TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #211820 316
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာန တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိအမြန်နှုန်း ရေသန့်စင်စက်ရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်တွင် ပြည်သူများ သန့်ရှင်းသောသောက်သုံးရေကို အဆင်ပြေစွာရရှိသုံးစွဲနိုင်ရေးနှင့် ရေသန့်စင်ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ရေသန့်စင်စက်ရုံတည်ဆောက်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကို Clean City၊ Green City၊ Smart City အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရေရယူနိုင်သည့် အရင်းအမြစ်များပေါ်မူတည်၍ ချောင်းမငယ်ဆည်မှ တစ်ရက်လျှင် ရေဂါလံ(၆)သန်းကို ဆင်အုံကန်မှ ရယူသန့်စင် ဖြန့်ဝေပေးလျက်ရှိကြောင်း၊ Supervisory Control And Data Acquisition (SCADA) စနစ်ထိန်းချုပ်ထားသည့်အတွက် ရေသန့်စင်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို ခေတ်မီနည်းပညာများဖြင့် အလိုအလျောက်စောင့်ကြည့် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို ၂၀၂၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် ရေသန့်စင်စက်ရုံ အဆောက်အဦသစ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်တိူ့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

ယင်းနောက် မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် ရေသန့်စင်စက်ရုံအတွင်းရှိ ပန့်များ၊ ရေပေးရေး ဆိုင်ရာပစ္စည်းများနှင့် ဆောင်ရွက်ခဲ့မှုမှတ်တမ်း Light Box များ၊ SCADA System Control Room နှင့် ရေသန့်စင်စက်ရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-II)သို့ ရောက်ရှိ၍ မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သော အဆောက်အအုံများ ပြင်ဆင်ရန် လျာထားဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်‌ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ပုဗ္ဗသီရိမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ ပုဗ္ဗသီရိမြို့နယ်အသင်းက လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
  • 👍 1
More from @iprdrnd
  1. Oct 13, 2026တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ ဆက်လက်ကျင်းပ
  2. Oct 13, 2026တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပ
  3. Oct 13, 2026ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေးသစ် တည်ဆောက်ပြီးစီးမ…
  4. Oct 13, 2026ဖလမ်းမြို့ ငဆစ်ဗား ရေအားလျှပ်စစ်စက်ရုံနှင့် တီးတိန်မြို့အတွင်း ပြန်လည်တည်ဆောက် ပြုပြင်ခြင်…
  5. Oct 13, 2026ရှမ်းပြည်နယ်၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့…
  6. Oct 13, 2026ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →