TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #211868 264
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား၊ အယ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်မှုများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မော်လမြိုင် အောက်တိုဘာ ၁၃

မွန်ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ်အနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းထားရှိပြီးဖြစ်၍ ကော်မတီ၏ လုပ်ငန်းတာဝန်များကို သိရှိပြီး အလေးထားလိုက်နာ ဆောင်ရွက် သွားရန်နှင့်  ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် အတည်ပြု လူဦးရေစာရင်းများ တိကျမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် လူဦးရေစာရင်းစိစစ် အတည်ပြုခြင်း လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် လူဦးရေစာရင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်း စိစစ်ပြုစုနေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အများပြည်သူများ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် အသိပညာပေး ဟောပြောခြင်း၊ လှည့်လည်နှိုးဆော်ခြင်း၊ မုန်တိုင်းနှင့် ရေဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိဒေသတွင် သဘာဝဘေး လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းမှုများနှင့် သဘာဝအရင်းအမြစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်မှုများကို အားလုံးဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ သတင်းစကားရုပ်သံ (Video Message)နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် Video Clip တို့အား ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် မွန်ပြည်နယ်အတွင်း သဘာဝဘေးလျော့ပါးရေးဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံပြပွဲများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေး ဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အယ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုးရွားမှုအပေါ် ကြိုတင်ပြင်ဆင် အလေးထားဆောင်ရွက်ထားကြရန် အထူးမှာကြားလိုကြောင်း၊ အပူချိန်မြင့်မားမှု ကြုံတွေ့လာနိုင်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေ အခက်အခဲများ မဖြစ်ပေါ်လာစေရေး၊ အပူဒဏ် ခံနိုင်သည့် သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိနိုင်ရေး ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ လျော့ကျလာနိုင်ခြင်း၊ မီးဘေးအန္တရာယ်များနှင့် အခြားထိခိုက်စေမည့် လူမှုရေး၊ စီးပွားရေး လုပ်ငန်းများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်မည့် အစီအမံများကိုလည်း ဝိုင်းဝန်းဆောင်ရွက် ထားကြမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
More from @iprdrnd
  1. Oct 13, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံ…
  2. Oct 13, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံ…
  3. Oct 13, 2026photo post
  4. Oct 13, 2026ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလ…
  5. Oct 13, 2026ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလ…
  6. Oct 13, 2026ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သဘာဝမှပေးထားသည့် သာယာလှပသည့်ကမ်းခြေများ၊…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →