TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212251 90
မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံသို့ ယင်းနိုင်ငံများမှ အကြီးအကဲများ၏ ဖိတ်ကြားချက်များအရ နိုင်ငံတော်အဆင့်ခရီးစဉ်များ သွားရောက်ခဲ့ကြောင်း၊ ထိုသို့ သွားရောက်ချိန်တွင် အဆိုပါနိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်ခဲ့ရကြောင်း၊ ၎င်းတို့အနက် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ယခင်ကပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများရှိခဲ့သော်လည်း ယင်းပဋိပက္ခများချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ခဲ့ကြပြီးနောက် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် အခက်အခဲများအကြားမှ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုအခါ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်လာနေသည်ကို မိမိတို့အနေဖြင့် သင်ခန်းစာယူဖွယ်တွေ့မြင်ရကြောင်း၊ မိမိတို့နိုင်ငံကိုလည်း တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ထို့ကြောင့် ၎င်းတို့၏တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာမှုများကိုအတုယူ၍ ဆောင်ရွက်သွားကြမည်ဆိုပါက မိမိတို့နိုင်ငံအနေဖြင့်လည်း တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲမသွေဖြစ်ပါကြောင်း။
 
မိမိတို့နိုင်ငံတွင် ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ဖိတ်ခေါ်ခဲ့သည့်နေ့မှစ၍ လက်မှတ်ရေးထိုးသည်အထိ ၄ နှစ်ကျော်ကာလအတွင်း တွေ့ဆုံညှိနှိုင်းမှုအကြိမ်ရေ ၅၀၀၀ ကျော် အထိရှိခဲ့ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူချိန် ၅ နှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားမည်ဟု မိမိအနေဖြင့် လွှတ်တော်၌ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်တွဲဆောင်ရွက်၍ရသည့်သူများဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး လက်တွဲဆောင်ရွက်၍ မရသူများကိုလည်း မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ကို နည်းလမ်းရှာဖွေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖြစ်ချင်သည်များကို ပြောကြားနေမည့်အစား ဖြစ်နိုင်သည်နှင့်ဖြစ်သင့်သည်များကို ပြောကြားရန် မိမိအနေဖြင့် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုတက်ရောက်လာကြသူများသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များဖြစ်ကြပြီး မိမိအနေဖြင့် အသိအမှတ်ပြုလေးစားကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မဖြစ်မနေလိုအပ်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင်ဆောင်ရွက်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ သို့မှသာ နိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ပြီး မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု၍ ယနေ့တွင်ကျရောက်သည့် NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် တစ်ဦးတစ်ဖွဲ့ချင်းစီအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
 
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင်များက ယခုကဲ့သို့ (NCA) (၁၁) နှစ်မြောက်အခါသမယတွင် နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်သည့်အခြေအနေများနှင့် NCA လက်မှတ်ရေးထိုးမှုမှစတင်ခဲ့သည့် လမ်းကြောင်းအတိုင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ရရှိရေး နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်နေသည့် ကိစ္စရပ်ဖြစ်ပြီး ငြိမ်းချမ်းမှုရရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ဖြစ်ပေါ်လာမည်ဖြစ်သည့်အခြေအနေများ၊ ပြည်သူလူထုများအနေဖြင့်လည်း ငြိမ်းချမ်းရေးကိုဗန်းပြ၍ လက်နက်ကိုင်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြသည်ကို တစ်စတစ်စ မျက်ဝါးထင်ထင် တွေ့မြင်သိရှိနားလည်သဘောပေါက်လာကြပြီး လက်နက်ကိုင်လမ်းစဉ်ကို တိုင်းရင်းသား ပြည်သူလူထုက ထောက်ခံမှုမရှိကြတော့သည့် အခြေအနေများ၊ လက်ရှိနိုင်ငံတော်အစိုးရမှ ရှေ့ဆောင်၍ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော် အမှန်တကယ်ငြိမ်းချမ်းမှုကို ဆောင်ရွက်လျက်ရှိပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း လိုလားကြသည်ဆိုပါက တွေ့ဆုံဆွေးနွေးမှုများကို လာရောက်ဆောင်ရွက်ကြရန် လိုအပ်သည့်အခြေအနေများ၊ တိုင်းရင်းသားဒေသများ၌ ငြိမ်းချမ်းရေးရရှိလိုသူများနှင့် တိုက်ပွဲဖော်ဆောင်လိုကြသူများဟူ၍ နှစ်ပိုင်းကွဲနေမှုများလည်းရှိနေကြပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားပြီး အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုသည့် ပြည်သူများနှင့်အတူတကွပူးပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားကြသည်။
More from @iprdrnd
  1. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  2. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  3. Oct 15, 2026ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး…
  4. Oct 15, 2026ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းခ…
  5. Oct 15, 2026ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခ…
  6. Oct 15, 2026ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →