TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212128 325
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
 
ပဲခူး အောက်တိုဘာ ၁၅

 
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။
 
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်နိုင်ရေး ဘက်ပေါင်းစုံမှ ပံ့ပိုးဆောင်ရွက်ပေးရန်လိုကြောင်း၊ ပန်းတိုင်အထွက်နှုန်းမရရှိသေးသည့် နေကြာ၊ ပဲဇဉ်းငုံ၊ နှမ်း စသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ရန်နှင့် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူဒဏ်ခံနိုင်ပြီး ရေအနည်းလို သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန်လိုကြောင်း၊ စိုက်ပျိုးရေ ခက်ခဲမှုမရှိစေရေး ချောင်းပိတ် မြောင်းပိတ် လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ရန်၊ ခရိုင်/ မြို့နယ်အလိုက် မြေအမျိုးအစား အားသာချက်အပေါ်မူတည်၍ သီးနှံ Export Zone များ သတ်မှတ်ဖော်ဆောင်ရန်၊ ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ရေးအတွက် သဘာဝမြေဩဇာသုံးစွဲခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် မွေးမြူရေးကဏ္ဍတွင်လည်း တစ်ပိုင်တစ်နိုင် မွေးမြူသူများအား စီးပွားဖြစ် တိုးချဲ့မွေးမြူနိုင်ရေး ပံ့ပိုးပေးသွားရန် စသည်ဖြင့်မှာကြားသည်။
 
ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေရရှိရေး၊ မြေအမျိုးအစားလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးပြောင်းလဲစိုက်ပျိုးမည့် အခြေအနေများနှင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ပြင်ဆင်ထားရှိမှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
 
ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုဦးက တင်ပြချက်များနှင့်ပတ်သက်၍ အကြံပြုသုံးသပ်တင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များကို အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
 
သက်ဖြိုးကြိုင် (ပြန်/ဆက်)

https://t.me/iprdrnd/212128

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 4
More from @iprdrnd
  1. Oct 16, 2026မလေးရှားနိုင်ငံတွင် အခက်အခဲများကြုံတွေ့ခဲ့ရပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ…
  2. Oct 16, 2026မလေးရှားနိုင်ငံတွင် အခက်အခဲများကြုံတွေ့ခဲ့ရပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ…
  3. Oct 16, 2026ကျောက်ဆည်မြို့၏ ၂၀၂၆ ခုနှစ် ဆင်အကအလှပြိုင်ပွဲ၌ ဆင်အစီးရေ ၁၄၂ စီးဖြင့် စည်ကားသိုက်မြိုက်စွာ…
  4. Oct 16, 2026ကျောက်ဆည်မြို့၏ ၂၀၂၆ ခုနှစ် ဆင်အကအလှပြိုင်ပွဲ၌ ဆင်အစီးရေ ၁၄၂ စီးဖြင့် စည်ကားသိုက်မြိုက်စွာ…
  5. Oct 16, 2026ဒဂုံရွှေပြည်ဈေး၌ ကုန်ဈေးနှုန်းများကျဆင်းစေရေး အခြေခံစားသောက်ကုန်ပစ္စည်းများ‌ ရောင်းချ ပေးမ…
  6. Oct 16, 2026ဒဂုံရွှေပြည်ဈေး၌ ကုန်ဈေးနှုန်းများကျဆင်းစေရေး အခြေခံစားသောက်ကုန်ပစ္စည်းများ‌ ရောင်းချ ပေးမ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →