TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #211828 248
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း အယ်လ်နီညိုဖြစ် စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေး တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ် ပေါ်လာနိုင်သည့် ရာသီဥတုဆိုးရွားမှုများအပေါ် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများအား ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ အလေးထားကာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တတ်ခြင်း၊ မိုးခေါင် ရေရှားမှုများဖြစ်ပေါ်လာနိုင်ခြင်း၊ ရုတ်တရက်မုန်တိုင်းတိုက်ခတ်ခြင်းများနှင့် အချိန်အခါ မဟုတ်မိုးရွာသွန်းမှုများဖြစ်ပေါ်လာနိုင်အတွက် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်များ၌ ဘေးအန္တရာယ်မျိုးစုံအတွက် ကြိုဆင်ပြင်ဆင်မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အပူချိန်မြင့်မားမှုကြောင့် မြစ်ချောင်းများနှင့် ဆည်တမံများအတွင်း ရေ ဝင်ရောက်မှု နည်းပါးခြင်းများကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေအခက်အခဲများ ကြုံ တွေ့လာနိုင်ခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့ကျလာနိုင်သည့်အတွက် သောက်သုံးရေးပြတ်လပ်မှုများ မဖြစ်ပေါ်စေရေး၊ အပူဒဏ်ခံနိုင်သည့် သီးနှံများရွေးချယ်

စိုက်ပျိုးသွားကြရန်နှင့် အပူရှောင်စခန်းများဖွင့်လှစ်သွားရေး၊ ဆိုလာလျှပ်စစ်မီးများ ကြိုတင်စီမံ ဆောင်ရွက်သွားရေးတို့အား ဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်းကာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆေးရုံဆေးခန်းများအနေဖြင့်လည်း လိုအပ်သည့် ကုသရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးဝါးများအား ကြိုတင်ဖြည့်တင်းထားရှိရေး၊ ပြည်သူ များအား ကျန်းမာရေးအသိပညာများရရှိစေရန် ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ကြေညာဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသွားခြင်းများအား ဆောင်ရွက်သွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့် ပံ့ပိုးကူညီဆောင်ရွက်မှုများအား ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့ဌာနများအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအခြေအနေများ အား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်။

https://t.me/iprdrnd/211828

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
More from @iprdrnd
  1. Oct 13, 2026ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးဖြစ်စ…
  2. Oct 13, 2026မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်…
  3. Oct 13, 2026မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်…
  4. Oct 13, 2026မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း မွန်ပြည်နယ်အတွင်း စံကိုက်ကျောင်းများ သတ်မှတ်စ…
  5. Oct 13, 2026မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း မွန်ပြည်နယ်အတွင်း စံကိုက်ကျောင်းများ သတ်မှတ်စ…
  6. Oct 13, 2026ရာသီအချိန်အခါအလိုက်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များအား အသိ၊ သတိရှိစွာ ကြိုတင်ပြင်ဆင်ထား…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →