TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212390 278
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဇမ္ဗူသီရိမြို့နယ်၊ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီးနှင့် ပျဉ်းမနားမြို့နယ်၊ သကြားစက်လမ်းဆုံတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနတာဝန်ရှိများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီးနှင့် ပျဉ်းမနားမြို့နယ်၊ သကြားစက်လမ်းဆုံတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဓာတုစယဓာတ်ပေါင်းစုစေတီတော် မြတ်ကြီးအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အပင်များအလင်းဖွင့်ခြင်း၊ မြက်ပင်၊ ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူတို့အား စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချ ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် စေတီတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သကြားစက်လမ်းဆုံ လမ်းဘေးဝဲ/ယာတွင် မြက်ချုံများအား ထွန်စက်ဖြင့် ရှင်းလင်းခြင်း၊ မြက်ဖြတ်ခြင်းနှင့်သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား နေပြည်တော်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြေရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

အလားတူ ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်အတွင်း ကျန်ရှိသည့်မြို့နယ်များတွင်လည်း အပတ်စဉ်စနေ‌နေ့တိုင်း သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သျှင်ဦးမောင်

https://t.me/iprdrnd/212390

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
More from @iprdrnd
  1. Oct 17, 2026ချင်းပြည်နယ်၊တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် 100mA Fixed Type Digital X-ray တ…
  2. Oct 17, 2026ချင်းပြည်နယ်၊တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် 100mA Fixed Type Digital X-ray တ…
  3. Oct 17, 2026ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွေ…
  4. Oct 17, 2026ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွေ…
  5. Oct 17, 2026နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဇမ္ဗူသီရိမြို့နယ်၊ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်က…
  6. Oct 17, 2026စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာအလယ် တန…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →