TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #211809 456
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ် ဝါးပါးရေလှောင်တမံ ရေသိုလှောင်ပေးဝေနိုင်ရေး၊ သုဝဏ္ဏမွေးမြူရေးဇုန် ဆောင်ရွက်နေမှု၊ အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ) ၌ သင်တန်းများပို့ချနိုင်ရေးနှင့် သထုံမြို့နယ်အပူရှောင်စခန်း အမှတ် (၁) ဖွင့်လှစ်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး
 
‌‎သထုံ အောက်တိုဘာ ၁၃
 
‌‎မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရန်နှင့် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများ ရေသွင်းစိုက်ပျိုးနိုင်စေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သထုံမြို့နယ် ဝါးပါးရေလှောင်တမံသို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အယ်လ်နီညို ရာသီဥတုဖြစ်စဉ်အပေါ် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှုမရှိစေရေးအတွက် ရေလှောင်တမံ ရေပိုလွှဲအမြင့် (၃) ပေ မြှင့်တင်၍ ရေသိုလှောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။
 
‌‎ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေလှောင်တမံကြံ့ခိုင်မှုရှိစေရေးနှင့် ရေပေးဝေနိုင်ရေး စနစ်တကျ အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ ဝါးပါးရေလှောင်တမံနှင့် ရေပိုလွှဲတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
 
‌‎ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ၊ ကွင်းအမှတ်-၅၁၄၊ ကျီတီကွင်း၊ မြေဧရိယာ (၄၅) ဧကပေါ်တွင် သုဝဏ္ဏမွေးမြူရေးဇုန် ဆောင်ရွက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက မွေးမြူရေးဇုန်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အမှန်တကယ် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများကိုသာ ဦးစားပေးဆောင်ရွက်စေရန်နှင့် မွေးမြူရေးအမျိုးအစားပေါ်မူတည်၍ ဇုန်အလိုက် စနစ်တကျသတ်မှတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
 
‌‎ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ) သို့ သွားရောက်၍ သင်တန်းကျောင်းအုပ်ကြီး၏ သင်တန်းကျောင်း အချက်အလက်များနှင့် သင်တန်းအမျိုးအစားအလိုက် ပို့ချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားပြီး အဆိုပါသင်တန်းကျောင်း Rubber Technology Shop ရှိ စာတွေ့၊ လက်တွေ့ခန်းများအား ကြည့်ရှုစစ်ဆေး၍ သင်တန်းကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
 
‌‎ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြိး၊ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအနေဖြင့် အပူရှောင်စခန်း အမှတ် (၁) ဖွင့်လှစ်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 
ခရိုင် (ပြန်/ဆက်)

https://t.me/iprdrnd/211809

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 3
  • ❤ 1
More from @iprdrnd
  1. Oct 13, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံ…
  2. Oct 13, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံ…
  3. Oct 13, 2026photo post
  4. Oct 13, 2026ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလ…
  5. Oct 13, 2026ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလ…
  6. Oct 13, 2026ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သဘာဝမှပေးထားသည့် သာယာလှပသည့်ကမ်းခြေများ၊…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →