ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပြည်မြို့၌ မြန်မာ့ရိုးရာ ပြည်ဒေသ အစားအစာပြိုင်ပွဲကျင်းပ
ပြည် အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာပြည်သူ့ခန်းမ၌ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ဒေသသည် သရေခေတ္တရာ အမွေအနှစ်မြေဖြစ်သည့် ပျူမြို့ဟောင်းတည်ရှိရာ နေရာတစ်ခုဖြစ်ပြီး ဒေသရိုးရာ အစားအသောက် ယဉ်ကျေးမှု စုဝေးရာမြို့တစ်ခုလည်းဖြစ်ကြောင်း၊ ဒေသတစ်ခု၏ အစားအသောက် ယဉ်ကျေးမှုဆိုသည်မှာ ထိုဒေသ၏ ရာသီဥတု၊ စိုက်ပျိုးရေးထွက်ကုန်၊ လူနေမှုဘဝနှင့်သမိုင်းကြောင်းတို့ ပေါင်းစပ်ရောင်ပြန်ဟပ်မှုဖြစ်ကြောင်း၊ ခေတ်သစ်ကမ္ဘာ့အမြင်တွင် အစားအသောက် ခရီးသွားလုပ်ငန်း (Food Tourism) သည် ဒေသတစ်ခု၏ စီးပွားရေးနှင့် ခရီးသွားကဏ္ဍကို မောင်းနှင်ပေးနိုင်သည့် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် ဒေသထွက်အစားအစာများအား ဘေးကင်းလုံခြုံပြီး အဆင့်အတန်းမီမီ အရသာရှိရှိဖြင့် ပြည်ပသို့ တင်ပို့နိုင်ရန်၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများက မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာ ယှဉ်ပြိုင်ချက်ပြုတ်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်မြို့ ကျောင်းသား၊ ကျောင်းသူများက ရိုးရာယဉ်ကျေးမှုအကများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ချက်ပြုတ်ပြီးစီးခဲ့သည့် ပြည်ဒေသအစားအစာများဖြစ်သည့် ပြည်ပလာတာ၊ ပြည်ထမင်းသုပ်နှင့် ပြည်ကော်ရည်ခေါက်ဆွဲတို့အား အမှတ်ပေးဒိုင်လူကြီးများနှင့် တက်ရောက်လာကြသည့် ပြည်ဒေသခံပြည်သူများက မြည်းစမ်းအမှတ်ပေးခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အမှတ်ပေးဒိုင်လူကြီးများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ပလာတာနှင့် ပြည်ကော်ရည်ခေါက်ဆွဲ ချက်ပြုတ်ပြိုင်ပွဲတွင် ပထမဆုရရှိကြသူများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ပြည်ထမင်းသုပ်ပြိုင်ပွဲတွင် ပထမဆုရရှိသူကိုလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကဏ္ဍအလိုက် ဒုတိယနှင့် တတိယဆုရရှိသူများကို ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)
https://t.me/iprdrnd/211826
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211826
447
- ❤ 1
- 👍 1