ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၅ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် တောင်ငူမြို့၊ (၂) ရပ်ကွက်ရှိ ဦးရဲလင်း၏ အေးမေတ္တာဆန်စက်နှင့် စပါးခွံလောင်စာတောင့် ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးတွေဝင်းသည် တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်ရှိ ဦးဇော်မင်းထက်၏ သဇင်ဝါမုန့်လုပ်ငန်းသို့ သွားရောက်၍ အလုပ်ရုံအတွင်း စက်များပြင်ဆင်စမ်းသပ်လည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ရှင်းလင်းဆောင်၌ တောင်ငူကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးက ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အားကစားပစ္စည်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၏ Server Room ၊ စာကြည့်တိုက်တို့အား လှည့်လည်ကြည်ရှုခဲ့ပြီး သုတ/ ရသစာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီမြို့သစ်ရှိ လုပ်ငန်းရှင် ဦးစိုင်းဇာနည်၏ Pioneer ကော်ဖီမှုန့်လုပ်ငန်းနှင့် ဒေသထွက်စားသောက် ကုန်လုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)
https://t.me/iprdrnd/210706MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23kFor IOS
https://rb.gy/vgdhqcSubscribe to Myanmar Newspaper
https://t.me/myanmarnewspaperSubscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrndView to mTube Video Streaming Platform
https://mtube.gov.mm