားသည်။

ထို့နောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူးများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် တက်ရောက်လာကြသူများနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး

https://t.me/iprdrnd/212214

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 4
  • 👍 1
More from @iprdrnd
  1. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  2. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  3. Oct 15, 2026ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး…
  4. Oct 15, 2026ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းခ…
  5. Oct 15, 2026မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလ…
  6. Oct 15, 2026ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →