TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #211814 213
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

မကွေး အောက်တိုဘာ ၁၃
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ ဒုတိယဥက္ကဋ္ဌဦးခင်မောင်ညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြယ်ပွင့်ပြမေးခွန်း(၁၇)ခုကို မေးမြန်းဖြေကြားခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့) စတင်ကျင်းပကြောင်းနှင့် အစည်းအဝေးအထမြောက်ကြောင်း ကြေညာသည်။ ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)သို့ မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်တွင် အတည်ပြုမှတ်တမ်းတင်သည်။

ဆက်လက်၍ တက်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလင်းရေးစသည့် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြယ်ပွင့်ပြမေးခွန်း(၁၇)ခုကို မေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် မူလခန့်မှန်းခြေငွေစာရင်း လျာထားချက်များနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညိုက လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး အဆိုပါ သဘောထားမှတ်ချက် အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)ကို ရပ်နားကာ အစည်းအဝေး(စတုတ္ထနေ့)ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။  

ကိုရဲ ( ပြန်/ဆက် )

မကွေးတိုင်းဒေသကြီး

https://t.me/iprdrnd/211814

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
More from @iprdrnd
  1. Oct 13, 2026စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း အယ်လ်နီညိုဖြစ် စဉ်ကြောင့်…
  2. Oct 13, 2026စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း အယ်လ်နီညိုဖြစ် စဉ်ကြောင့်…
  3. Oct 13, 2026ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပြည်မြို့၌ မြန်မာ့ရိုးရာ ပြည်ဒေသ အစားအစာ…
  4. Oct 13, 2026ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပြည်မြို့၌ မြန်မာ့ရိုးရာ ပြည်ဒေသ အစားအစာ…
  5. Oct 13, 2026ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒိုင်လူကြီးများအား ဂုဏ်ပြုချီးမြှင့…
  6. Oct 13, 2026နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →