ချင်းပြည်နယ်၊တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် 100mA Fixed Type Digital X-ray တပ်ဆင်ပြီးစီးမှုအခြေအနေနှင့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ ကြည့်ရှုစစ်ဆေး
ဖလမ်း အောက်တိုဘာ ၁၇
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ အောက်တိုဘာလ (၁၆) ရက် မနက်ပိုင်းက ချင်းပြည်နယ်၊ တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် 100mA Fixed Type Digital X-ray စက် တပ်ဆင်ပြီးစီးမှု အခြေအနေကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တီးတိန်ပြည်သူ့ဆေးရုံ ဓါတ်မှန်ဌာန မျက်နှာစာတွင် 100mA Fixed Type Digital X-ray စက် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာချုပ် ဦးသန်းထူးအောင်နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်း၊ တီးတိန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် 100mA Fixed Type Digital X-ray စက် လက်တွေ့အသုံးပြုနေမှုအား ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ် ဒေါက်တာထောင်းရှန်းစောန်းခိုင်မှ စက်တပ်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေါက်တာကျော်ကံကောင်းမှ ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲမှ ဒေသခံပြည်သူများ ကောင်းမွန်သည့် ဝန်ဆောင်မှု ရရှိနိုင်ရန် ရည်ရွယ်ဖြည့်ဆည်းပေးခြင်းဖြစ်သည့်အတွက် အကျိုးရှိရှိ အသုံးပြုရန်နှင့် စက်ထိန်းသိမ်းခြင်းကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားသည်။
100mA Fixed Type Digital X-ray စက်တပ်ဆင်ခြင်းဖြင့် ရောဂါရှာဖွေခြင်းကို ချက်ခြင်း ဆောင်ရွက်နိုင်သည့်အပြင်၊ ယင်းဓါတ်မှန်စက်မှ ကြည်လင်ပြတ်သားသော ဓါတ်မှန်ပုံရိပ် ရရှိနိုင်သောကြောင့် လူနာများအား ရောဂါကုသရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ(၁၇)ရက် မနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဖလမ်းခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် စုပေါင်းအင်အား(၂၇၃)ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဖလမ်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အပျက်အစီးများ စနစ်တကျ ဖယ်ရှားရှင်းလင်းခြင်း၊ ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ပန်းခြံမြေပြုပြင်ခြင်းနှင့် ပြည်သူများ ကျန်းမာရေးလေ့ကျင့်ခန်း ဆောင်ရွက်နိုင်မည့်နေရာများတွင် ဆောင်ရွက်ကြရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့များမှ စုပေါင်းသန့်ရှင်းရေးအဖွဲ့များအား အာဟာရမုန့်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်
https://t.me/iprdrnd/212400
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212400
378
- 👍 2
- 🥰 2