ရာသီအချိန်အခါအလိုက်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များအား အသိ၊ သတိရှိစွာ ကြိုတင်ပြင်ဆင်ထားရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မှာကြား
မုံရွာ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မျက်မှောက်ကာလတွင် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာခြင်း၊ ပိုမိုအင်အားပြင်းထန်လာခြင်းတို့နှင့်အတူ ထိခိုက် ဆုံးရှုံးမှုများလည်း ပိုမိုကြီးမားလာသည်ကိုတွေ့ရှိရပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ပါးရေးလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် ထိခိုက်ဆုံးရှုူံနိုင်ခြေလျှော့ချရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း “အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံဆောင်ရွက်မည်ဆိုပါက သဘာဝဘေးဒဏ်အား ကြံ့ကြံ့ခိုင်နိုင်သည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ၂၀၂၆-ခုနှစ်မှစ၍ လာမည့်နှစ်များ အတွင်း ရာသီဥတုဖြစ်စဉ်များကြောင့် “စူပါအယ်လ်နီညို”ပြင်းထန်သည့် အပူလိူင်း/အပူဒဏ် ကြုံတွေ့လာနိုင်ကြောင်း ပညာရှင်များမှ နှိုးဆော်အသိပေးထားရှိရာ သဘာဝဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်များအား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ရာသီအချိန်အခါအလိုက်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များအား အသိ၊ သတိရှိစွာ ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားကြရန်နှင့် ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်သည့် လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာရေး အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာရုပ်သံဖိုင် ဗီဒီယို နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့မှ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုလက်မှတ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ခန်းမအတွင်းခင်း ကျင်းပြသထားရှိသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေးမှတ်တမ်းဓာတ်ပုံများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများအား လိုက်လံကြည့်ရှုကာ ဆုရရှိခဲ့ကြသည့် ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်
https://t.me/iprdrnd/211859
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211859
207