တနင်္သာရီတိုင်းဒေသကြီးတိရစ္ဆာန်အစာစပ်စက်ရုံတည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ထားဝယ် အောက်တိုဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီးအတွင်း တိရစ္ဆာန်အစာစပ်စက်ရုံတည်ဆောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ကျော်ကျော်ဦးက တိရစ္ဆာန်အစာစပ်စက်ရုံတည်ဆောက်ရေးလုပ်ငန်းသည် တိုင်းဒေသကြီးအတွက်သာမက အစိုးရအဖွဲ့နှင့်ပြည်သူလူထုအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏စားနပ်ရိက္ခာဖူလုံရေး၊ စားရိတ်ရိက္ခာဖူလုံရေးကဏ္ဍ အားလုံးတွင် စိုက်ပျိုးရေး၊မွေးမြူရေးဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး၏စားနပ်ရိက္ခာဖူလုံရေးသည် နယ်မြေဒေသပထဝီအနေအထားအရ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် တောင်တန်း နှင့်ပင်လယ်ဝန်းရံလျက်ရှိသောကြောင့် တိုးချဲ့စိုက်ပျိုး၍မရသည်ကိုတွေ့ရှိရကြောင်း၊ ဆန်စပါးနှင့်ပတ်သက်၍ ဒေသတွင်းဝမ်းစာဖူလုံမှုမရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ စိုက်ဧကတိုးချဲ့ရေးထက် တစ်ဧကအထွက်နှုန်းတိုးတက်ရရှိရေးကို ကြိုးပမ်းသွားကြရမှာဖြစ်ကြောင်း၊ မွေးမြူသူများအနေဖြင့်လည်း ထုတ်လုပ်မှုစရိတ်ကြောင့် မွေးမြူရန်အခက်အခဲကြုံနေရသည်ကို တွေ့ရှိရကြောင်း၊ အသားထုတ်လုပ်မှု၊ အစာနှင့်ဥထုတ်လုပ်မှုဈေးနှုန်းမြင့်မားလာသောကြောင့် အခြားဒေသမှ ဝင်ရောက်လာသော ကြက်ဥ၊ ကြက်သား၊ ဝက်များစသည်တို့နှင့်မယှဉ်နိုင်ဘဲ အရှုံးခံမွေးမြူရသည့်အနေအထားများဖြစ်နေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ဖြစ်ပေါ်နေရသည့်အခက်အခဲများကို အစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့် ကော်မတီများဖွဲ့စည်းထားရှိရုံမဟုတ်ဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွန်အားတစ်ခုအဖြစ်အရှိန်တိုးမြှင့်နိုင်ရန် အစည်းအဝေးခေါ်ယူခြင်းဖြစ်ကြောင်း၊ ကော်မတီနှင့် အသင်းဝင်များအနေဖြင့်လေ့လာမှုနှင့် စုပေါင်းအင်အားပေါင်းစပ်၍ ထုတ်လုပ်မှုများကိုဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အစာစပ်ထုတ်လုပ်မှုသည်တိုင်းဒေသကြီး၏ ပထမဆုံးခြေလှမ်းဖြစ်သည့်အတွက် အစကောင်းမှအနှောင်းသေချာမည်ဖြစ်သောကြောင့် အစပြု၍ ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း အသေးစား၊ အလတ်စားကနေဖြစ်စေ တစ်တိုင်းလုံးတွင်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်သူများ၏ အနာဂတ်သည် ပိုမိုတိုးတက်လာမည်ဖြစ်သောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အားပေးကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို အမှီသဟဲပြုအားထားနိုင်သည့် လုပ်ငန်းရှင်များဖြစ်စေလိုကြောင်း၊ ယခုလက်ရှိလုပ်ကိုင်နေသော အစုအဖွဲ့အစီအစဉ်များ၊ လေ့လာဆန်းစစ်ထားရှိမှုများ၊ ဆက်လက်လုပ်ကိုင်မည့်ကဏ္ဍများကို ပွင့်လင်းစွာတင်ပြဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးစိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းရှင်များက တွေ့ကြုံနေရသောအခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ၊အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက ဆွေးနွေးတင်ပြချက်များအပေါ်တွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
https://t.me/iprdrnd/212210
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212210
256
- ❤ 1
- 👍 1