TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212126 258
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး (၄)ခရိုင်အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

ထားဝယ်  အောက်တိုဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြိုင်ပွဲဝင်အသင်းများက ခန်းမအတွင်းနေရာယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အားစစ်ရေးပြမှူးမှ ဦးဆောင်၍  အလေးပြုပြီးတန်းအပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ယနေ့ကျင်းပပြုလုပ်သော (၄)ခရိုင် အသက်(၂၅) နှစ် အောက်ဖူဆယ်ပြိုင်ပွဲသည် ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည့်တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ရန် တိုင်းလက်ရွေးစင်ရွေးချယ်နိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သလို ခရိုင်အသီးသီးက အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေး၊ မျိုးဆက်သစ်ဖူဆယ်ကစားသမားများ ထွက်ပေါ်လာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပသော ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ ဖူဆယ်အားကစားနည်းသည် နေရာကျဉ်းကျဉ်းဖြင့် ကစား၍ရသော အားကစားနည်းတစ်ခုဖြစ်သလို ကျေးလက်ဒေသ များပါမကျန်လူငယ်အများအပြား ယှဉ်ပြိုင်ကစားကြသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပ ပေးနေခြင်းသည် အားကစားသမားကောင်းများပေါ်ထွက်လာရေးအတွက် တစ်ခုတည်းကိုသာရည်ရွယ်ပြီး ကျင်းပ နေခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ဂုဏ်၊ နိုင်ငံသူနိုင်ငံသားများ၏အဆင့်အတန်း၊ အားကစားသမား များ၏ စံချိန်စံညွှန်းစသည် တို့ကိုဖော်ဆောင်ပေးနေခြင်းဖြစ်သလို မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက် လာစေရေးနှင့် ဇာတိသွေး၊ ဇာတိမာန်တက်ကြွလာစေရေးတို့အတွက် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှထွက် ပေါ်လာမည့် အရည်အချင်းရှိသောဖူဆယ်ဘောလုံး အားကစားသမား များကို စိစစ်ရွေးချယ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲကိုစေလွှတ် ယှဉ်ပြိုင်သွားမှာဖြစ်‌ သောကြောင့် ဖူဆယ်ဘောလုံး အားကစားသမားများအနေဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အနိုင်မခံအရှုံးမပေးသောအား ကစားစိတ်ဓါတ်အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိပါက ဂုဏ်ပြုချီး မြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသည်။

ထို့နောက် ပထမပွဲစဉ်အဖြစ် ထားဝယ်ခရိုင်(က)အသင်းနှင့် ကော့သောင်းခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှု အားပေးရာ ထားဝယ်ခရိုင် (က)အသင်းက (၄)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင်အမျိုးသားအသက်(၂၅)နှစ်အောက်ဖူဆယ်ပြိုင်ပွဲတွင် အသင်း (၅)သင်းတို့က အုပ်စုများဖွဲ့၍  အောက်တိုဘာ ၂၀  ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

https://t.me/iprdrnd/212126

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
More from @iprdrnd
  1. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  2. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  3. Oct 15, 2026ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး…
  4. Oct 15, 2026ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းခ…
  5. Oct 15, 2026မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလ…
  6. Oct 15, 2026ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →