ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြိုနယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှု
ဟိုပုံး အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းကြီးမှကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် နာဂပုရသာမဏေကျော် စာမေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုများကို အောက်တိုဘာလ(၁၄)ရက်နေ့က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် စာမေးပွဲကြီး အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဖြေဆိုမည့်နေရာများ ပြင်ဆင်ထားရှိမှု၊ ရဟန်း၊ သာမဏေနှင့် သီလရှင်များ အဆင်ပြေစေရေးစီစဉ်ဆောင်ရွက်ထားရှိမှု၊ ဒေသခံပြည်သူများလုပ်အားပေးဆောင်ရွက်နေမှု၊ နေရာထိုင်ခင်းနှင့် လိုအပ်သည့်အထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့အပြင် စာမေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးလိုသည်များ အချိန်မီဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ နာဂပုရသာမဏေကျော်စာမေးပွဲကြီးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့မှ နိုဝင်ဘာလ(၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းဘုန်းတော်ကြီးကျောင်းများမှ မူလတန်းအဆင့်၊ ပထမဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်းအပါး(၄၀၀၀) ကျော် ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)
https://t.me/iprdrnd/212273
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212273
153
- ❤ 2
- 👍 1
- 👏 1