TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212250 62
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက လာရောက်ဂါရဝပြုတွေ့ဆုံ
 
နေပြည်တော် အောက်တိုဘာ ၁၅
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် NCA လက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့သော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
 
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်တို့ တက်ရောက်ကြပြီး NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် စောရွှေဝ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နိုင်အောင်မငေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး စဝ်စိုင်းငင်း၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) အတွင်းရေးမှူး (၁) စောကျော်ညွန့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဗဟိုကော်မတီဝင် စဝ်နော်လိတ်၊ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်တို့ တက်ရောက်ကြသည်။
 
ဦးစွာ နိုင်ငံတော်သမ္မတက ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေဖိုးနှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား တစ်ဦးချင်းရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
 
ထို့နောက် နိုင်ငံတော်သမ္မတက ပြောကြားရာတွင် ယခုကဲ့သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်မှစ၍ ရင်းရင်းနှီးနှီးရှိခဲ့ကြသူများဖြစ်ပြီး ထိုအချိန်မှစတင်၍ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း။
 
လက်ရှိအချိန်တွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ထွက်ပေါ်လာသည့်လွှတ်တော်နှင့် ရွေးကောက်ခံအစိုးရတို့က နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို လိုလားကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် သဘောတူလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တပ်မတော်နှင့် နိုင်ငံရေးအစုအဖွဲ့များ ဆွေးနွေးထားသည့်သဘောတူညီချက် ၄၃ ချက်ကိုလည်း လွှတ်တော်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
 
ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးသဘောတူခဲ့သည့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) အပိုင်း ၁ ၊ ၂ နှင့် ၃ တို့နှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် NCA လက်မှတ်ရေးထိုးခြင်း (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အစည်းအဝေးကို ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ကျင်းပနိုင်ခဲ့မှုအပေါ်လည်း မိမိအနေဖြင့် လှိုက်လှိုက်လှဲလှဲဖြင့် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့နိုင်ငံ အမှန်တကယ်ငြိမ်းချမ်းရေးရရှိရန်လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
  • ❤ 1
More from @iprdrnd
  1. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  2. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  3. Oct 15, 2026ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး…
  4. Oct 15, 2026ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းခ…
  5. Oct 15, 2026မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလ…
  6. Oct 15, 2026ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →