ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် (၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေး အလံပေးအပ်
ပုသိမ် အောက်တိုဘာ ၁၇
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စနစ်တကျလေ့ကျင့်ပြီးဖြစ်ပါကြောင်း၊ နည်းပြများနှင့် အုပ်ချုပ်သူများသည် အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်များဖြစ်သဖြင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက် ကြရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်၊ နည်းပြများအနေဖြင့် ပြိုင်ပွဲဝင်များ သွားလာနေထိုင်မှုများနှင့် စည်းကမ်းတကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ဆုတံဆိပ်များစွာရရှိ၍ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ယခင်နှစ်ယှဉ်ပြိုင်ရာတွင် တွေ့ကြုံရသည့်အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြပြီးနောက် တိုင်ဒေသကြီးဝန်ကြီးချုပ်က (၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်
https://t.me/iprdrnd/212383
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212383
297
- 👍 1