တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင် ကျောင်းပြင်ပမူလတန်းပညာရေး မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်
ထားဝယ် အောက်တိုဘာ ၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းပြင်ပ မူလတန်းပညာရေး မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပရာ ဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပူဇော်ပါ၏ မြတ်ဆရာသီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။
ဆက်လက်၍ကျောင်းသား၊ ကျောင်းသူများက ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့လက်ဆောင် ပစ္စည်းများပေးအပ်ပြီး ကန့်တော့ချိုးဖြင့်ညီညာစွာ ရှိခိုးကန်တော့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင်က မိမိတို့အားအသိပညာ၊ အတတ်ပညာ များသင်ကြားပေးခဲ့သော ဆရာ၊ဆရာမများကိုကျေးဇူးတင်ရှိခြင်း၊ ရိုသေလေးစားခြင်းနှင့် ဂါရဝပြုပူဇော်ခြင်းသည် မြတ်သောမင်္ဂလာဖြစ်ကြောင်း၊ ကျောင်းမတက်နိုင်သော ကလေးများကို အခြေခံပညာရေးမလွတ်ကင်းစေရန်၊ စာတတ်မြောက်မှုနှင့် အခြေခံအတတ်ပညာကျွမ်းကျင်မှုများ ရရှိစေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လိုအပ်သည်များကို ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာရေးမှတဆင့်အတန်းပညာ ပြီးဆုံးသည်အထိ ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက်ကန်တော့ခံဆရာကြီး၊ဆရာမကြီးများက ဆုံးမဩဝါဒစကားများပြောကြားခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင် စုသွေး၊ လက်စုံညီရှိခိုးချီ၊ ကလေးများအတွက် ဒီနေ့ စသည့်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့်ကန်တောခံ ဆရာကြီး၊ ဆရာမကြီးများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
https://t.me/iprdrnd/210731
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #210731
399