မလေးရှားနိုင်ငံတွင် အခက်အခဲဒုက္ခများကြုံတွေ့ခဲ့ရပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား နွေးထွေးစွာကြိုဆို
ကော့သောင်း အောက်တိုဘာ ၁၆
နိုင်ငံတော်မှပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်ပေးလျက်ရှိရာ မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ယနေ့နံနက်ပိုင်းက မြိတ်မြို့မှတစ်ဆင့် ကော့သောင်းမြို့နေရပ်ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို ကော့သောင်းမြို့မဆိပ်ကမ်းတွင် တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်အစိုးရသည် မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများ ကြုံ တွေ့နေရသည့် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားပြီး လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းကာ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သူ (၁၄၂)ဦးကို ရန်ကုန်မြို့မှ မြိတ်မြို့သို့ဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် တိုင်းဒေသကြီးအတွင်းရှိ နေရပ်ဒေသအသီးသီးသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့နယ်အတွင်းနေထိုင်သူ (၁၅) ဦးအား ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ ဟံသာဝတီခန်းမတွင် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ UID စစ်ဆေးခြင်း၊ e-ID စစ်ဆေးခြင်းနှင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်၍ သက်ဆိုင်ရာနေရပ်အသီးသီးသို့ မိဘ/အုပ်ထိန်းသူများအတူ တစ်ပါတည်းလွှဲပြောင်းပေးလျက်ရှိကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)
https://t.me/iprdrnd/212264
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212264
131
- ❤ 1