မြစ်ကြီးနားမြို ဧရာဝတီမြစ်ကမ်းဘေး၌ ညနေခင်းဈေး (Night Market) ဖွင့်လှစ်နိုင်ရေးနှင့် ပလနကျေးရွာအုပ်စုအတွင်း မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး စီစဉ်ဆောင်ရွက်
မြစ်ကြီးနား အောက်တိုဘာ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော် ဆိပ်ကမ်းမှ စီတာပူရပ်ကွက်အတွင်းရှိ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းနေရာအထိ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက် မြေဧရိယာ ၉ ဧကကျော်ပေါ်တွင် ကချင်ပြည်နယ်အစိုးရ အဖွဲ့က ညနေခင်းဈေး (Night Market) ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက်ပိုင်းက အဆိုပါညနေဈေးဖွင့်လှစ်နိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စီတာပူရပ်ကွက် မနောကွင်း အရှေ့ဘက်ရှိ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းနေရာသို့ သွားရောက်ပြီး ဧရာဝတီရှုုခင်းသာ အပန်းဖြေစခန်းနေရာအား သာယာလှပအောင် စတင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကမ်းနားလမ်းတစ်လျှောက် နေကြာဆက်လက်စိုက်ပျိုးနိုင်ရေးနှင့် ကမ်းနားလမ်းမှတစ်ဆင့် Myitkyina Night Market ညနေခင်းဈေး ဆောင်ရွက်သွားမည့် မြစ်ကမ်းဘေးမြေနေရာအား ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ Myitkyina Night Market ညနေခင်းဈေးအား မြစ်ကမ်းဘေးတစ်လျှောက်် မြေဧရိယာအတွင်း မြန်မာ့ရိုးရာ၊ ကချင်နှင့် ရှမ်းရိုးရာမုန့်နှင့် စားသောက်ဆိုင်ပေါင်း (၃၀)ကျော် လျာထားနေရာချထားမှု၊ စားသောက်ဆိုင်များအပြင် ကလေးကစားကွင်းပါ ထည့်သွင်းသတ်မှတ် နေရာချထားသွားမည့် အစီအစဉ်များ၊ ယာဉ်ရပ်နားကွင်းနေရာများအတွက် လျာထားသတ်မှတ် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြေဧရိယာတစ်ခုလုံး ရှင်းလင်းရေးလုပ်ငန်းများ နှင့် ရေ၊ မီးရရှိရေးအတွက် အခြေခံလုပ်ငန်းများ စတင်ဆောင်ရွက်ရွက်နိုင်ရေး လိုအပ်သည်များ ကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကမ်းနားလမ်း ကိုယ်ထူကိုယ်ထဆောင်ရွက်သွားမည့် အစီအစဉ်များကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြစ်ကြီးနားမြို့ ပလနကျေးရွာအုပ်စုအတွင်း ငွေပျော် စံပြကျေးရွာအနီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ဒေသတွင်း အသား/ ငါးစားသုံးမှု ဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် ဒေသတွင်း၌သာ မွေးမြူထုတ်လုပ်ရောင်းချ နိုင်ရေး အသားတိုးကြက်၊ ဝက်၊ နွားနှင့် ငါးမွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ မြေနေရာချထားပေးပြီး မွေးမြူဇုံ အငယ်အဖြစ်အကောင်အထည်ဖော်နိုင်ရေး မြေနေရာချထားမှု အခြေအနေများနှင့် မွေးမြူ ဆောင်ရွက်သွားမည့် အစီအစဉ်များကို စတင်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကာ အဆိုပါ မြေ ဧရိယာအတွင်း ကြက်မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်နေသည့် ပိုင်ရှင်ဦးသိန်းဟန်၏ အသားတိုး ကြက်မွေးမြူရေးခြံအတွင်း အသားတိုးကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်
https://t.me/iprdrnd/212116
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212116
93