TGViewer
Channel Public Channel
MOI

MOI

@iprdrnd

To inform, To educate and To entertain
Subscribers
20.3K
Photos
106K
Videos
58.4K
Links
32.3K

Showing posts older than #210748 · Back to latest

Older Posts 8 shown
Post #210747 462
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
 
တောင်ငူ အောက်တိုဘာ ၅
 
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာ (၃) ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
 
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နည်းပညာတက္ကသိုလ် (တောင်ငူ) သို့ရောက်ရှိခဲ့ကာ တာဝန်ခံဆရာမကြီးက နည်းပညာတက္ကသိုလ် (တောင်ငူ) ဆိုင်ရာ အချက်အလက်များအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် နည်းပညာတက္ကသိုလ် (တောင်ငူ) ရှိ စာကြည့်တိုက်သို့သွားရောက်ခဲ့ကာ သုတရသစာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စာတွေ့လက်တွေ့ သင်ကြားရေးဆောင်များနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
 
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာ အုပ်စု၊ ကျွဲကူးကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဒေါ်ခင်နှင်းဦး၏ ဥစားကြက်ကောင်ရေ (၂၀၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စဉ်ဆက်မပြတ် မွေးမြူနိုင်ရေးနှင့် ဇီဝလုံခြုံရေးအား အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ၎င်းနောက် ကေတုမတီရှေးဟောင်းကျုံး မြောက်ဘက်၌ ဆလံချောပြုလုပ်နေမှုနှင့် ထီးလှိုင်လမ်းမှ တောင်ငူတက္ကသိုလ်သို့ ဆက်သွယ်ထားသည့် ၁၅ ပေအကျယ် ကတ္တရာလမ်းအား ၂၂ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
 
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ဆင်စိပ်ကျေးရွာအုပ်စု၊ ရှားရားကုန်းကျေးရွာ၌ CAPI စနစ်ဖြင့် စံကွက်ရိတ်သိမ်း မှတ်တမ်းတင်နေမှုနှင့် တစ်ကွင်းတစ်ဆက်တည်း မိုးစပါးအကွက်ကျယ်စံပြကွက် ဧက (၁၀၀) စုပေါင်းရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ တစ်ဧကပျမ်းမျှ အစိုတင်း (၁၀၁.၃၅) ထွက်ရှိခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိုးစပါးအပြီး သီးထပ်စိုက်ပျိုးရန်အတွက် ဆီထွက်ပဲပုတ်မျိုးစေ့နှင့် စားဖိုဆောင်သီးနှံမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။
 
သက်ဖြိုးကြိုင်(ပြန်/ဆက်)

https://t.me/iprdrnd/210747

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 3
Post #210745 422
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Post #210744 528
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင် အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်  အောက်တိုဘာ  ၅

၂၀၂၆-၂ဝ၂၇ ပညာသင်နှစ်ထားဝယ်မြို့နယ်၊ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၄)နှစ်အောက် (အမျိုးသား၊ အမျိုးသမီး) အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကိုယနေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပရာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင်တက်ရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသည့် အမျိုးသားအမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးရာ (၁)ဂိုး(၁)ဂိုး စီဖြင့်သရေကျနေသည့်အတွက် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာအမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအသင်းက အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာထားဝယ်မြို့နယ်ပညာရေးမှူးဒေါ်စိုးစိုးနွယ်က ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီအသင်းအားဂုဏ်ပြုဆုချီးမြှင့်ပြီး တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက်အကောင်းဆုံး (ဂိုးသမား၊ အနောက်တန်း၊ အလယ်တန်း၊ အရှေ့တန်းနှင့် အကောင်းဆုံးကစားသမား) ဆုရရှိသူများကို တစ်ဦးချင်းဆုနှင့်ငွေသားဆုများ ပေးအပ် ချီးမြှင့်ပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့်ပထမဆုရရှိသည့်အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအသင်းအားလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့်ပထမ ဆုရရှိသည့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းအသင်းအားလည်းကောင်းတစ်ဦးချင်းဆုနှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင်က အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအသင်းအား တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

https://t.me/iprdrnd/210744

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👏 2
  • 👍 1
Post #210735 429
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင် အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
Post #210734 443
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သီတင်းကျွတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက်များတွင် ဟိုတယ် ၈၈ လုံး ကြိုတင်ချိတ်ဆက်မှာယူထားကာ ပြည့်နေပြီဖြစ်

ညောင်ဦး အောက်တိုဘာ ၅


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလေ့လာရေးလာရောက်မည့်သူများ သီတင်းကျွတ်ကာလ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ပုဂံဒေသသို့ ဘုရားဖူးလာရောက်ကြရန် ဟိုတယ်၊ မိုတယ်များ ကြိုတင်ချိန်ဆက် အခန်းယူမှုများပြားလျက်ရှိရာ အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်၍ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ ၈၈ လုံး ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ထံက သိရသည်။

သီတင်းကျွတ်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွား ဘုရားဖူးလေ့လာရေးလာရောက်သူ နှစ်စဉ်နှစ်တိုင်း များပြားလျက်ရှိရာ သီတင်းကျွတ်အချိန် မိဘဘိုးဘွားများ၊ ဆွေမျိုးမိတ်ဆွေများထံပြန်၍ ကန်တော့ကြရင်း ဘုရားဖူး လာရောက်ကြ ကြောင်း၊ ပုဂံဘုရားများဖူးရန် ရည်ရွယ်ထားသူများသည် အောက်တိုဘာ ပထမပတ်ထဲက ဟိုတယ်/မိုတယ်/တည်းခိုရိပ်သာများသို့ အွန်လိုင်းမှ တစ်ဆင့် ကြိုတင်ချိတ်ဆက်ထားကြကြောင်း သိရသည်။

သီတင်းကျွတ်ရုံးပိတ်ရက်/ကျောင်းပိတ်ရက်များတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့  ကြိုတင်လာရောက်လေ့ရှိကြပြီး သီတင်းကျွတ်ရုံးပိတ်ရက်များတွင် တစ်ရက် ဘုရားဖူးခရီးသွား တစ်သိန်းမှ တစ်သိန်းခွဲထိလာ ရောက်လေ့ရှိကာ နေ့ချင်းပြန် ခရီးသွားများက ပိုမိုများပြားကြောင်း ပုဂံဒေသရှိ သမိုင်းဝင်အထင်ကရဘုရားများကို ဖူးမြော်ခြင်း၊ နံရံဆေးရေးပန်းချီများလေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီဆွဲကြခြင်းများ ပြုလုပ်ကြကြောင်း၊ အချို့ဘုရားဖူးများက မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက် ငှားစီးခြင်းများ ပြုလုပ်ကြကြောင်း၊ သီတင်းကျွတ်ကျောင်းပိတ်ရက်/ရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူးလေ့လောရေးလာရောက်မည့်သူများ ညောင်ဦးမြို့၊ ပုဂံမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ ကြိုတင်ချိတ်ဆက်ကာ သီတင်းကျွတ်အားလပ်ရက် အောက်တိုဘာ  ၂၄ ရက်၊နေ့မှ အောက်တိုဘာ ၂၆ ရက်နေ့အထိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကြိုတင်မှာယူ ချိတ်ဆက်မှုများဖြင့် ဟိုတယ်၊ မိုတယ်  ၈၈ လုံးပြည့်နေပြီဖြစ်ကြောင်း သိရသည်။

ဒီပါလင်း

https://t.me/iprdrnd/210734

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
Post #210732 401
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သီတင်းကျွတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက်များတွင် ဟိုတယ် ၈၈ လုံး ကြိုတင်ချိတ်ဆက်မှာယူထားကာ ပြည့်နေပြီဖြစ်
  • 👍 2
Post #210731 399
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင် ကျောင်းပြင်ပမူလတန်းပညာရေး မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် အောက်တိုဘာ ၅


၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းပြင်ပ မူလတန်းပညာရေး မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပရာ ဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပူဇော်ပါ၏ မြတ်ဆရာသီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။

ဆက်လက်၍ကျောင်းသား၊ ကျောင်းသူများက ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့လက်ဆောင် ပစ္စည်းများပေးအပ်ပြီး ကန့်တော့ချိုးဖြင့်ညီညာစွာ ရှိခိုးကန်တော့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင်က မိမိတို့အားအသိပညာ၊ အတတ်ပညာ များသင်ကြားပေးခဲ့သော ဆရာ၊ဆရာမများကိုကျေးဇူးတင်ရှိခြင်း၊ ရိုသေလေးစားခြင်းနှင့် ဂါရဝပြုပူဇော်ခြင်းသည် မြတ်သောမင်္ဂလာဖြစ်ကြောင်း၊ ကျောင်းမတက်နိုင်သော ကလေးများကို အခြေခံပညာရေးမလွတ်ကင်းစေရန်၊ စာတတ်မြောက်မှုနှင့် အခြေခံအတတ်ပညာကျွမ်းကျင်မှုများ ရရှိစေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လိုအပ်သည်များကို ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာရေးမှတဆင့်အတန်းပညာ ပြီးဆုံးသည်အထိ ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက်ကန်တော့ခံဆရာကြီး၊ဆရာမကြီးများက ဆုံးမဩဝါဒစကားများပြောကြားခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင် စုသွေး၊  လက်စုံညီရှိခိုးချီ၊  ကလေးများအတွက် ဒီနေ့ စသည့်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့်ကန်တောခံ ဆရာကြီး၊ ဆရာမကြီးများက  ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

https://t.me/iprdrnd/210731

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
Post #210723 389
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင် ကျောင်းပြင်ပမူလတန်းပညာရေး မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်
Older posts →
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →