TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212386 208
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာအလယ် တန်းကျောင်းခွဲဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကြည့်ရှု

မုံရွာ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ခြင်များပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပလပ်စ တစ်အမှိုက်များနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမှုများအား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများမှစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှု ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာဘူတာရုံ ပတ်ဝန်းကျင်နှင့် ဘူတာရုံအတွင်း၌ မြန်မာ့မီးရထားဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် မုံရွာမြို့ပေါ်ရှိ မြို့မိမြို့ဖများ၊ စက်မှုလုပ်ငန်းရှင်များ၊ သန္ဓေ/ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း ယခင်က ဖြစ်ပွားခဲ့သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေး အန္တရာယ် ဖြစ်စဉ်များတွင် ပါဝင်ကူညီခဲ့ကြသည့် သန္ဓ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များအား မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ တပ်ဖွဲ့ဝင်/အသင်းအဖွဲ့ဝင်များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တတ်ခြင်း၊ မိုးခေါင်ရေရှားမှုများဖြစ်ပေါ်လာနိုင်ခြင်း၊ ရုတ်တရက်မုန်တိုင်း တိုက်ခတ်ခြင်းများနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများဖြစ်ပေါ်လာနိုင်အတွက် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များအနေဖြင့်လည်း ဘေးအန္တရာယ်မျိုးစုံအတွက် ကြိုဆင်ပြင်ဆင်မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူများအတွက် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ ဆည်တမံများ၊ အင်းအိုင်များ၊ ကန်များအတွင်း ရေများဖြည့်တင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များမှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လက်တွဲညီစွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ မြို့မိမြို့ဖများ၊ စက်မှုလုပ်ငန်းရှင်များ၊ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် နံနက်စာ အတူတကွ သုံးဆောင်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

https://t.me/iprdrnd/212386

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
More from @iprdrnd
  1. Oct 17, 2026ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွေ…
  2. Oct 17, 2026ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွေ…
  3. Oct 17, 2026နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဇမ္ဗူသီရိမြို့နယ်၊ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်က…
  4. Oct 17, 2026နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဇမ္ဗူသီရိမြို့နယ်၊ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်က…
  5. Oct 17, 2026စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာအလယ် တန…
  6. Oct 17, 2026ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော် (၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင်…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →