ကျောက်ဆည်မြို့၏ ၂၀၂၆ ခုနှစ် ဆင်အကအလှပြိုင်ပွဲ၌ ဆင်အစီးရေ ၁၄၂ စီးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ကျောက်ဆည် အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပမည့် ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆင်အစီးရေ ၁၄၂ စီးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်အကအလှပြိုင်ပွဲကို ရိုးရာမပျက်စည်ကားသိုက်မြိုက်စေရန်အတွက် ဧည့်ခံဖျော်ဖြေရေးအပိုင်းနှင့် ပြိုင်ပွဲဝင်ကပြဖျော်ဖြေရေးဟူ၍ ကျင်းပမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်အဖြင့် ဈေးပတ်ဆင် ၅၁ စီးမှ မြို့မဈေးကြီးအားပတ်၍ လည်းကောင်း၊ အသက်ကြီးဆင် ၆ စီးမှ မြို့တွင်းလမ်းများသို့လှည့်၍လည်းကောင်း ကပြဖျော်ဖြေသွားမည့်အပြင် ကလေးဆင်၊ လူကြီးရိုးရာဆင်၊ ဘော်ခြယ်ဆင်နှင့် သဘာဝတီထွင်ဆန်းသစ်ဆင် ၈၂ စီးမှလည်း ဈေးတန်းရပ် ရွှေသာလျောင်းတော်ခြေရှိ ဆင်အကအလှပြိုင်ကွင်းတွင် ဆောက်လုပ်ထားသော ဗဟိုမဏ္ဍပ်အမှတ်ပေးဒိုင်(၁)၊ ရန်ကုန်-မန္တလေး ကားလမ်းနှင့် ကျောက်ဆည်-တံတားဦးလမ်းဆုံတွင် ဆောက်လုပ်ထားသော အမှတ်ပေးဒိုင်(၂)၊ စုကြီးရပ်ကွက် လေးမျက်နှာဘုရားဝန်းတွင် ဆောက်လုပ်ထားသော အမှတ်ပေးဒိုင်(၃)တို့တွင် အလှည့်ကျပြိုင်ပွဲဝင်၍ ကပြယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဆင်အကအအလှပြိုင်ပွဲတွင် ထပ်တိုးပြိုင်ပွဲဝင်ဆင်နှင့်ဧည့်ခံဆင်များရှိပါက လက်ခံပါဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း ဆင်အကအလှပြိုင်ပွဲကော်မတီမှ သိရသည်။
ဆင်အကအလှပြိုင်ပွဲတွင် ပါဝင်ယှဉ်ခဲ့သောဆင်များအား ဆုများထိုက်တန်စွာချီးမြှင့်နိုင်ရေး ဒိုင်အဖွဲ့များက ဆင်အကအလှအပိုင်းတွင် ဦးခေါင်း၊ ကိုယ်၊ လက်၊ ခြေ၊ အချိုးအဆစ်ပြေပြစ်မှုနှင့်ခိုင်ခံ့သပ်ရပ်မှု၊ အဆင်တန်ဆာပြည့်စုံလှပမှုနှင့် ရိုးရာအသွင်သဏ္ဍန်ပေါ်လွင်မှု၊ ရတနာ(၃)ပါးကန်တော့ခန်းနှင့် နတ်ပင့်(စာတော်တိုက်)၊ ဆင်ဖမ်းအက၊ ရိုးရာအက၊ စိတ်ကြိုက်ခေတ်ခန်းအကနှင့် ဆင်ဦးစီးသရုပ်ဆောင်ပိုင်နိုင်မှုများ၊ သီချင်းသီဆိုမှုအပိုင်းတွင် တေးသွားသည်မြန်မာဆန်၍ သံစဉ်ဆန်းသစ်လှပမှု၊ စာသားသည် ဒေသဂုဏ်၊ ဇာတိဂုဏ်နှင့် ဆင်လှူပွဲတော်အားဖော်ညွှန်းနိုင်မှု၊ ပင်ကိုယ်အသံကောင်းမွန်၍ ရှင်းလင်းပြတ်သားမှု၊ တီးလုံးတီးကွက်နှင့် လိုက်လျောညီထွေ၍ နားဆင်သူသို့စွဲမတ်စေနိုင်မှု၊ အဆိုစနစ်ကျမှုနှင့် အလွတ်သီဆိုနိုင်မှုများ၊ အတီအးမှုတ်အပိုင်းတွင် အတီးသံစဉ်များမှန်ကန်ညီညွတ်ခြင်း၊ တူရိယာတစ်ခုခြင်းအလိုက် တစ်ဦးချင်းမှ သေသပ်စွာတီးမှုတ်နိုင်ခြင်း၊ တီလုံးတီးကွက် ဆန်းသစ်တီထွင်မှု၊ အတီးပိုင်းတစ်ခုလုံး အပေးအယူမျှ၍ ညီညွှတ်စွာပေါင်းစပ်တီးမှုတ် နိုင်မှုများနှင့် တူညီဝတ်စုံဝတ်ဆင်ထားမှု၊ ပြိုင်ပွဲစင်မြင့်သို့ အတက်အဆင်းပုံစံကျမှု၊ စည်းလုံးညီညွှတ်၍ မြိုင်ဆိုင်တက်ကြွမှု၊ ပြိုင်ပွဲသတ်မှတ်ချိန် ယှဉ်ပြိုင်နိုင်ခြင်းနှင့် ဒိုင်လူကြီးများအားလေးစားမှု စသည့်အချက်များအား စိစစ်အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ကြောင်းနှင့်ပြိုင်ပွဲများအပြီးတွင် ဆုရရှိသွားသည့်ဆင်အဖွဲ့များအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
https://t.me/iprdrnd/212292
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212292
282
- 👍 3
- ❤ 1
- 👏 1